Powered By Blogger

Tuesday, 16 August 2011

ချစ်လို့ပြောတယ် မှတ်ပါ

                     ဟေ့...ဘမောင်  မင်းနဲ့ မတွေ့တာတောင် အတော်ကြာနေပြီကွ။ဒါနဲ့ တို့ရွာမှာရော လုပ်စား     ကိုင်စားရတာ အဆင်ပြေရဲ့လား။ဒီလိုပါပဲ လို့တော့ မပြောပါနဲ့ကွာ။နဲနဲပါးပါး လေးတောင် မပြောင်းလဲ ဘူးလား   ကွ။အော်...ငါလား  အင်းးး မင်းပြောသလို ပြန်ပြောရရင် ဒီလိုပါပဲကွာ။မလေးရှားလည်း အရင်လို ခေတ်က        မကောင်းတော့ဘူးကွ။မပြန်ဖြစ်သေးတာကတော့ကွာ မေးမနေပါနဲ့။ဘာ.....လူတွေကတော့ သွားနေတုန်း ဟုတ်လား။ အင်းးးး သူတို့လည်း ကောင်းမယ်ထင်လို့ လာတာပေါ့ကွာ။ ဒီကိုလာတာလား  အင်းးးးးးးး                မိန်းကလေးတွေရောပေါ့။            မမေးပါနဲ့ကွာ။မင်းကသာ ငါ့ကို အတင်းမေးနေတာ။ငါဆိုတဲ့ကောင်က မြို့ပေါ်မှာ...

Friday, 5 August 2011

ပန်းကန်ဆေးတာ ရှက်စရာလား

ဒီနေ့ ဗျာ အစ်မတစ်ယောက်နဲ့ လိုင်းပေါ်မှာ စကားပြောနေတုန်း ဘေးနားချထားတဲ့ ဖုန်းက အသံမြည်လာလို့ ဖုန်းနံပါတ် ကြည့်လိုက်တော့ သူငယ်တစ်ယောက်ရဲ့ ဖုန်းဖြစ်နေတယ်။ဒါနဲ့ ဘာလဲ ဟ လို့မေးလိုက်တော့ ဟူးး သူပြောတာကတော့ သူ့ညီတစ်ယောက် ရောက်လာတာ ဘာမှမတတ်လို့ စားသောက်ဆိုင်သွင်းပေးထားတာ စားသောက်ဆိုင်မှာ စကားမတတ်တော့ ပန်းကန်ဆေးရတာကို ရှက်လို့ ဆိုပြီး အလုပ်က ထွက်လာတာ အခု  အလုပ်မရှိလို့ အလုပ်ရှာပေးပါတဲ့လေ( ကြားလို့မှ ကောင်းကြသေးရဲ့လား)။ဒါနဲ့ မင်းညီက ဘာလုပ်တတ်လဲလို့ မေးတော့ "ဘာမှမလုပ်တတ်ပါဘူးတဲ့"မြန်မာပြည်မှာရောဘာလုပ်ဖူးလဲလို့မေးတော့"ကျောင်းထားပေးတော့  ကျောင်းကို ပြီးအောင် မနေဘူး။အလုပ်ခိုင်းတော့လည်း ဟိုအလုပ်ကဘာဖြစ်တယ်၊ဒီအလုပ်က ဘာဖြစ်တယ် ဆိုပြီး ဘာကိုမှ လက်ကျောတင်းအောင် မလုပ်ဘူးတဲ့ ဗျာ" အဲဒါနဲ့ မလေးကို လွှတ်လိုက်တာ အခုတော့ ဒီကောင့်ကို အလုပ်ရှာပေးပါအုံးတဲ့။ဒါနဲ့ပဲ မင်းညီနဲ့ စကားပြောချင်ဆိုပြီး သူ့ညီကို မေးကြည့်လိုက်တော့...

မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သော ကဆုန်လပြည့်နေ့ ကြည်နူးဖွယ်ရာ မြင်ကွင်းများ အပိုင်း(၂)

ဘုရားဆင်းတုတော်များကို ရောင်းနေသူများလုံခြုံရေးတာဝန် ယူနေသော မလေးရှားရဲများဆင်းတုတော်များကို တင်ဆောင်ထားသော မော်တော်ကားများတရုတ်တွေ ဆွဲထားသော ဖွားတော်မူခန်းပုံတောထွက်တော်မူခန်းပုံဒါကတော့ အိန္ဒိယ လူမျိုးတွေရဲ့ကားပေါ့သူတို့တွေလည်း ပါကြတယ်လေ ဘယ်သူတွေဆိုတာ သိမှာပါ။သူငယ်ချင်းတွေပါဒါလည်း မြန်မာတွေပါပဲ။ဒါကတော့ ကွမ်ရင် မယ်တော်ကားပေါ့။တရုတ်တွေကတော့ ဒီဖွားတော်မူပုံကို ရေသပ္ပါယ်ပါတယ်။ဒါကတော့ သတိပဌာန ဓမ္မရိပ်သာ(ညောင်ကန်အေး) ကျောင်းမှ ဆရာတော်များ အပူဇော်ခံနေတာပါ။ဒါကတော့ နီပေါက ဘုန်းတော်ကြီးတွေပါ။ဒါကတော့ သီရိလင်္ကာက ဘုန်းတော်ကြီးတွေပါသူတို့တွေလည်း လာကြတယ်နီပေါ သံရုံးက အဖွဲ့ပါ။ မြန်မာ သံရုံးကတော့ မတွေ့မိပါဘူး။  ကဲ အားလုံးပဲ ကျေနပ်ကြမယ်လို့ထင်ပါတယ်။အလှပြာကားပေါင်း အစီးနှစ်ဆယ်ကျော်ပါတယ်။မြို့ထဲကို လှည့်တာ လေးနာရီကျော် ကြာပါတယ်။တကယ့်စည်ကားတဲ့လမ်းတွေကို လှည့်တာပါ။ ...

Sunday, 26 June 2011

မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သော ကဆုန်လပြည့်နေ့ ကြည်နူးဖွယ်ရာ မြင်ကွင်းများ အပိုင်း(၁)

ဒုတိယပိုင်းကို ဆက်တင်ပါမည် ။။။ တင်ချင်တဲ့ပုံတွေက တအားများနေလို့ပါ။         ...

လည်လည်သွားမလား မလေးရှားထောင်(၂)

    သူတို့က ရိုးသားတယ်ဆိုပြီး လုပ်အားပေး လုပ်ခိုင်းထားတဲ့သူတွေက ရိုးသားတဲ့သူနည်းပါတယ်။ထောင်ထဲ မှာ အရောင်းအဝယ် အကြောင်းကို ဒီနေရာမှာ ပြောပြချင်ပါတယ်။ တခြားဟာတော့ မဟုတ်ပါဘူး။ ဆေးလိပ် သောက်တဲ့ ဆေးကို အရောင်းအဝယ် လုပ်တာပါ။ မလေးလိုတော့ (တမာကောက်)လို့ ခေါ်ပါတယ်။ဒီဆေးက အပြင်မှာ ဝယ်ရင် တထုပ်ကို RM 1 ကျပ်လောက်ပဲ ကျပါတယ်။ ထောင်မှာ အစောင့်ကျတဲ့ရဲက ပြန်ရောင်း တော့ လေးထုပ်ကို RM 100 နဲ့ ပြန်ရောင်းပါတယ်။သူတို့တွေကလည်း ထောင်ထဲကို ခိုးဖွက်ပြီး သယ်လာရ တာပါ။ သူတို့ အတွက်လည်း အန္တရယ် များပါတယ်။တချိှု့ဆိုရင် သူတို့ သယ်လာတာကို ဖမ်းမိပြီး ထောင်ပြန် ကျနေတာတွေ ရှိပါတယ်။သူတို့ကို ဘယ်သူက ဖမ်းမလဲလို့တော့ မေးစရာရှိပါတယ်။ ဟုတ်ကဲ့ UKP လို့ ခေါ်တဲ့ ခါးပတ်အဖြူရောင် တွေကဖမ်းတာပါ။ခုဏက ဆေးကို ထောင်သားတွေက ပြန်ရောင်းတော့ တထုပ်ကို  လေး ပုံ ပုံပြီးတော့ တပုံကို RM 25 နဲ့ပြန်ရောင်းတာပါ။ဈေးကြီးတယ်လို့ ပြောရင် ပြောလို့ရပါ  တယ်...

Monday, 13 June 2011

လည်လည်သွားမလား မလေးရှားထောင် (1)

ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ နိုင်ငံခြားကို ထွက်ပြီးတော့ အလုပ်လုပ်တာ ထိုင်းနိုင်ငံပြီးရင် မလေးရှားနိုင်ငံဟာ ဒုတိယအများဆုံးနိုင်ငံလို့ ထင်ပါတယ်။မလေးရှားကို ရောက်ပြီး အကြောင်းအမျိုး မျိုးကြောင့် အဖမ်းခံရပြိီး ထောင်ကျနေတဲ့ မြန်မာနိုင်ငံသားတွေ မလေးရှားက ထောင်တွေထဲမှာ၊  ထိန်းသိမ်းရေး စခန်းတွေမှာ တော်တော်များများ ရှိပါတယ်။             တရားမဝင် အလုပ်သမားတွေကို ဖမ်းတဲ့ အဖွဲ့အစည်းကတော့ သိပ်မများပါဘူး။လ ဝ က ဖမ်းရင်တော့ ထိန်းသိမ်းရေး စခန်းကိုပို့တာ များပါတယ်။ရဲက ဖမ်းရင်လည်း ထိန်းသိမ်းရေး စခန်းကို ပို့တာပါပဲ။နောက်ထပ်အမှုတွဲတွေပါမှ ထောင်ကျတာ များပါတယ်။တချို့တလေကိုလည်း ထောင်ထဲ ပို့တာ ရှိပါတယ်။ဘာဖြစ်လို့လဲတော့ ကျွန်တော်လည်း မသိဘူး။       ရဲကဖမ်းမိပြီး ထောင်ကျမယ်ဆိုရင်တော့ နှစ်ပတ်အတွင်း တရားရုံးကို တင်ပါတယ်။တခါတည်း အမိန့်ချတာ ရှိသလို နောက်ထပ် ရုံးချိန်းပြန်ခေါ်တာလည်း...

Saturday, 23 April 2011

MONK & PHONE

ကျွန်တော်တို့ ဒီမလေးရှားကို စလာတော့ တောသားမြို့ရောက် ဆိုသလိုပါပဲ။အရာရာဟာ အထူးအဆန်းတွေနဲ့ ပြည့်နှက်နေတယ်လေ။လမ်းတွေကြည့်မလား၊ ကားတွေကို ကြည့်မလား၊လူတွေကို ကြည့်မိတော့လည်း တမျိုး လေးတွေလေ။ ခေါင်းမြီးချုံထားတွေက အစပေါ့။ဒီအထဲမှာ ပိုထူးတာလေးကို မှတ်မိနေသေးတယ်။တက္ကစီ   မောင်းတဲ့သူက ဟန်းဖုန်းနှစ်လုံးနဲ့လေ။နောက်လမ်းဘေးမှာ အမှိုက်ကောက်နေတဲ့ ကိုယ်တော်က အသားက သာ မဲတာ ခါးမှာ ဟန်းဖုန်းနဲ့ဗျ။         အဲ့ဒီအချိန်တုန်းက မြန်မာပြည်မှာ ဟန်းဖုန်းတလုံးကို သုံးဆယ်ကျော်လောက်ပေးရတာလေ။ကျွန်တော့် သူဌေးတောင်မှ CDMA လို့ခေါ်တဲ့ ခြင်းဖုန်းပဲ ကိုင်နိုင်တာ။ဒီတော့ကျွန်တော်တို့အထင်ကြီးတာဘာဆန်းလဲ။အဲဒီတုန်းက မလေးမှာလည်း အခုလို ဖုန်းတွေက တအားမပေါသေးဘူးလေ။ဖုန်းဆက်တော့မယ်ဆိုရင် တိုင်ကို  ဆွဲထုတ်ရသေးတယ်။နောက်တပေ နီးပါးလောက်ရှိတဲ့ ဖုန်းတွေတောင် ရှိသေးတယ်။ရန်ဖြစ်ရင် ဖုန်းနဲ့ထုတာ နဲ့တင် ပွဲပြီးတယ်။ဘာလက်နက်မှမလိုဘူး။အဲဒီတုန်းက...

Friday, 15 April 2011

ဆည်းလည်းလေးတွေမြည်ပါစေ

(အကိုရေ ပိတ်ရက်ကြရင် မုန့်ဟင်းခါးချက်စားရအောင်) ကျွန်တော်နဲ့ ညီအစ်ကိုလိုခင်တဲ့ ထွန်းထွန်းက ပြောလာတာပါ သူပြောလိုက်တော့မှ ကျွန်တော့် စိတ်တွေ ဟိုးးးး လွန်ခဲ့တဲ့ အတိတ်ကို ပြန်ရောက်သွားပါတယ် ကျွန်တော်က မြစ်ဝကျွန်းပေါ်သားပါ အရင်ကဆိုရင် ကျွန်တော်တို့ဘက်ကို သင်္ဘောနဲ့သာ သွားလာလို့ရပါတယ် အခုတော့ ကားလမ်းတွေ ပေါက်နေပါပြီ (သူကြီးဖောက်တဲ့လမ်း ပြည်သူတွေလုပ်အားနဲ့ပေါ့ဗျာ.. သိတယ်မို့လား လုပ်အားပေး တွေနဲ့ ဖောက်တာလေ) ကျွန်တော်ကတော့ နွေရာသီဆိုရင် သင်္ဘောနဲ့ သွားရတာ ပိုသဘောကျတယ် မြစ်ပြင်ကို ဖြတ်တိုက်လာတဲ့ လေကလေး တဖြူးဖြူးအောက်မှာ ကိုယ်ဖတ်ချင်တဲ့ စာအုပ်ကို ငြိမ့်ငြိမ့်လေးဖတ်ရတာ တကယ်ဇိမ်ပဲ ရန်ကုန်ကနေ ထွက်လာရင် တွံတေးကို မရောက်ခင်လမ်းမှာ လှေကလေးတွေနဲ့ သင်္ဘောပေါ်ကို ဈေးတက်ရောင်းတဲ့ ဈေးသည်တွေလည်း ရှိတယ်ဗျ သင်္ဘောလာမယ့်လမ်းမှာ လှေကလေးနဲ့ အရှေ့ကနေ ကြိုစောင့် သင်္ဘောအနားရောက်တော့ လှေကို တအားလှော် သင်္ဘောနားကို လှေကပ်မိပြီဆိုရင်...

Sunday, 10 April 2011

လူ့အလို နတ်မလိုက်နိုင်

ဒီစကားလေးကိုလူတိုင်းနီးပါး ကြားဘူးကြမယ်ထင်ပါတယ် ဘာကြောင့်ဒီစကား ဖြစ်လာတယ်ဆိုတာဆက်ပြောပြမယ် တခါတုန်းကအလွန်ကို တန်ခိုးကြီးတဲ့ နတ်သမီးတပါးရှိတယ် သူက လူတွေရဲ့အလိုကိုဘာကြောင့်နတ်တွေက မဖြည့်ဆည်း နိုင်ရမလဲလို့စဉ်းစားမိတယ် ဒါကြောင့်သူကလူတွေရဲ့အလိုကို ဖြည့်ဆည်းမယ်လို့ ဆုံးဖြတ်လိုက်တယ် ဒီအချိန်မှာပဲ တိုက်ဆိုင်စွာ လူ့ပြည်က ဘိန်းစားတယောက်မှာ ဘိန်းစားဖို့ ဘိန်းကုန်သွားတယ် ဘိန်းစားကလည်း ဒီအချိန်မှာ ဘိန်းစားရရင် ကောင်းမှာလို့တွေးမိတယ် ဒါနဲ့နတ်သမီးကလည်း ဘိန်းစားအတွက် ဘိန်းကိုဖန်တီးပေးလိုက် တယ် နောက်ထမင်းစားချင်ရင် တောင်းတလိုက် ရောက်လာ လိုချင်တာမှန်သမျှကို တောင်းတတိုင်းရောက်လာတော့ ဘိန်းစားကလည်း တွေးမိတယ် သူ့ကိုနတ်တွေမနေတာလို့လေ ဒါနဲ့ဘိန်းစားက သူ့ကိုမတဲ့နတ်ကို မြင်ချင်ပါတယ်လို့တောင်းတလိုက်တယ် နတ်သမီးကလည်းကိုယ်ထင်ပြရတာပေါ့ နတ်သမီးဆိုတာ တအားချောတာလေ ဒါနဲ့ဘိန်းစားကလည်း နောက်ဆုံးအနေနဲ့ နောက်ဆုံးတခုကိုတောင်းတလိုက်ပါတယ်...

ယုံလို့တော့ မပုံလိုက်နဲ့နော်

တခါတုန်းကပေါ့ဗျာ သူငယ်ချင်းနှစ်ယောက် တောထဲကို ထင်းသွားခုတ်ကြတယ် ထင်းခုတ်လို့အပြန်မှာ ညောင်ပင်ကြီး တပင်အောက်ကိုရောက်တော့ ခဏနားရင်းနဲ့ ပါလာတဲ့ ထမင်းထုပ်ကိုစားကြတာပေါ့ ဒီအချိန်မှာ ပထမသူငယ်ချင်းက ထမင်းမစားခင် ထမင်းကိုညောင်ပင်စောင့်နတ်ကို အရင်ပင့်ကျွေးပါတယ် ပသတယ်ပေါ့ဗျာ ဒုတိယသူငယ်ချင်းကတော့ ဒီအတိုင်းစားလိုက်တယ် ထမင်းစားပြီးတော့ တရေးတမော အိပ်ကြတာပေါ့ မအိပ်ခင်မှာ ညောင်ပင်စောင့်နတ်ကို ပသတဲ့ ပထမသူငယ်ချင်းက ညောင်ပင် စောင့်နတ်ကို တိုင်တည်လိုက်ပါတယ် သူအိပ်နေတဲ့အခါမှာ သူ့ကိုစောင့်ရှောက်ပါလို့ တိုင်     တည်လိုက်ပါတယ် တောထဲဆိုတော့ သူလည်း ကြောက်တာပေါ့ ဒုတိယသူငယ်ချင်းကတော့ ဒီအတိုင်းအိပ်လိုက်တယ် သူတို့နှစ်ယောက် အိပ်ပျော်သွားတဲ့အခါမှာ ကျားကြီးတကောင်က သူတို့အနားကိုရောက်လာပါတယ် ဒါနဲ့ကျားကြီးက ဒုတိယသူငယ်ချင်းကိုစားမလို့ ပြင်လိုက်တယ် ဒီအချိန်မှာ ညောင်ပင်စောင့်နတ်က ကျားကြီးကိုတားလိုက်ပါတယ် ကျားကြီးသူ့ကိုမစားနဲ့...

မေမေ့ထံသို့ အိတ်ဖွင့်ပေးစာ

မေမေ  သားရိုသေစွာ စာရေးလိုက်ပါတယ် မေမေနေကောင်းတယ်နော် သားလည်းနေကောင်းပါတယ် မေမေပို့သသော မေတ္တာတွေကြောင့်ပါ မေမေကိုသား ဝမ်းသာစရာ စကားပြောရအုံးမယ် သားလေအခု ဂစ်တာမတီးတော့ဘူး ဆေးလိပ်လည်း မသောက်တော့ဘူးမေမေ ဆေးလိပ်ကတော့ တယောက်သောသူကို မသောက်တော့ပါဘူးလို့ ဂတိပေးထားလို့ပါ ဂစ်တာကတော့ တီးလိုက်တိုင်းမျက်ရည်ကျရလို့ပါ အခုဆိုရင်ဂစ်တာကို သူများကိုပေးလိုက်ပါပြီ သားမျက်ရည်မကျချင်တော့ဘူး မေမေ       သြော်ဒါနဲ့မေမေ သားလေ ဟိုတလောက ဒီမလေးရှားမှာပြုလုပ်တဲ့ ဘုန်းကြီးကျောင်းသစ် ဖွင့်ပွဲကိုသွားပြီး တော့ ကုသိုလ်ကောင်းမှုတွေ အများကြီးလုပ်ခဲ့ပါတယ်မေမေ မေမေသာဓုခေါ်ပါနော် အရင်ဘဝပေါင်းများစွာက တော်စပ်ခဲ့ဖူးသော ဘိုးဘွားမိဘဆရာသမားဆွေမျိုးမိတ်ဆွေသူငယ်ချင်းများနှင့် ယခုဘဝမှာတော်စပ်နေသော ဘိုးဘွားမိဘဆရာသမားဆွေမျိုးမိတ်ဆွေသူငယ်ချင်းတွေကို ရည်စူးပြီးတော့ သံဃာတော်တွေအတွက် RM 200 လှူဒါန်းခဲ့ပါတယ်မေမေ သံဃာဆိုတာ...

ဒါမျိုးတွေ မဖြစ်ပါစေနဲ့

ကျွန်တော်ဒီသတင်းလေးကို မနေ့မှသိလိုက်ရတယ်  ပြောရမယ်ဆိုရင်တော့ သူက ကျွန်တော်တို့ထက် စီနီယာကျပါတယ်        သူငယ်ချင်းတို့သိမှာပါ မလေးက (KLIA) လေဆိပ်ကို သူတို့တွေလုပ်ခဲ့ကြတာပါ သူမလေးကိုရောက်တာ ၁၉၉၅ လောက်ကထင်ပါတယ် အခုတော့ ဒီမလေးမှာ ဆုံးသွားပါပြီ ဆုံးတာတောင် သူ့ကို သရဏဂုံမတင်ပေးလိုက်နိုင်ပါဘူး သူဆုံးတော့ အိမ်မှာဆုံးတာပါ ဒါပေမယ့် သူ့မှာလဲ ဘာမှမရှိ သူ့သူငယ်ချင်းတွေမှာလဲ ဘာမှမရှိတော့ လမ်းဘေးမှာသွား ပြစ်ထားလိုက်ရပါတယ် တော်တော်လေးကိုရင်နာစရာ ကောင်းပါတယ် သူကောင်းတဲ့အချိန်တုန်းက တကယ်တော်ပါတယ် ကားလောကမှာ မသိတဲ့သူမရှိသလောက်ပါ သူဌေးတွေကလဲ သူကိုသဘောကျပါတယ် ဒီမလေးမှာ ကားမောင်းတယ်ဆိုတာ မောင်းတတ်ရုံလောက်နဲ့တော့ မဖြစ်ပါဘူး တာယာလဲလုပ်တတ်ရပါတယ် ကားလဲပြင်တတ်ရပါတယ် ဒါမှသူဌေးက သဘောကျတာပါ သူကတော့ ကားပြင်တာကိုပါတော်ပါတယ်  နောက်တော့.........         ...

လုပ်နေတုန်း

ကျွန်တော်တို့ ရွာက ကာလသားဂေါင်းလေ နာမည်က ကိုဖိုးထောင်ပေါ့  မနက်စောစော သူ့အဖေက လှမ်းခေါ်လိုက်တာ "ဟေ့.. ဖိုးထောင်ရေ" လို့ အသံကြားရင် အခုထိလန့်နေတုန်း နေ့လည်ဘက် ထမင်းစားချိန် သူတို့အိမ်ရှေ့ရောက်လို့ "ကိုဖိုးထောင်ရေ ထမင်းစားပြီးပြီ လား " လို့ မေးလိုက်ရင် "အေးကွ  စားမလို့ လုပ်တုန်း"...  ညနေပိုင်း လယ်ထဲဆင်းမလို့ သူတို့အိမ်အရှေ့က ဖြတ်အသွား "ကိုဖိုးထောင်ရေ လယ်ထဲမဆင်းသေးဘူးလား" လို့မေးလိုက်ရင် " အေးကွ ဆင်းမလို့ လုပ်နေတုန်း"  ဒါက သူ့ရဲ့ ပုံမှန်ဖြေနေကျ အဖြေ ဘာကိုမေးမေး " အေး ကွ....လုပ်တုန်း" က အနောက်ကနေ ကပ်ပါလာပြီးသား  ကိုဖိုးထောင်က သဘောလဲ ကောင်းပါတယ် နောက်မိဘတွေကလဲ တတ်နိုင်တဲ့ မိဘတွေလေ မတတ်နိုင်ရှိမလားဗျ သူ့အဖိုးက ကောင်စီခေတ်တုန်းက ဥက္ကဋ္ဌ.. သူ့အဖေကျတော့ ခါတော်မှီ သူကြီးလေ သားကျတော့ ကာ လသားဂေါင်းဖြစ်တာ ဆန်းသလား         ဆန်းတာကတော့ မပြောနဲ့ ရွာထဲက...

Page 1 of 712345Next

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes