Powered By Blogger

Thursday 31 March 2011

မင်းကျင့်တရား ဆယ်ပါး(ရာဇောဝါဒ သုတ္တန်)

  ကျွန်တော်တို့ မြန်မာလူမျိုးတွေမှာ ကျင့်ဝတ်တွေ အများကြီးရှိကြပါတယ်။မိဘကျင့်ဝတ်၊ သားသမီးကျင့်ဝတ်၊ဆရာကျင့်ဝတ်၊တပည့်ကျင့်ဝတ်
အများကြီးပါပဲ။အခုကတော့ မင်းကျင့်တရားဆိုတာကို ရေးမှာပါ။သိပြီးသားသူတွေရှိသလို မသိသေးသော သူများလည်း ရှိနိုင်ပါတယ်။မသိ
သေးသော သူများအတွက်ပါ။
     မင်းဆိုတာကတော့ အထွေအထူး ရှင်းပြနေစရာ မလိုပါဘူး။တိုင်းပြည်ကို အုပ်ချုပ်သောသူတွေကို မင်းလို့ခေါ်ဆိုနိုင်ပါတယ်။သမ္မတ၊ဝန်
ကြီးချုပ်၊ဗိုလ်ချုပ်မှူးကြီးတွေ အားလုံးအကျူးဝင်ပါတယ်။၈၈/၈၉ လောက်က အမရပူရမြို့မှာ မင်းကျင့်တရား ဆယ်ပါးဆိုပြီးတော့ သီတဂူ
ဆရာတော်ဘုရား ဟောကြားခဲ့ပါတယ်။တိပ်ခွေတွေလည်း ထွက်ခဲ့ပါတယ်။တရားဝင်တော့ မဟုတ်လောက်ပါဘူး။ဆရာတော် ဟောကြားခဲ့
သော တရားတော်ထဲကနေ အကျဉ်းရုံးပြီး ပြန်လည်တင်ပြပေးတာပါ။
၁။ ဒါန
၂။ သီလ
၃။ ပရိစာဂ
၎။ အဇ္ဖ၀ံ
၅။ မဒ္ဒ၀ံ
၆။ တပံ
၇။ အကောဇံ
၈။ အ၀ိဟိံသံ
၉။ ခန္တီ
၁၀။ အ၀ိရောဓနံ  ဒါက ပါဠိလိုပါ။

1. အလှူပေးခြင်း
2. ငါးပါးသီလ ဆောက်တည်ခြင်း
3. ပေးကမ်း စွန့်ကြဲခြင်း
4. ဖြောင့်မတ်ခြင်း
5. နူးညံခြင်း
6. ရှစ်ပါးသီလ ဆောက်တည်ခြင်း
7. အမျက်မထွက်ခြင်း
8. ပြည်သူတို့ကို မညှဉ်းဆဲခြင်း
9. သည်းခံခြင်း
10. ပြည်သူတို့နှင့် မဆန့်ကျင်ခြင်း  မြန်မာလို အဓိပ္ပါယ်ပါ။

ဒီလိုလည်း ပြောလို့ရပါသေးတယ်။
၁။ ရက်ရောမှု လွပ်လပ်မှုရှိပြီး တစ်ကိုယ်ကောင်းမဆန်ခြင်း။
၂။ အကျင့်သီလ အဆင့်မြင့်ကောင်းမွန်ခြင်း။
၃။ တိုင်းသူပြည်သားများ၏ ဘ၀သက်သာချောင်ချိရေးအတွက် မိမိ၏ကိုယ်ကျိုးအတ္တကို စွန့်လွတ်အနစ်နာခံခြင်း။
၎။ ရိုးသားဖြောင့်မတ်ပြီး အကြွင်းမဲ့ဂုဏ်သိက္ခာရှိခြင်း။
၅။ ကြင်နာသနားတတ်ခြင်း။
၆။ တိုင်းသူပြည်သားများအားကျလောက်ေ
အာင် မိမိ၏ ဘ၀အနေအထိုင်ရိုးသားခြင်း။
၇။ အမျက်ဒေါသကင်းစင်ခြင်း။
၈။ အကြမ်းမဖက်ခြင်း။
၉။ သည်းခံတတ်ခြင်း။
၁၀။ ပြည်သူလူထု၏ ထင်မြင်ယူဆချက်များကို လေးစားစွာ ငြိမ်းချမ်းရေးနှင့်ညီညွတ်မှုကိ
ု မြှင့်တင်ခြင်း။
ဆရာတော်ဘုရားကတော့ နံပါတ် ၁၀ ကအရေးအကြီးဆုံးလို့ ဟောကြားခဲ့ပါတယ်။
       အခုဆိုရင် ကျွန်တော်တို့ နိုင်ငံမှာ သမ္မတတွေ ဘာတွေနဲ့ဖြစ်လာပါပြီ။ ဒီမင်းကျင့်တရား ဆယ်ပါးကိုသာ အပြည့်အဝ
ကျင့်ကြံမယ်ဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့။


ဒီပို့စ်အတွက် အကူအညီပေးခဲ့သော သားပေါက်အား အထူးကျေးဇူးတင်ရှိပါသည်။     ။

1 comments:

kokokokoko said...

true

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes