Powered By Blogger

Thursday 7 April 2011

အနန္တော အနန္တာ ဘယ်နှစ်ပါးရှိသလဲ

ကျွန်တော်ပေးထားတဲ့ ခေါင်းစဉ်က မေးခွန်းသဘောမျိုး ဖြစ်နေတယ်။ဒါပေမယ့် မေးခွန်းလို့ မမှတ်စေချင်ပါဘူး။ကျွန်တော့်
ရင်ထဲမှာ ဖြစ်နေတာကို သူငယ်ချင်းတို့နဲ့ ဆွေးနွေးတိုင်ပင်တာပါ။
        ကျွန်တော်တို့ မြန်မာနိုင်ငံက လမ်းဘေးတွေမှာ ဆိုင်းဘုတ်တွေကို သူငယ်ချင်းတို့ မြင်ဖူးကြမှာပါ။လိုင်းကားတွေပေါ်မှာ
ဈေးလိုနေရာမျိုးတွေ၊ရထားဘူတာလိုနေရာမျိုးတွေ၊သင်္ဘောဆိပ်လို နေရာမျိုးတွေ နေရာအနှံ့အပြားမှာ ဆိုင်းဘုတ်အမျိုး
မျိုးကို တွေ့မြင်ရတတ်ပါတယ်။ဥပမာ ကားတွေပေါ်မှာဆိုရင် လက်မထုတ်ရ၊ခေါင်းမပြူရ၊ကွမ်းတံတွေးမထွေးရ စုံနေတာပါပဲ။
လမ်းတွေပေါ်မှာ ဆိုရင်လည်း အမှိုက်မပစ်ရ၊ ဈေးမရောင်းရ၊သေးမပေါက်ရ၊သစ်ပင်မခုတ်ရ၊ရေမကူးရ၊ ငါးမမျှားရဆိုတာတွေက
တမျိုးပါ။ဒါတွေကတော့ ပြည်သူတွေကို စည်းကမ်းရှိအောင် သတိပေးထားတဲ့ ဆိုင်းဘုတ်တွေဆိုတော့ လိုက်နာသင့်ပါတယ်။
          ဒါမျိုးတွေကျတော့ နိုင်ငံတော် ဆိုင်းဘုတ်လို့ခေါ်ရင် ရမလား မပြောတတ်ဘူး။စည်ကမ်းရှိမှ တိုးတက်မည်။ဒါဟာ ဟုတ်ပါတယ်။ဘယ်နိုင်ငံသား ဘယ်လူမျိုးမဆို စည်းကမ်းရှိမှ တိုးတက်နိုင်ပါတယ်။မီးသတိပြု.... ဟုတ်ပါတယ် မီးလောင်မှု့
ကြောင့် နှစ်စဉ်နှစ်တိုင်း အိုးမဲ့ အိမ်မဲ့ဖြစ်ရတာ မနည်းပါဘူး။....  ဆိုင်းဘုတ်တွေအကြောင်း လိုက်ပြောနေမယ် ဆိုရင်တော့
ပြောလို့ဆုံးနိုင်မယ် မထင်တော့ပါဘူး။လိုရင်းကိုပဲ ပြောပါတော့မယ်။ ဒီဆိုင်းဘုတ်ကတော့ ကျွန်တော့်အနေနဲ့ လုံးဝ (လုံးဝ)
လက္ခံနိုင်စရာ အကြောင်းမရှိပါဘူး။လက္ခံနိုင်တဲ့ သူရှိရင်တော့ အောက်မှာ စာရေးထားခဲ့ပါ။           ။
  တပ်မတော်သာ အမိ၊တပ်မတော်သာ အဖ
  ဒီအပေါ်က စာကြောင်းကိုတော့ လုံးဝ လက်မခံနိုင်ပါဘူး။           ။
ဘာကြောင့် လက်မခံနိုင်တာလည်း ဆိုတာကို ဆက်ရှင်းပြပါ့မယ်။ဒီလိုပါ.......
      ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေမှာ အနန္တော အနန္တ ငါးပါးဆိုတာ ရှိပါတယ်။မာတာပီတုဂုဏော
အနန္တော ဆိုပြီးတော့ မိဘနှစ်ပါးကို ဘုရား၊တရား၊သံဃာနှင့် တဂိုဏ်တည်း ထားပြီးတော့ ကိုးကွယ်
တာ ဗုဒ္ဓဘာသာ တခုတည်းသာ ရှိပါလိမ့်မယ်။အခုတော့ ဘုရားနှင့်တဂိုဏ်းတည်း ထားသော မိဘ
နေရာမှာ ဒီတပ်မတော် ဆိုတာကြီးကို အစားထိုးလိုက်ရမှာလား..????????????????????????
အစားထိုးလိုက်မယ် ဆိုရင်တော့ တပ်မတော်ဂုဏော အနန္တော လို့သာ ပြောင်းဆိုလိုက်ပါ။ဒါမှမဟုတ်
တပ်မတော်သာ အမိ၊တပ်မတော်သာ အဖ ဆိုတာကိုလက္ခံတယ်  မိလကိုလည်း မပစ်ပယ်နိုင်ဘူး ဆိုရင် ခင်ဗျားး တို့အတွက်ကတော့ အနန္တော အနန္တ ခြောက်ပါးပေါ့ဗျာ...
  အရင်တုန်းက ကြားဖူးတာကတော့ ပြည်သူသာအမိ၊ ပြည်သူသာ အဖ ဒီလိုပဲ ကြားဖူးတယ်။အခု
တော့ ပြောင်းပြန်တွေ ဖြစ်ကုန်ပြီ။အရင်က တပ်မတော်နေ့ဆိုတာ မကြားဖူးဘူး။တော်လှန်ရေးနေ့
ပဲကြားဖူးတယ်။ အခုတော့ တပ်မတော်နေ့တဲ့ တော်တော် ရယ်စရာကောင်းတယ်။
  စစ်တပ်ဆိုတာ ပြည်သူကို ကာကွယ်ဖို့၊ တိုင်းပြည်ကို ကာကွယ်ဖို့ ဖွဲ့စည်းထားတာပါ။အခုတော့
ပြည်သူရော ကျောင်းသားရော ဘုန်းကြီးတွေတောင်ပါသေးတယ်။ ပစ်မယ် သတ်မယ် ငါ့အာဏာ
တည်မြဲဖို့ အတွက်ဆိုရင် ဘာကိုမှ မကြောက်မရွံ့ နောက်မဆုတ်ပဲလုပ်မည့်သူတွေက အခုတပ်မ
တော်ဆိုတာကြီးကို ဦးဆောင်နေတာ။ဒီလိုတပ်မတော်ကြီးကို သူငယ်ချင်းရဲ့ ကျေးဇူးရှင်မိဘနှစ်ပါး
နေရာမှာ အစားထိုးသင့်သလား??? အစားထိုးနိုင်မလား???
အခုဆိုရင် သူများနိုင်ငံတွေမှာ အာဏာရှင် စနစ်တွေကျဆုံးကုန်ပါပြီ။သူတို့ တိုင်းပြည်က ပြည်သူ
တွေ စည်းလုံးညီညွတ်စွာနဲ့ တက်ညီလက်ညီ တော်လှန်တိုက်ပွဲဝင်ခဲ့ကြလို့ပါပဲ။ကျွန်တော်တို့ မြန်မာ
ပြည်ကရော ဘယ်လိုလည်း  ဘယ်တော့လည်း။အမှန်တော့ တိုက်ပွဲဝင်နေတာ ကြာလှပေါ့။ဘာလို့
မအောင်မြင်ရတာလည်း ဆိုရင်တော့ စည်းလုံးမှုမရှိလို့ မအောင်မြင်ရတာလို့ပဲ မြင်ပါတယ်။အား
မနာတမ်း ပြောရမယ်ဆိုရင် ကမ္ဘာမှာ မြန်မာလူမျိုးတွေဟာ စည်းကမ်းမရှိဆုံးလို့ ပြောလိုက်ချင်
တယ်။လုပ်ပိုင်ခွင့်လေး တလက္မလောက်ရှိရင် တမိုင်ဖိုးလောက် အာဏာပြချင်တယ်။ကိုယ့်လူမျိုးအ
ချင်းချင်း ဝိုင်းဝန်းလို့ ဖေးမကူညီမယ် မဟုတ်ဘူး။ဘာမှ သုံးစားလို့မရတဲ့ ဘဝင်ကလည်း မြင့်ချင်
သေးတယ်။သေရင်မြေကြီးထဲကို ရောက်ရင်ရောက်  မီးခိုးနဲ့ ပြာကျန်ခဲ့မှာချင်း အတူတူကို။
ပြောရင်းနဲ့ ဘေးကိုရောက်ကုန်ပြီ။လိုရင်းကို ပြန်သွားလိုက်ရအောင်။ဒီစစ်အာဏာရှင်တွေ အုပ်ချုပ်
နေသမျှ ကာလပတ်လုံး လူ့အခွင့်အရေး ဆိုတာကိုလည်း ဘာမှမသိ၊လူသားတယောက်ရဲ့လွတ်လပ်
ခွင့်ဆိုတာကလည်း ဘာမှမရှိ။သူတို့ ပြဠာန်းထားတဲ့ မတရားတဲ့ ဥပဒေတွေရဲ့ အောက်မှာ ကျွန်တော်တို့ ဘဝတွေကိုပဲ အဆုံးခံနိုင်မယ်။ကျွန်တော်တို့ရဲ့ သားစဉ်မြေးဆက် နောင်လာနောင်
သားတွေရဲ့ ဘဝကို ကျွန်တော်တို့လို ခေတ်ဆိုး စနစ်ဆိုးကြီးရဲ့ အောက်မှာ လူဖြစ်မှာကို မလိုလားဘူး။ဒီတော့ ............
      ကျွန်တော်တို့ရဲ့ ဘဝတွေကို နောင်လာနောင်သားတွေနဲ့ သားစဉ်မြေးဆက်တွေ အတွက်
                ပေးဆပ်လိုက်ကြပါစို့..........
written by....trueornot

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes