Powered By Blogger

Tuesday 24 January 2012

နှစ်ကူးပိတ်ရက် ခရီးထွက်ခဲ့





တရုတ်နှစ်ကူးမှာ ကျွန်တော်ပြုလုပ်ခဲ့ အကြောင်းအရာလေးကို တင်တဲ့ပို့စ်လို ဒီပို့စ်ကို ပြောလို့ရပါတယ်

   
 ဒါကတော့ ပထမနေ့က သူများတွေ လာကပ်တဲ့ ဆွမ်းကို ကျွန်တော်တို့က ဘုန်းကြီးကျောင်းသားအနေနဲ့    ဝိုင်းလုပ်ပေးတာပါ။(ရေနွေးငှဲ့ပေးနေတာ ကျွန်တော်မဟုတ်ပါဘူး)






 ဒါကတော့ ကျွန်တော်တို့ အသင်းရဲ့ တနှစ်ပြည့် အစည်းအဝေးပွဲကျင်းပနေတာပါ။


 တရုတ်နှစ်ကူးမှာ ရဟန်းလာဝတ်နေသူတွေကို ဆံချပေးနေတာပါ။






ဆရာတော်များမှ ကမ္မဝါစာ ရွတ်နေတာပါ။
ဆရာတော်များကို အာရုဏ်ဆွမ်းအဖြစ် ကြာဆံကြော် ကပ်လှူနေတာပါ။ အခုမြင်နေရတဲ့ စပို့ရှပ်အနီရောင်နဲ့ အစ်မကြီးကို ဘာလူမျိုးလို့ ထင်ပါသလဲ?????? အဲဒါ အင်ဒိုနီးရှား အစ်မကြီးပါ။သူ့အမျိုးသားက မြန်မာဆိုတော့ သူလည်းမနေသာဘူးထင်ပါရဲ့။ကြာဆံကြော်ကို အဲဒီအစ်မကြီး ကိုယ်တိုင်ကြော်တာပါ။ညကလည်းတညလုံးဟင်းတွေ သူကိုယ်တိုင်ချက်နေတာပါ။တချို့ ဘုန်းကြီးကျောင်း တောင်မရောက်ဘူးတဲ့ ဗုဒ္ဓဘာသာ စုံတွဲတွေ အများကြီးပါ။

နေ့ဆွမ်းကပ်တော့လည်း အဲဒီအစ်မကြီး ပါတာပါပဲ။

ဒီနှစ်ယောက်ကတော့ ယောဂီ လာဝတ်တဲ့သူ နှစ်ယောက်ပါ။





နေ့လည်ပိုင်း တရားနာယူနေကြသူများ။
kuantan မြို့နားက ကျောက်လှိုင်ဂူအတွင်း ကိန်းဝပ်သီတင်းသုံးနေတဲ့ လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်အား သွးရောက်ဖူးမျှော်ရန် ကားဖြင့်ထွက်ခွာလာကြသူများ။







kuantan မြို့နားတွင်ရှိသော တရုတ်ဘုံကျောင်းအတွင်းသို့လည်း တစ်ခေါက်။
ကားပေါ်ကနေ ဒီကျောက်တောင်မြင်တော့ ငါတို့သွားမယ့်နေရာဟာ ဒီနေရာပဲ ဖြစ်ရမယ်လို့ စိတ်ထဲက အထင်နဲ့ ဓာတ်ပုံလှမ်းရိုက်ခဲ့တာ ဟိုရောက်တော့ လုံးဝကွက်တိပါပဲ။
တောင်ခြေကို ရောက်ပါပြီ။
မလေးစာနဲ့ အင်္ဂလိပ်စာ နှစ်မျိုးရေးထားတဲ့ ကျောက်တိုင်ပါ။


လှေကားထစ်ပေါင်း တစ်ရာလောက်တက်ပြီးတဲ့နောက်မှာ တွေ့ရတဲ့ တရုတ်တွေ တည်ထားသော ကျောင်းဆောင်တွေပါ။
ဒီလိုလှေကားထစ်တွေနဲ့ ကောက်လှေကားတွေကို တက်ရတာပါ။

ကျောက်လှိုင်ဂူအတွင်းထဲကို ပြန်ဆင်းနေတာပါ။
    ကျောက်လှိုင်ဂူအတွင်း ပထမဆုံးတွေ့ရတာကတော့ ကုလားဘုရားပါ။
ကုလားမယ်တော်ထင်ပါတယ်။ အိုးတွေခွက်တွေပါ တွေ့ရတယ် ။ကုလားဘုန်းကြီးတွေ ထမင်းချက်စားပုံရတယ်။
ဘုရားကို လှမ်းမြင်ရတော့မှ တွေ့ရတဲ့ တခုတည်းသော လမ်းညွှန်။
ဘုရားနားကို မရောက်မှီ။
















ကျွန်တော်တို့တတွေ ဘုရားကြီးကို ရေ သပ္ပါယ်တယ် တက်နေတဲ့ ချေးညော်တွေကို ပြောင်စင်အောင် ဆေးကြောပေးတယ်။သစ်သီးဆွမ်းတွေ ကပ်တယ်။ဆီမီးတွေ နံ့သာတိုင်တွေနဲ့ ပူဇော်တယ်။ပြီးတော့ ကြာသင်္ကန်းကပ်လှူတယ်။
အပေါ်အလင်းရောင် ဖြာကျနေတာကို တွေ့ရမယ်ထင်ပါတယ်။အဲဒါ မီးထိုးထားတာ မဟုတ်ပါဘူး ဗျာ။        သဘာဝအပေါက်လား၊လူတွေ ပြုလုပ်ထားတာလားတော့ မသိဘူး။နေထွက်ကနေ နေဝင်အထိ ဘုရားမျက်နှာတော်ကို အမြဲတမ်း အလင်းရောင်ကျရောက်နေလေ့ ရှိပါတယ်တဲ့။






ကျောက်လှိုင်ဂူအတွင်းပိုင်းက နံရံတွေပါ။ရေကျများတဲ့နေရာဆို အဲလို စည်မျိုးနဲ့ ရေခံထားရပါတယ်။

တောင်ခြေက ဆိုင်ဘုတ်တွေပါ ဆေးတောင် ပျက်နေပါပြီ။  ကဲကျွန်တော်တော့ သွားရောက်ဖူးမျှော်ခဲ့ပြီးပြီဗျာ။သူတော်ကောင်းအပေါင်းတို့လည်း အခွင့်အခါသင့်ရင် သွားရောက်ဖူးမျှော်စေချင်ပါတယ်။ကျောက်လှိုင်ဂူအတွင်းမှာ စေတီတည်ထားဖို့လည်း အစီအစဉ် ရှိပါတယ်။ငွေအားး လူအားး တွေလည်း အများလိုအပ်နေပါတယ်။ဒီရုပ်ပွားတော်ကြီးကို ဒုတိယ ကမ္ဘာစစ်    မဖြစ်ခင်ကတည်းက တည်ထားခဲ့တယ်လို့ ဆိုပါတယ်။







အပြန်မှာတော့ kuantanက ပင်လယ်ကမ်းခြေကို ဝင်ရောက်ခဲ့ပါသေးတယ်









ဒီလိုပျော်စရာ အစီအစဉ်တွေနဲ့ ပျော်ရွှင်လို့ ညနေခြောက်နာရီမှာတော့ kLကို ပြန်ခဲ့ပါတော့တယ်။အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာနိုင်ကြပါစေ။          ။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes