Powered By Blogger

Sunday 20 March 2011

သိသောသူများ ဖြေပေးပါ (၁)

သူငယ်ချင်းတွေကိုမေးတာပါ သိရင်ဖြေပေးစေလိုပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာ ခရီးသွားရင်
မှတ်ပုံတင်ယူသွားရပါတယ် နေရာတော်တော်များများမှာ မှတ်ပုံတင်ကိုပြရပါတယ်
မပြနိုင်ရင်တော့ သိတဲ့အတိုင်းပေါ့လေ..........နောက်တခုက
ခရီးသွားထောက်ခံစာယူရပါတယ် ဒါတောင်နေရာတိုင်းကို သွားလို့မရပါ ဥပမာ
ကော့သောင်းတို့ မြဝတီတို့ဆိုရင် မှတ်ပုံတင်နဲ့ မလုံလောက်တော့ပါ
ထုံးစံအတိုင်းလုပ်ရပါတယ် ဒါဘာကြောင့်လဲ???????????မြန်မာနိုင်ငံသားတယောက်
မြန်မာနိုင်ငံထဲမှာ ဘာကြောင့်လွတ်လပ်စွာ သွားလို့မရတာလဲ?????????နောက်တခုက
ဧည့်စာရင်းတိုင်ရတာပါ
ဘာကြောင့်တိုင်ရတာလဲ???????သူများနိုင်ငံတွေမှာ
ဧည့်စာရင်းတိုင်ရတယ် ဆိုတာကိုမကြားဘူးပါ တရားဥပဒေ
စိုးမိုးရေးအတွက်တိုင်ရတာလားတကယ်ရော စိုးမိုးရဲ့လား ဒီနေရာမှာ ကြုံလို့
ကျွန်တော်တခုပြောပြမယ် ဧည့်စာရင်းကိုဘာကြောင့်တိုင်ရတယ် မသိပေမယ့်
ကျွန်တော်တို့ရက်ကွက် လူကြီးကတော့ တနှစ်အတွင်းမှာ တိုက်ဆောက်လိုက်တာကိုတော့
ကျွန်တော်သိလိုက်တယ်(ကျွန်တော်တို့ရပ်ကွက်မှာ ဘော်ဒါဆောင်တွေလည်း
များလို့နေမှာပါ)ကျွန်တော် ဒီလိုမေးလိုက်လို့ မြန်မာနိုင်ငံကို
မချစ်တာလားလို့တော့ မထင်စေလိုပါ ကျွန်တော်လဲ သူငယ်ချင်းတို့လိုပဲ
မြန်မာနိုင်ငံကို တကယ်ချစ်ပါတယ် အခုဟာက တကယ်မသိလို့မေးလိုက်တာပါ...


ကျေးဇူးပြု၍ဖြေပေးပါ

1 comments:

KthNht said...

တရားဥပဒေကို တလွဲကျင့်သုံးနေတာရယ်၊ ကိုယ်ကျင့်တရား မကောင်းကြတာရယ် ရောထွေးနေလို့ပါ။
အဲနှစ်ခုကို ခွဲထုတ်ပြီး တည့်မတ်ပေးနိုင်ရင် မေးခွန်းတွေကို ပြေလည်
သွားစေမှာပါ။

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes