Powered By Blogger

Thursday 31 March 2011

မင်းကျင့်တရား ဆယ်ပါး(ရာဇောဝါဒ သုတ္တန်)

  ကျွန်တော်တို့ မြန်မာလူမျိုးတွေမှာ ကျင့်ဝတ်တွေ အများကြီးရှိကြပါတယ်။မိဘကျင့်ဝတ်၊ သားသမီးကျင့်ဝတ်၊ဆရာကျင့်ဝတ်၊တပည့်ကျင့်ဝတ်
အများကြီးပါပဲ။အခုကတော့ မင်းကျင့်တရားဆိုတာကို ရေးမှာပါ။သိပြီးသားသူတွေရှိသလို မသိသေးသော သူများလည်း ရှိနိုင်ပါတယ်။မသိ
သေးသော သူများအတွက်ပါ။
     မင်းဆိုတာကတော့ အထွေအထူး ရှင်းပြနေစရာ မလိုပါဘူး။တိုင်းပြည်ကို အုပ်ချုပ်သောသူတွေကို မင်းလို့ခေါ်ဆိုနိုင်ပါတယ်။သမ္မတ၊ဝန်
ကြီးချုပ်၊ဗိုလ်ချုပ်မှူးကြီးတွေ အားလုံးအကျူးဝင်ပါတယ်။၈၈/၈၉ လောက်က အမရပူရမြို့မှာ မင်းကျင့်တရား ဆယ်ပါးဆိုပြီးတော့ သီတဂူ
ဆရာတော်ဘုရား ဟောကြားခဲ့ပါတယ်။တိပ်ခွေတွေလည်း ထွက်ခဲ့ပါတယ်။တရားဝင်တော့ မဟုတ်လောက်ပါဘူး။ဆရာတော် ဟောကြားခဲ့
သော တရားတော်ထဲကနေ အကျဉ်းရုံးပြီး ပြန်လည်တင်ပြပေးတာပါ။
၁။ ဒါန
၂။ သီလ
၃။ ပရိစာဂ
၎။ အဇ္ဖ၀ံ
၅။ မဒ္ဒ၀ံ
၆။ တပံ
၇။ အကောဇံ
၈။ အ၀ိဟိံသံ
၉။ ခန္တီ
၁၀။ အ၀ိရောဓနံ  ဒါက ပါဠိလိုပါ။

1. အလှူပေးခြင်း
2. ငါးပါးသီလ ဆောက်တည်ခြင်း
3. ပေးကမ်း စွန့်ကြဲခြင်း
4. ဖြောင့်မတ်ခြင်း
5. နူးညံခြင်း
6. ရှစ်ပါးသီလ ဆောက်တည်ခြင်း
7. အမျက်မထွက်ခြင်း
8. ပြည်သူတို့ကို မညှဉ်းဆဲခြင်း
9. သည်းခံခြင်း
10. ပြည်သူတို့နှင့် မဆန့်ကျင်ခြင်း  မြန်မာလို အဓိပ္ပါယ်ပါ။

ဒီလိုလည်း ပြောလို့ရပါသေးတယ်။
၁။ ရက်ရောမှု လွပ်လပ်မှုရှိပြီး တစ်ကိုယ်ကောင်းမဆန်ခြင်း။
၂။ အကျင့်သီလ အဆင့်မြင့်ကောင်းမွန်ခြင်း။
၃။ တိုင်းသူပြည်သားများ၏ ဘ၀သက်သာချောင်ချိရေးအတွက် မိမိ၏ကိုယ်ကျိုးအတ္တကို စွန့်လွတ်အနစ်နာခံခြင်း။
၎။ ရိုးသားဖြောင့်မတ်ပြီး အကြွင်းမဲ့ဂုဏ်သိက္ခာရှိခြင်း။
၅။ ကြင်နာသနားတတ်ခြင်း။
၆။ တိုင်းသူပြည်သားများအားကျလောက်ေ
အာင် မိမိ၏ ဘ၀အနေအထိုင်ရိုးသားခြင်း။
၇။ အမျက်ဒေါသကင်းစင်ခြင်း။
၈။ အကြမ်းမဖက်ခြင်း။
၉။ သည်းခံတတ်ခြင်း။
၁၀။ ပြည်သူလူထု၏ ထင်မြင်ယူဆချက်များကို လေးစားစွာ ငြိမ်းချမ်းရေးနှင့်ညီညွတ်မှုကိ
ု မြှင့်တင်ခြင်း။
ဆရာတော်ဘုရားကတော့ နံပါတ် ၁၀ ကအရေးအကြီးဆုံးလို့ ဟောကြားခဲ့ပါတယ်။
       အခုဆိုရင် ကျွန်တော်တို့ နိုင်ငံမှာ သမ္မတတွေ ဘာတွေနဲ့ဖြစ်လာပါပြီ။ ဒီမင်းကျင့်တရား ဆယ်ပါးကိုသာ အပြည့်အဝ
ကျင့်ကြံမယ်ဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့။


ဒီပို့စ်အတွက် အကူအညီပေးခဲ့သော သားပေါက်အား အထူးကျေးဇူးတင်ရှိပါသည်။     ။

Monday 21 March 2011

အကူအညီပေးကြပါ

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေ ရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အကူအညီပေးဖို့ စင်္ကာပူနိုင်ငံရောက် မြန်မာတွေ စတင် ဆောင်ရွက်နေပြီလို့ သိရပါတယ်။

လတ်တလော စင်္ကာပူရောက် မြန်မာတွေ လစဉ် အကူအညီပေးမယ့် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၃၄ ဦး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ အတွင်းက NLDပါတီ ရုံးချုပ်မှာ နိုင်ငံရေးအကျဉ်းသားတွေကို လစဉ် အကူ အညီပေးရေး လုပ်ငန်းတွေအတွက် မဲနှိုက်ခွဲဝေ တာဝန်ယူတဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ရာမှာ အကျဉ်းသား ၄ ရာ ကျော်ကို အကူအညီပေးမယ့်သူတွေ ပေါ်ပေါက်ခဲ့အပြီး ကျန်တဲ့ အကျဉ်းသားတွေထဲက ၃၄ ဦးကို စင်္ကာပူ ရောက် မြန်မာတွေက တာဝန်ယူလိုက်တာဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုအတွက် ဆောင်ရွက်နေတဲ့ ဦးတင်မောင်ဝင်းက အခုလို ပြောပါတယ်။

“မြန်မာပြည်မှာရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အကုန်လုံး ဒုက္ခအခက်အခဲနဲ့ ကြုံနေရတယ်လေ။ ဒါကြောင့် ကျနော်တို့ စုပြီးတော့ စကားပြောလိုက်တဲ့အခါကျတော့ ငါတို့လည်း မဲနှိုက်ပြီး တာဝန်ယူမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ စဉ်းစားခဲ့ကြတာပါ”

နိုင်ငံရေး အကျဉ်းသားတွေကို ကူညီဖို့ လာပြီး စာရင်းပေးသူတွေထဲမှာ စင်္ကာပူမှာ ကျောင်းတက်နေတဲ့ မြန်မာ ကျောင်းသားတွေ၊ အလုပ်သမားတွေ၊ ပညာရှင်တွေ စသဖြင့် လူတန်းစား အသီးသီး ပါဝင်တယ်လို့ သိရပါတယ်။ နိုင်ငံရေး အျဉ်းသားတွေ အကျဉ်းထောင်တွေထဲမှာ လိုအပ်တဲ့ ဆေးဝါး အသုံးအဆောင် ကစပြီး လစဉ် လှူဒါန်း ကြမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး ခံယူချက်ကြောင့် အကျဉ်းကျနေသူ ၂ ထောင်ကျော် ရှိနေတယ်လို့ AAPP-B နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)ရဲ့ စာရင်းအရသိရပါတယ်။ ဒါပေမယ့် အာဏာပိုင် တွေကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိဘူးလို့ ငြင်းဆိုလေ့ရှိပါတယ်။

စင်္ကာပူရောက် မြန်မာတွေရဲ့ အကူအညီပေးရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး လှုပ်ရှားဆောင်ရွက်နေသူ ဦးအုန်းခင်ကို ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။





http://http://www.arzarni.blogspot.com/

ဒီပေါ်ကဆိုက်ဒ်ကနေ တဆင့်ပြန်ည်ကူးယူဖေါ်ပြတာပါ

Sunday 20 March 2011

မော်နီတာကို ကြာကြာာကြည့်လို့ရအောင်

ကွန်ပြူတာနဲ့ အမြဲတစေ ထိတွေ့ကိုင်တွယ် အသုံးပြုနေရတဲ့ ညီအစ်ကိုမောင်နှမတွေအတွက် ကျန်းမာရေးအရ အသုံးတည့်မယ့် ဆော့ဖ်ဝဲလ်လေးတစ်ခု လက်ဆင့်ကမ်းမျှဝေချင်ပါတယ်.

ကွန်ပြူတာကို အမြဲလိုလိုအသုံးပြုနေရသူတွေမှာ ဖြစ်တတ်တာတွေက အညောင်းမိတာ၊ ခါးနာတာ၊ မျက်ရည်ပူတွေ ကျလာတာ စတဲ့လက္ခဏာတွေဖြစ်တတ်ပါတယ်. ခါးနာတာတို့ အညောင်းမိတာတို့အတွက် နောက်ဆုံးပေါ် memory foam လို့ခေါ်တဲ့ ခေါင်းအုံးလေးတွေ၊ ကျောမှီလေးတွေနဲ့ အဆင်ပြေအောင် ပြုပြင်လို့ရပါတယ်.




မျက်စိညောင်းတာ၊ မျက်ရည်ပူကျတာတွေကို ကာကွယ်ဖို့အတွက်ကတော့ ကျွန်တော်တို့တွေ သိပ်ပြီး အာရုံစိုက်လေ့ မရှိတတ်ကြပါဘူး. ကျွန်တော်ဒီနေ့ ပြောချင်တာကတော့ အဲဒီ့ ပြဿနာပါပဲ.

များသောအားဖြင့် မျက်စိကို မထိခိုက်စေချင်ရင် မော်နီတာရှေ့မှာ Filter အပြားလေးခံလို့ရပါတယ်. ဒါပေမယ့် အဲဒါက Desktop monitor အကြီးကြီးတွေ သုံးသူတွေအတွက်ပဲ အသုံးဝင်မှာပါ. Laptop ကွန်ပြူတာလေးတွေ သုံးနေသူတွေအတွက်ကတော့ မော်နီတာရှေ့မှာ Filter ပြားခံဖို့ အဆင်မပြေနိုင်ပါဘူး. ဒါကြောင့် အခု ကျွန်တော်ပေးမယ့် ဆော့ဖ်ဝဲလ်လေးကို အင်စတောလ်လုပ်လိုက်ရင် ဒီပြဿနာကို ဖြေရှင်းပြီးသားဖြစ်သွားမယ့်အပြင် ရေရှည်အတွက်လည်း အကျိုးများစေပါလိမ့်မယ်.

နာမည်က F.lux ပါ. သူ့ရဲ့ အထူးပြုအကြောင်းအရာကတော့ မော်နီတာတွေအတွက် အလင်းရောင်ကို အလိုအလျှောက်ချိန်ပေးတာပါပဲ.

နေ့ခင်းမှာ နေ့ခင်းအလျှောက်၊ ညနေခင်း အလင်းရောင်နည်းသွားချိန်မှာ နည်းသွားတဲ့အလျှောက်၊ ညဉ့်နက်သန်းခေါင် သန်းလွဲအချိန်မှာလည်း သူ့အချိန်အခါအလျှောက် ရှိသင့်တဲ့အလင်းရောင်ပမာဏကို ချိန်ပေးသွားတာပါ.

Download Links:

1. For XP/Vista/Windows 7 Users

2. For Mac OS X

3. For Linux Users



သုံးစွဲကြည့်လိုက်ပါ. ကြိုက်ရင်ဆက်သုံးပါ. မိတ်ဆွေသူငယ်ချင်းအပေါင်းအသင်းတွေကိုလည်း မျှဝေပေးလိုက်ပါ.

မကြိုက်ရင်တော့ ပြန်ဖြုတ်လိုက်ပါ. No Big Deal!

း)

အားလုံးပဲ ကိုယ်ပိုင်ဆိုင်တဲ့ မော်နီတာလေးတွေကို အားရပါးရ မျက်စိမညောင်းတမ်း ရှုစားအရသာခံနိုင်ကြပါစေဗျားးးးး


ရန်အောင်ဘလော့မှ ကူးယူဖေါ်ပြပါသည်။   ။

http://http://www.yanaung.net/2010/10/blog-post_18.html?showComment...

သိသောသူများ ဖြေပေးပါ (၁)

သူငယ်ချင်းတွေကိုမေးတာပါ သိရင်ဖြေပေးစေလိုပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာ ခရီးသွားရင်
မှတ်ပုံတင်ယူသွားရပါတယ် နေရာတော်တော်များများမှာ မှတ်ပုံတင်ကိုပြရပါတယ်
မပြနိုင်ရင်တော့ သိတဲ့အတိုင်းပေါ့လေ..........နောက်တခုက
ခရီးသွားထောက်ခံစာယူရပါတယ် ဒါတောင်နေရာတိုင်းကို သွားလို့မရပါ ဥပမာ
ကော့သောင်းတို့ မြဝတီတို့ဆိုရင် မှတ်ပုံတင်နဲ့ မလုံလောက်တော့ပါ
ထုံးစံအတိုင်းလုပ်ရပါတယ် ဒါဘာကြောင့်လဲ???????????မြန်မာနိုင်ငံသားတယောက်
မြန်မာနိုင်ငံထဲမှာ ဘာကြောင့်လွတ်လပ်စွာ သွားလို့မရတာလဲ?????????နောက်တခုက
ဧည့်စာရင်းတိုင်ရတာပါ
ဘာကြောင့်တိုင်ရတာလဲ???????သူများနိုင်ငံတွေမှာ
ဧည့်စာရင်းတိုင်ရတယ် ဆိုတာကိုမကြားဘူးပါ တရားဥပဒေ
စိုးမိုးရေးအတွက်တိုင်ရတာလားတကယ်ရော စိုးမိုးရဲ့လား ဒီနေရာမှာ ကြုံလို့
ကျွန်တော်တခုပြောပြမယ် ဧည့်စာရင်းကိုဘာကြောင့်တိုင်ရတယ် မသိပေမယ့်
ကျွန်တော်တို့ရက်ကွက် လူကြီးကတော့ တနှစ်အတွင်းမှာ တိုက်ဆောက်လိုက်တာကိုတော့
ကျွန်တော်သိလိုက်တယ်(ကျွန်တော်တို့ရပ်ကွက်မှာ ဘော်ဒါဆောင်တွေလည်း
များလို့နေမှာပါ)ကျွန်တော် ဒီလိုမေးလိုက်လို့ မြန်မာနိုင်ငံကို
မချစ်တာလားလို့တော့ မထင်စေလိုပါ ကျွန်တော်လဲ သူငယ်ချင်းတို့လိုပဲ
မြန်မာနိုင်ငံကို တကယ်ချစ်ပါတယ် အခုဟာက တကယ်မသိလို့မေးလိုက်တာပါ...


ကျေးဇူးပြု၍ဖြေပေးပါ

Saturday 19 March 2011

တို့ရဲ့ သတင်းစာ

န်ာဒီအကြောင်းတွေကို အစကတော့ မပြောဘူးလို့စိတ်ကူးထားတာ အခုတော့မရတော့ဘူး ပြောမှကိုဖြစ်တော့မယ်
ခင်ဗျားတို့တွေ မြန်မာနိုင်ငံသား မဟုတ်ဘူးလား မြန်မာပြည်မှာ ကြီးပြင်းပြီးတော့ အခုတော့ပြောနေလိုက်ကြတာ ဘာမှကိုရစရာမရှိတော့
ဘူး ခင်ဗျားတို့တွေ အွန်လိုင်းပေါ်တက်ဖူးတယ် ဆိုပြီးတော့ မဟုတ်တာတွေမပြောပါနဲ့ နောက်နိုင်ငံခြားကိုရောက် ဖူးတယ်ဆိုပြီးတော့ စိတ်ထဲ ထင်နေတာတွေကို ရမ်းမပြောပါနဲ့ နောက်ရေဒီယို နားထောင်ပြီးတော့ တောပြောတောင်ပြောတွေ ပြောမနေကြပါနဲ့

ကျွန်တော်တို့မြန်မာပြည်က ထုတ်ဝေတဲ့သတင်းစာတွေမှာ သတင်းမှန်တွေကို ထည့်သွင်းပေးတာပါ အားလုံးကအမှန်တွေပါ မယုံရင်
ဟောဒီမှာဗျာ ဖတ်ကြည့်ပါ ဒါတွေကသတင်းအမှန်တွေပါ ကျန်တာတွေကတော့....ဟဲ ဟဲ..တိဝူးဂျာ

၁၊ ၊နေ့စွဲ (မြန်မာ, အင်္ဂလိပ်)

၂၊ ၊မဂ်လာဆောင် ၊မွေးနေ့ကြော်ငြာ

၃၊ ၊စေ့စပ်ကြောင်းလမ်းပြီးစီးခြင်း ၊အမွေပြတ်စွတ်လွှတ်ခြင်း

၎၊ ၊နာရေးကြော်ငြာ ...တို့ဖြစ်ပါတယ်

ကဲ..ဘယ်သူငြင်းမလဲ .....သတင်းအမှန်တွေပါဆို ခွီး....ခွီး....ခွီး......


ဒို့အာဇာနည် သတင်းဆိုဒ်တွင်တင်ထားသော သတင်းလေးကို သဘောကျ၍ အနည်းငယ်ပြင်ဆင်ရေးသား တင်ပြပေးလိုက်တာပါ

ဗိုလ်ချုပ်မှူးကြီးအတွက် မွေးနေ့ဆုတောင်ဲး

January 22 က ဦးသန့် မွေးနေ့
February 13 က ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့
June 19 က အမေ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့
October 18 က ကိုမင်းကိုနိုင် မွေးနေ့
November 29 က အမေလူထု ဒေါ်အမာ မွေးနေ့

ဒီအပေါ်ကလူတွေမွေးနေ့ကျတော့ လူတွေဆုတောင်းပေးလိုက်ကျတာ တချို့ဆိုရင် ဆုတောင်းလို့ အထဲတောင်
ရောက်သွားတယ် ဒါပေမယ့် သူတို့ မေတ္တာမပျက်ကြဘူး
အခုကျွန်တော်ပြောချင်တာက ကျွန်တော်တို့ရဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကျတော့ ဘယ်သူမှ ဆုမတောင်းပေးဘူး
မွေးနေ့ကို မသိတာလဲ ဖြစ်နိုင်ပါတယ် ဘာဖြစ်ဖြစ်ပေါ့ သူ့အတွက်လဲ ကျွန်တော်တို့ ဆုတောင်းပေးသင့်တယ်လို့ ထင်
တယ်လေ ဒါမှ တရားမျှတမှာပေါ့ ကိုယ်ဆုတောင်းတဲ့နေ့က သူ့မွေးနေ့လို့ သဘောထားလိုက်ပေါ့ဗျာ...
ကဲ သူငယ်ချင်းတို့ရေ ...ရင်ထဲမှာ ရှိတဲ့အတိုင်း သန်းရွှေအတွက် ဆုတောင်းပေးလိုက်ရအောင် မညှာကြေး(အဲ..
ယောင်လို့ မညာကြေးနော်)ပေးတဲ့ဆုနဲ့ ပြည့်ပါစေလို့ :D

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes