ဟေ့...ဘမောင် မင်းနဲ့ မတွေ့တာတောင် အတော်ကြာနေပြီကွ။ဒါနဲ့ တို့ရွာမှာရော လုပ်စား ကိုင်စားရတာ အဆင်ပြေရဲ့လား။ဒီလိုပါပဲ လို့တော့ မပြောပါနဲ့ကွာ။နဲနဲပါးပါး လေးတောင် မပြောင်းလဲ ဘူးလား ကွ။အော်...ငါလား အင်းးး မင်းပြောသလို ပြန်ပြောရရင် ဒီလိုပါပဲကွာ။မလေးရှားလည်း အရင်လို ခေတ်က မကောင်းတော့ဘူးကွ။မပြန်ဖြစ်သေးတာကတော့ကွာ မေးမနေပါနဲ့။ဘာ.....လူတွေကတော့ သွားနေတုန်း ဟုတ်လား။ အင်းးးး သူတို့လည်း ကောင်းမယ်ထင်လို့ လာတာပေါ့ကွာ။ ဒီကိုလာတာလား အင်းးးးးးးး မိန်းကလေးတွေရောပေါ့။ မမေးပါနဲ့ကွာ။မင်းကသာ ငါ့ကို အတင်းမေးနေတာ။ငါဆိုတဲ့ကောင်က မြို့ပေါ်မှာ နေဖူးတာ မဟုတ်ဘူး။ အလုပ်က နယ်ဘက်မှာဆိုတော့ တစ်လတစ်ခါကို မြို့ပေါ်တက်ဖြစ်တာ မဟုတ်ဘူး။ဒါပေမယ့် ငါဟိုတစ်ခေါက် မြို့ကို တက်တုန်းက အာာ မြို့ဆိုတာ ကွာလာလမ်ပူကို ပြောတာကွ။မင်းကလည်း ပိန်းလိုက်တာ။ငါပြောပြမယ် မင်းကအတင်းမေးလို့သာ ပြောရမှာ ။ငါကတော့ ရှက်တယ်ကွ။ဒီလိုကွ ငါကမြို့တက်မယ့် ကားပေါ်ကို အရင်ရောက်နေတာကွ။မင်းသိတဲ့အတိုင်းပဲလေ ငါက ကားပေါ်မှာ ဘယ်တုန်းက အိပ်ဖူးလို့လဲ၊၊မင်းကလဲ ဖြတ်ဖြတ်မမေးပါနဲ့ ကွ။ငါပြောတာကို နားထောင်ပါ ဟ။ ကားထွက်ကာနီးကျတော့ ကားပေါ်ကို ဘ တစ်ယောက်ရယ် မိန်းမတစ်ယောက်ရယ် တက်လာတယ်ကွ။ မင်းကလည်း ဘ ဆိုတာ ဘင်္ဂလား လူမျိုးကို ပြောတာကွ။ ဒါကတော့ ငါတို့ မြန်မာတွေ ခေါ်တာ ပေါ့ကွာ။ယိုးဒယားက ထိုင်းလူမျိုးကျတော့ ယ လက်တဲ့။ဗီယက်နမ်ကိုကျတော့ ဗ တဲ့။မလေးလူမျိုးကို ကျ တော့ မ တဲ့။မြန်မာကျတော့ ရွှေ တဲ့လေ။မင်းကလည်း လောလိုက်တာ ဆက်ပြောမှာပေါ့ ဟ။ဘ ဆိုတဲ့အ ကောင်တွေက ထမင်းစားရင်သာ နနွင်းမှုန့်နဲ့ စားတာ။မိန်းမအတွက်တော့ ပိုက်ဆံအကုန်ခံနိုင်တယ် ကွ။အာ နနွင်းမှုန့်နဲ့ ဒီအတိုင်းစားတာ ဘယ်ဟုတ်မလဲကွ။ဒါပေမယ့် သူတို့ချက်တဲ့ဟင်းက ဝါထိန်နေတာလေ။သူတို့ ထမင်း စားပြီးရင် ပါးစပ်တွေက ဝါနေတာ။ အော်ဒါနဲ့ ခုဏက ဘ နဲ့ပါလာတဲ့ အမျိုးသမီးက ငါ့ စိတ်ထင်ကွာ မြန်မာမလေးနဲ့ တူနေတယ်လို့တော့ ထင်မိသားကွ။ဒီအတိုင်းတော့ ဘယ်သွားမေးရဲမလဲ ကွ။ အေးးးးးး ကံ ကောင်းတယ်ပဲ ပြောရမလား ကံဆိုးတယ်ပဲ ပြောရမလား မသိဘူး သူတို့က ငါ့အရှေ့က ခုံမှာ လာထိုင်နေ တာ ကွ။ မင်းပြောသလိုပဲပေါ့ ငါလည်း သူတို့ ဘာတွေပြောလဲ ဆိုတာ နားထောင်နေတာပေါ့။မဟုတ်ရပါဘူး ကွာ မင်းပြောသလို ငါ့မှာ အဲဒီစိတ်နဲ့ နားထောင်နေတာ။ ဒီအမျိုးသမီးက ဘာလူမျိုးလဲ လို့ သိချင်တာပါ။ သူတို့ပြောတာကတော့ မလေးလို ပြောနေကြတာပေါ့ ကွာ။နောက်မှ အဲဒီ အမျိုးသမီးဆီက ဖုန်းမြည်လာတာ ကွ။ဖုန်းပြောတော့ မြန်မာလို ပြောတော့ တာပဲ ဟေ့။အေးးးးး မင်းမေးမယ်ဆိုလည်း မေးချင်စရာပါပဲ။သူတို့ ပြောနေတာကို နားထောင်ကြည့်ရသလောက်က
တော့ မိတ်ဆွေတွေမဟုတ်ဘူး ကွ။မင်းကလည်း ပိန်းလိုက်တာ ဒဲ့ဒိုးမပြောချင်လို့ ပေါ့ဟ။ ဟိုအဆင့်ကို ရောက်နေပြီ ဟ။အော် ငါလား အစကတော့ ထပြီးတော့ အဲဒီအမျိုးသမီးကို ထုရိုက်ပြစ်ချင်တာပေါ့ ဟ။ဒီ လောက်တောင် တွဲစရာ ရှားရသလားပေါ့။နောက်မှ စိတ်ကို လျော့ချလိုက်ပါတယ်။အာာာ အဲလိုတော့ မဟုတ်ဘူး ကွ။ဒီရောက်တဲ့မိန်းကလေးတိုင်းပျက်စီးတာမျိုးတော့ မဟုတ်ဘူး ကွ။ကောင်းကောင်းမွန်မွန် လုပ် ကိုင်စားတဲ့ အမျိုးသမီးတွေလည်း အများကြီးပါ ကွာ။အဲလို ပျက်စီးတယ်ဆိုတာ ဒီရောက်မှ မဟုတ်ပါဘူး။ မင်း တို့ မြန်မာပြည်မှာရော ပျက်စီးနေတာ တပုံကြီးပါ ကွာ။
ဟ ဘမောင်ရ ဒီမှာလဲ ကာရာအိုကေတို့ နိုက်ကလပ်တို့ ရှိတာပေါ့ကွ။အရင်ကတော့ ရောက်ဖူးပါတယ်။ ဘယ်ကလာ ကွာ သူဌေးနဲ့ လိုက်သွားဖူးတာလေ။ပြောရရင် သူ့ကို ထိန်းဖို့ပေါ့။သူမူးလာရင် ငါ့က ကားမောင်း
ပေါ့။နောက်ပိုင်းကျတော့ အန္တရယ် များလို့ မလိုက်ဖြစ်တော့တာ ကွ။ကားမောင်းရတာက ဘာမှမဟုတ်ပါဘူး
ငါတို့ မြန်မာပြည်လို ပြောရင် စီမံချက်လို့ ပြောရမယ်ထင်တယ်။အေးး အဲလိုမျိုးဝင်ဆွဲရင် ပါသွားဖို့က များ တယ်။ဟ ကောင်ရ ကိုယ်က တရားဝင်အမှန် ဆိုပေမယ့် လောလောဆယ် အချုပ်ထဲအရင်ဝင်ရမှာ ကွ။ဒါ တောင် မူးရစ်ဆေးဝါး မသုံးစွဲထားမှနော်။မူးရစ်ဆေးဝါး သုံးစွဲထားရင်တော့ ဂျေးထဲဝင်ရပြီသာမှတ်။
မိန်းကလေးတွေလားးးးးးး လာကြတယ်ကွ။သူတို့မို့ မကြောက်မရံွ့ ကွာ။ဆိုင်တာပေါ့ကွ ဒီလို မကောင်းမှုတွေ ဖြစ်ပွားလွယ်တဲ့ နေရာကို မလာသင့်ဘူးကွ။ ဟိုမှာက အားလုံးလိုလို မူးနေတာ ဟ။
သြကာသ သြကာသ သြကာသ ရွတ်ဆိုနေတာ မဟုတ်ဘူး။ ပြီးတော့ ငါတို့ ဗုဒ္ဓဘာသာ မြန်မာ မိန်းကလေး တွေဆိုရင် ပိုလို့တောင် မသွားသင့်တဲ့ နေရာကွ။ဘယ်ကလာ နေ့ခင်းဘက် ဟုတ်ရမလဲ။အဲလို နေရမျိုးက ည
11 နာရီလောက်မှ စ ပြီးတော့ စည်တာကွ။မင်း စဉ်းစားကြည့်ကွာ ငါတို့ မြန်မာမိန်းကလေးတယောက် အနေနဲ့ အဲလို နေရာမျိုးမှာ ပြဿနာ တစုံတခုခု ဖြစ်ခဲ့ရင် အဘက်ဘက်က နစ်နာစရာတွေပဲနော်။ပြဿနာ ဆိုတာ ကိုယ်က မရှာပေမယ့် အဲလိုနေရာမျိုးဆိုတာ အများဆုံးဖြစ်နိုင်တဲ့နေရာ ကွ။ဘာပြဿနာမှ မဖြစ်ရင် တောင် ကိုယ့်အသိမိတ်ဆွေ တစ်ယောက်ယောက်က မြင်သွားလို့ မြန်မာပြည်က မိဘတွေကို ပြန်ပြောပြရင် အနည်းဆုံးတော့ မိဘတွေ စိတ်ပူမိမှာတော့ အမှန်ပဲ ကွ။ ဘာဖြစ်ဖြစ်ကွာ ငါကတော့ အဲလိုနေရာကို သွားတာ အားမပေးဘူး(မှန်သောစကား)။ဘာာာာာ ကွ .... ကိုယ်ကောင်းရင် ကိုယ့်ခေါင်းဘယ်မှမရွေ့ဘူးးးးး
ဟုတ်လားးး။မင်းတော်တော် တုံးတာပဲ။ငါတို့ငယ်ငယ်တုန်းက ဒုတိယတန်းမှာထင်တယ် သင်ခဲ့ရတာလေကွာ ကျေးညီနောင် ပုံပြင်လေ ကွာ။လေပြင်းမုန်တိုင်းတိုက်တော့ တစ်ကောင်က ရသေ့တပါးထံကို ရောက် တယ်။နောက်တစ်ကောင်က ခိုးသားဒမြတွေ လက်ထဲကို ရောက်သွားတယ်လေကွာ။ရသေ့ထံကို ရောက်တဲ့ ကျေးလေးက လိမ္မာတယ်လေ။ခိုးသားတွေလက်ထဲရောက်တဲ့ ကျေးကျတော့ ရိုင်းစိုင်းတယ်လေ။မင်းရော ငါရော ဒီအကြောင်းကို ငယ်ငယ်တုန်းက သင်ဖူးတယ်လေ ကွာ။ဒီပုံပြင်ဟာ ဘာကို ပြောချင်သလဲဆိုတော့ မိမိပေါင်းသင်းတဲ့ အပေါင်းအသင်းမိတ်ဆွေတွေက မိမိရဲ့ ကိုယ်ကျင့်စရိုက်တွေကို ပြောင်းလဲစေနိုင်တယ်ဆို တာပဲ ကွ။ကောင်းတဲ့ ပါတ်ဝန်းကျင်ကြောင့် ကောင်းတာကို ဖြစ်စေနိုင်သလို မကောင်းတဲ့ပါတ်ဝန်းကျင် ကြောင့် မကောင်းတာကို ဖြစ်စေနိုင်တာပဲ ကွ။
မင်းးးးးးး ကွာာာာာာာာာာာ တော်တော် ပြောရခက်တဲ့ကောင်။ပုံပြင်ဆိုတာ ကလေးတွေကို ပြောတာ
ဟုတ်လားးး။ဒါဆိုရင် မင်းကို ဇာတ်တော်တစ်ခု ပြောပြမယ်။မင်း ဒေဝဒတ် ဆိုတာတော့ ကြားဖူးမှာပေါ့။သူ့နာ
နာမည် အမှန်က ဒေဝဒတ္တ ကွ။ မြန်မာလိုဆိုရင်တော့ နတ်ပေးတဲ့မင်းသားပေါ့ ကွာ။မင်းတို့ ငါတို့က အလွယ်
ခေါ်နေတာ ဒေဝဒတ်လို့။အဇာတသတ် မင်းသားရော မင်းသိတယ်နော်။အေးးးးးးး အဲဒီ အဇာတသတ် မင်း
သားဟာ ဒေဝဒတ်ကို ဆရာတင်မိလို့ အပေါင်းအသင်းမှားခဲ့လို့ ဖခင်ဘုရင်ကြီးကို ပြန်သတ်ခဲ့တာပေါ့ ကွ။ဒေ
ဝဒတ် ဘယ်လောက်ဆိုးလဲ ဆိုတော့ ငါတို့ ဂေါတမ မြတ်စွာဘုရားကိုတောင် သတ်ဖို့ သုံးခါ ကြံခဲ့တာကွ။
ဘယ်သူမှ မြတ်စွာဘုရားကို သတ်ဖို့ မကြံစည်ခဲ့ဘူး။ သူတယောက်ပဲ ကြံစည်ခဲ့တာ။သံဃာကိုတောင် ဂိုဏ်းကွဲအောင် ကြံစည်ခဲ့သေးတာ ကွ။နောက်ဆုံးတော့ ကွာ အဲဒီ အရှင် ဒေဝဒတ်လည်း မြေမြိုပြီး အဝီစီကို ရောက်ခဲ့တာပဲလေ။မင်းမယုံရင် အဝီစီ ဒေါ့ကွန်းမှာ ရှာကြည့် ဒေဝဒတ်ကို တွေ့လိမ့်မယ်။ဒါကြောင့် သူ့ကို လူမိုက်လို့ ပြောကြတာပေါ့ ကွာ။
အဇာတသတ် မင်းသားဟာ သူ့ဖခင်ဘုရင်ကြီးကို သတ်ပြီးမှ နောင်တရသတဲ့လေ။ဒီတော့ နန်းတော်ထဲမှာ ရှိတဲ့ ပညာရှိ မှူးမတ်တွေကို မေးသတဲ့လေ။သူ့စိတ်မှာ ခံစားနေရတဲ့ ဝေဒနာတွေကို ပျောက်
ပျက်သွားအောင် ဘယ်လို လုပ်ရမလဲလို့ပေါ့။ဒါပေမယ့် သူ့နန်းတော်ထဲမှာ ရှိနေကြတဲ့ မှူးမတ်တွေက ငါတို့ ဂေါတမ မြတ်စွာဘုရားကို ကိုးကွယ်ကြတာ မဟုတ်ဘူးလေ။သူတို့ရဲ့ အယူလွဲနေတဲ့ ဂိုဏ်းဆရာကြီးတွေကို ပင့်ဖိတ်ပြီးတော့ ကုပါလို့ ပြောသတဲ့လေ။ဒါနဲ့ အဲဒီ ဂိုဏ်းဆရာကြီးတွေကို ခေါ်ကုတော့လည်း ဝေဒနာက မ သက်သားဘူးပေါ့။ဒါနဲ့ နောက်ဆုံးတော့ အဇာတသတ်မင်းထံမှာ ခစားနေတဲ့ ဆေးဆရာကြီး ဆရာဇီဝက က
ဂေါတမမြတ်စွာ ဘုရားထံကို ခေါ်သွားပြီး ဘုရားနဲ့ တွေ့မှ အဇာတသတ် မင်းသားဟာ စိတ်သက်သာရာ ရသတဲ့။တကယ်လို့ ဆေးဆရာကြီး ဆရာဇီဝက ကသာ မြတ်စွာဘုရားထံကို ခေါ်မသွားခဲ့ဘူးဆိုရင် အဇာ တသတ် မင်းဟာ သူခံစားနေရတဲ့ သောကမီးတွေ ငြိမ်းမှာ မဟုတ်ဘူး လေ။ဒီတော့ ငါပြောချင်တာက အရှင်
ဒေဝဒတ်လို မကောင်းတဲ့သူကို ဆရာတင်ခဲ့မိလို့ မကောင်းတာတွေကို လုပ်ခဲ့မိပေမယ့် ဆရာဇီဝကလို မိတ်
ဆွေကောင်းတွေ့ခဲ့လို့ သူခံစားနေရတဲ့ ဝေဒနာကို သက်သာစေခဲ့တယ်လေ။ဒီတော့ ကွာ လောကကြီးမှာပတ်
ဝန်းကျင်ဆိုတာ အရေးကြီးတယ် ကွ။အေးးးးးးးးးးးးး ဒီလောက်ဆိုရင် မင်းလည်း နားလည် သဘောပေါက် လောက်ပြီလို့ ထင်ပါတယ်။ ဒါပေမယ့်ကွာ ငါကသာ မင်းကို ဘယ်လိုပြောပြော မင်းစိတ်ထဲမှာ ကျေနပ် လက္ခံ
မှ ဖြစ်မှာကွ။မင်းပြုမူပြောဆိုပြုလုပ်လိုက်တဲ့ အရာတစ်ခုရဲ့ ကောင်းမွေ ဆိုးမွေကို မင်းပဲ ခံစားရမှာ။တခြား
ဘယ်သူကမှ လာပြီးတော့ အစားထိုးခံယူလို့မရဘူးး။ဒီတော့ကွာ မင်းမှာလည်း စဉ်းစားတတ်တဲ့ အသိဥာဏ်ရှိ
တာပဲလေ။
သေသေချာချာ စဉ်းစားပေါ့ ကွာာာာာာာာာ။
(ရိုးသားစွာ ဝန်ခံချက်။ ။ဒီပို့လေးရဲ့ ခေါင်းစဉ်က ဆရာ ချစ်နိုင် (စိတ်ပညာ) ရဲ့ ခေါင်းစဉ်းလေး ယူထားတာပါ။စာကတော့ ကျွန်တော်ကိုယ်တိုင်ရေး စာမူလေးပါ။ဒီနေရာကနေ ဆရာရဲ့ ခေါင်းစဉ်လေးကို ခွင့်မတောင်းမိပဲ ယူသုံးမိသည့် အတွက် ဆရာချစ်နိုင်(စိတ်ပညာ)အားအနူးအညွတ် တောင်းပန်အပ်ပါသည် ခင်ဗျာ)။
written by.......http://wwwtrueornot.blogspot.com/
1 comments:
အင်း နိုင်ငံခြားမှာ ကိုယ်ဘာလာလုပ်တာလဲ။ ဘာအတွက်လာတာလဲသိဖို့လိုတယ်လေ။ ငွေဘဝနဲ့လဲတယ်ဆိုတာ ကိုယ် ကျင်လည်ခဲ့ရတဲ့ ပတ်ဝန်းကျင်ကြောင့်ယိုင်သွားကြတယ်ထင်ပါရဲ့။ အများကြီးမြင်ဖူးပါတယ်။ မြင်ဖူးတာတွေနဲ့ ကွက်တိကို ကျနေပါတယ်။ အချိန်မီပြုပြင်စေချင်ပါတယ်။
ပို့စ်ကောင်းလေးအတွက်ကျေးဇူးပါ။
ခင်တဲ့
Post a Comment