Powered By Blogger

Tuesday 16 August 2011

ချစ်လို့ပြောတယ် မှတ်ပါ

                     ဟေ့...ဘမောင်  မင်းနဲ့ မတွေ့တာတောင် အတော်ကြာနေပြီကွ။ဒါနဲ့ တို့ရွာမှာရော လုပ်စား     ကိုင်စားရတာ အဆင်ပြေရဲ့လား။ဒီလိုပါပဲ လို့တော့ မပြောပါနဲ့ကွာ။နဲနဲပါးပါး လေးတောင် မပြောင်းလဲ ဘူးလား   ကွ။အော်...ငါလား  အင်းးး မင်းပြောသလို ပြန်ပြောရရင် ဒီလိုပါပဲကွာ။မလေးရှားလည်း အရင်လို ခေတ်က        မကောင်းတော့ဘူးကွ။မပြန်ဖြစ်သေးတာကတော့ကွာ မေးမနေပါနဲ့။ဘာ.....လူတွေကတော့ သွားနေတုန်း ဟုတ်လား။ အင်းးးး သူတို့လည်း ကောင်းမယ်ထင်လို့ လာတာပေါ့ကွာ။ ဒီကိုလာတာလား  အင်းးးးးးးး                မိန်းကလေးတွေရောပေါ့။            မမေးပါနဲ့ကွာ။မင်းကသာ ငါ့ကို အတင်းမေးနေတာ။ငါဆိုတဲ့ကောင်က မြို့ပေါ်မှာ နေဖူးတာ မဟုတ်ဘူး။ အလုပ်က နယ်ဘက်မှာဆိုတော့ တစ်လတစ်ခါကို မြို့ပေါ်တက်ဖြစ်တာ မဟုတ်ဘူး။ဒါပေမယ့် ငါဟိုတစ်ခေါက်   မြို့ကို တက်တုန်းက  အာာ  မြို့ဆိုတာ ကွာလာလမ်ပူကို ပြောတာကွ။မင်းကလည်း ပိန်းလိုက်တာ။ငါပြောပြမယ်  မင်းကအတင်းမေးလို့သာ ပြောရမှာ ။ငါကတော့ ရှက်တယ်ကွ။ဒီလိုကွ  ငါကမြို့တက်မယ့် ကားပေါ်ကို အရင်ရောက်နေတာကွ။မင်းသိတဲ့အတိုင်းပဲလေ ငါက  ကားပေါ်မှာ ဘယ်တုန်းက အိပ်ဖူးလို့လဲ၊၊မင်းကလဲ ဖြတ်ဖြတ်မမေးပါနဲ့ ကွ။ငါပြောတာကို နားထောင်ပါ ဟ။    ကားထွက်ကာနီးကျတော့ ကားပေါ်ကို  ဘ တစ်ယောက်ရယ် မိန်းမတစ်ယောက်ရယ် တက်လာတယ်ကွ။                မင်းကလည်း  ဘ  ဆိုတာ ဘင်္ဂလား လူမျိုးကို ပြောတာကွ။  ဒါကတော့ ငါတို့ မြန်မာတွေ ခေါ်တာ  ပေါ့ကွာ။ယိုးဒယားက ထိုင်းလူမျိုးကျတော့  ယ  လက်တဲ့။ဗီယက်နမ်ကိုကျတော့  ဗ  တဲ့။မလေးလူမျိုးကို ကျ  တော့  မ  တဲ့။မြန်မာကျတော့ ရွှေ တဲ့လေ။မင်းကလည်း လောလိုက်တာ ဆက်ပြောမှာပေါ့ ဟ။ဘ  ဆိုတဲ့အ  ကောင်တွေက ထမင်းစားရင်သာ နနွင်းမှုန့်နဲ့ စားတာ။မိန်းမအတွက်တော့ ပိုက်ဆံအကုန်ခံနိုင်တယ် ကွ။အာ  နနွင်းမှုန့်နဲ့ ဒီအတိုင်းစားတာ ဘယ်ဟုတ်မလဲကွ။ဒါပေမယ့် သူတို့ချက်တဲ့ဟင်းက ဝါထိန်နေတာလေ။သူတို့    ထမင်း စားပြီးရင် ပါးစပ်တွေက ဝါနေတာ။ အော်ဒါနဲ့ ခုဏက  ဘ နဲ့ပါလာတဲ့ အမျိုးသမီးက ငါ့ စိတ်ထင်ကွာ  မြန်မာမလေးနဲ့ တူနေတယ်လို့တော့ ထင်မိသားကွ။ဒီအတိုင်းတော့ ဘယ်သွားမေးရဲမလဲ ကွ။ အေးးးးးး ကံ    ကောင်းတယ်ပဲ ပြောရမလား ကံဆိုးတယ်ပဲ ပြောရမလား မသိဘူး သူတို့က ငါ့အရှေ့က ခုံမှာ လာထိုင်နေ    တာ ကွ။ မင်းပြောသလိုပဲပေါ့ ငါလည်း သူတို့ ဘာတွေပြောလဲ ဆိုတာ နားထောင်နေတာပေါ့။မဟုတ်ရပါဘူး  ကွာ  မင်းပြောသလို ငါ့မှာ အဲဒီစိတ်နဲ့ နားထောင်နေတာ။                                                                 ဒီအမျိုးသမီးက ဘာလူမျိုးလဲ လို့ သိချင်တာပါ။  သူတို့ပြောတာကတော့ မလေးလို ပြောနေကြတာပေါ့ ကွာ။နောက်မှ အဲဒီ အမျိုးသမီးဆီက ဖုန်းမြည်လာတာ ကွ။ဖုန်းပြောတော့ မြန်မာလို ပြောတော့ တာပဲ ဟေ့။အေးးးးး မင်းမေးမယ်ဆိုလည်း မေးချင်စရာပါပဲ။သူတို့ ပြောနေတာကို နားထောင်ကြည့်ရသလောက်က
တော့ မိတ်ဆွေတွေမဟုတ်ဘူး ကွ။မင်းကလည်း ပိန်းလိုက်တာ ဒဲ့ဒိုးမပြောချင်လို့ ပေါ့ဟ။ ဟိုအဆင့်ကို         ရောက်နေပြီ ဟ။အော်   ငါလား အစကတော့ ထပြီးတော့ အဲဒီအမျိုးသမီးကို ထုရိုက်ပြစ်ချင်တာပေါ့ ဟ။ဒီ     လောက်တောင် တွဲစရာ ရှားရသလားပေါ့။နောက်မှ စိတ်ကို လျော့ချလိုက်ပါတယ်။အာာာ အဲလိုတော့ မဟုတ်ဘူး ကွ။ဒီရောက်တဲ့မိန်းကလေးတိုင်းပျက်စီးတာမျိုးတော့ မဟုတ်ဘူး ကွ။ကောင်းကောင်းမွန်မွန် လုပ်  ကိုင်စားတဲ့ အမျိုးသမီးတွေလည်း အများကြီးပါ ကွာ။အဲလို ပျက်စီးတယ်ဆိုတာ ဒီရောက်မှ မဟုတ်ပါဘူး။ မင်း  တို့ မြန်မာပြည်မှာရော ပျက်စီးနေတာ တပုံကြီးပါ ကွာ။
    ဟ ဘမောင်ရ ဒီမှာလဲ ကာရာအိုကေတို့ နိုက်ကလပ်တို့ ရှိတာပေါ့ကွ။အရင်ကတော့ ရောက်ဖူးပါတယ်။    ဘယ်ကလာ ကွာ သူဌေးနဲ့ လိုက်သွားဖူးတာလေ။ပြောရရင် သူ့ကို ထိန်းဖို့ပေါ့။သူမူးလာရင် ငါ့က ကားမောင်း
ပေါ့။နောက်ပိုင်းကျတော့ အန္တရယ် များလို့ မလိုက်ဖြစ်တော့တာ ကွ။ကားမောင်းရတာက ဘာမှမဟုတ်ပါဘူး
ငါတို့ မြန်မာပြည်လို ပြောရင် စီမံချက်လို့ ပြောရမယ်ထင်တယ်။အေးး အဲလိုမျိုးဝင်ဆွဲရင် ပါသွားဖို့က များ      တယ်။ဟ ကောင်ရ ကိုယ်က တရားဝင်အမှန် ဆိုပေမယ့် လောလောဆယ် အချုပ်ထဲအရင်ဝင်ရမှာ ကွ။ဒါ      တောင် မူးရစ်ဆေးဝါး မသုံးစွဲထားမှနော်။မူးရစ်ဆေးဝါး သုံးစွဲထားရင်တော့ ဂျေးထဲဝင်ရပြီသာမှတ်။
          မိန်းကလေးတွေလားးးးးးး   လာကြတယ်ကွ။သူတို့မို့ မကြောက်မရံွ့ ကွာ။ဆိုင်တာပေါ့ကွ   ဒီလို မကောင်းမှုတွေ ဖြစ်ပွားလွယ်တဲ့ နေရာကို မလာသင့်ဘူးကွ။ ဟိုမှာက အားလုံးလိုလို မူးနေတာ ဟ။
သြကာသ သြကာသ သြကာသ ရွတ်ဆိုနေတာ မဟုတ်ဘူး။ ပြီးတော့ ငါတို့ ဗုဒ္ဓဘာသာ မြန်မာ မိန်းကလေး   တွေဆိုရင် ပိုလို့တောင် မသွားသင့်တဲ့ နေရာကွ။ဘယ်ကလာ နေ့ခင်းဘက် ဟုတ်ရမလဲ။အဲလို နေရမျိုးက ည
11 နာရီလောက်မှ စ ပြီးတော့ စည်တာကွ။မင်း စဉ်းစားကြည့်ကွာ ငါတို့ မြန်မာမိန်းကလေးတယောက် အနေနဲ့ အဲလို နေရာမျိုးမှာ ပြဿနာ တစုံတခုခု ဖြစ်ခဲ့ရင် အဘက်ဘက်က နစ်နာစရာတွေပဲနော်။ပြဿနာ  ဆိုတာ ကိုယ်က မရှာပေမယ့် အဲလိုနေရာမျိုးဆိုတာ အများဆုံးဖြစ်နိုင်တဲ့နေရာ ကွ။ဘာပြဿနာမှ မဖြစ်ရင်  တောင် ကိုယ့်အသိမိတ်ဆွေ တစ်ယောက်ယောက်က မြင်သွားလို့ မြန်မာပြည်က မိဘတွေကို ပြန်ပြောပြရင်  အနည်းဆုံးတော့ မိဘတွေ စိတ်ပူမိမှာတော့ အမှန်ပဲ ကွ။ ဘာဖြစ်ဖြစ်ကွာ ငါကတော့ အဲလိုနေရာကို သွားတာ အားမပေးဘူး(မှန်သောစကား)။ဘာာာာာ  ကွ .... ကိုယ်ကောင်းရင် ကိုယ့်ခေါင်းဘယ်မှမရွေ့ဘူးးးးး
ဟုတ်လားးး။မင်းတော်တော် တုံးတာပဲ။ငါတို့ငယ်ငယ်တုန်းက ဒုတိယတန်းမှာထင်တယ် သင်ခဲ့ရတာလေကွာ       ကျေးညီနောင် ပုံပြင်လေ ကွာ။လေပြင်းမုန်တိုင်းတိုက်တော့ တစ်ကောင်က ရသေ့တပါးထံကို ရောက်    တယ်။နောက်တစ်ကောင်က ခိုးသားဒမြတွေ လက်ထဲကို ရောက်သွားတယ်လေကွာ။ရသေ့ထံကို ရောက်တဲ့  ကျေးလေးက လိမ္မာတယ်လေ။ခိုးသားတွေလက်ထဲရောက်တဲ့ ကျေးကျတော့ ရိုင်းစိုင်းတယ်လေ။မင်းရော      ငါရော ဒီအကြောင်းကို ငယ်ငယ်တုန်းက သင်ဖူးတယ်လေ ကွာ။ဒီပုံပြင်ဟာ ဘာကို ပြောချင်သလဲဆိုတော့    မိမိပေါင်းသင်းတဲ့ အပေါင်းအသင်းမိတ်ဆွေတွေက မိမိရဲ့ ကိုယ်ကျင့်စရိုက်တွေကို ပြောင်းလဲစေနိုင်တယ်ဆို  တာပဲ ကွ။ကောင်းတဲ့ ပါတ်ဝန်းကျင်ကြောင့် ကောင်းတာကို ဖြစ်စေနိုင်သလို မကောင်းတဲ့ပါတ်ဝန်းကျင်        ကြောင့်  မကောင်းတာကို ဖြစ်စေနိုင်တာပဲ ကွ။
           မင်းးးးးးး ကွာာာာာာာာာာာ တော်တော် ပြောရခက်တဲ့ကောင်။ပုံပြင်ဆိုတာ ကလေးတွေကို ပြောတာ
ဟုတ်လားးး။ဒါဆိုရင် မင်းကို ဇာတ်တော်တစ်ခု ပြောပြမယ်။မင်း ဒေဝဒတ် ဆိုတာတော့ ကြားဖူးမှာပေါ့။သူ့နာ
နာမည် အမှန်က  ဒေဝဒတ္တ ကွ။ မြန်မာလိုဆိုရင်တော့ နတ်ပေးတဲ့မင်းသားပေါ့ ကွာ။မင်းတို့ ငါတို့က အလွယ်
ခေါ်နေတာ ဒေဝဒတ်လို့။အဇာတသတ် မင်းသားရော မင်းသိတယ်နော်။အေးးးးးးး အဲဒီ အဇာတသတ် မင်း    
သားဟာ ဒေဝဒတ်ကို ဆရာတင်မိလို့ အပေါင်းအသင်းမှားခဲ့လို့ ဖခင်ဘုရင်ကြီးကို ပြန်သတ်ခဲ့တာပေါ့ ကွ။ဒေ 
ဝဒတ် ဘယ်လောက်ဆိုးလဲ ဆိုတော့ ငါတို့ ဂေါတမ မြတ်စွာဘုရားကိုတောင် သတ်ဖို့ သုံးခါ ကြံခဲ့တာကွ။     
ဘယ်သူမှ မြတ်စွာဘုရားကို သတ်ဖို့ မကြံစည်ခဲ့ဘူး။ သူတယောက်ပဲ ကြံစည်ခဲ့တာ။သံဃာကိုတောင်          ဂိုဏ်းကွဲအောင် ကြံစည်ခဲ့သေးတာ ကွ။နောက်ဆုံးတော့ ကွာ အဲဒီ အရှင် ဒေဝဒတ်လည်း မြေမြိုပြီး အဝီစီကို  ရောက်ခဲ့တာပဲလေ။မင်းမယုံရင် အဝီစီ ဒေါ့ကွန်းမှာ ရှာကြည့် ဒေဝဒတ်ကို တွေ့လိမ့်မယ်။ဒါကြောင့် သူ့ကို      လူမိုက်လို့ ပြောကြတာပေါ့ ကွာ။
           အဇာတသတ် မင်းသားဟာ သူ့ဖခင်ဘုရင်ကြီးကို သတ်ပြီးမှ နောင်တရသတဲ့လေ။ဒီတော့ နန်းတော်ထဲမှာ ရှိတဲ့ ပညာရှိ မှူးမတ်တွေကို မေးသတဲ့လေ။သူ့စိတ်မှာ ခံစားနေရတဲ့ ဝေဒနာတွေကို ပျောက်
ပျက်သွားအောင် ဘယ်လို လုပ်ရမလဲလို့ပေါ့။ဒါပေမယ့် သူ့နန်းတော်ထဲမှာ ရှိနေကြတဲ့ မှူးမတ်တွေက ငါတို့     ဂေါတမ မြတ်စွာဘုရားကို ကိုးကွယ်ကြတာ မဟုတ်ဘူးလေ။သူတို့ရဲ့ အယူလွဲနေတဲ့ ဂိုဏ်းဆရာကြီးတွေကို   ပင့်ဖိတ်ပြီးတော့ ကုပါလို့ ပြောသတဲ့လေ။ဒါနဲ့ အဲဒီ ဂိုဏ်းဆရာကြီးတွေကို ခေါ်ကုတော့လည်း ဝေဒနာက မ   သက်သားဘူးပေါ့။ဒါနဲ့ နောက်ဆုံးတော့ အဇာတသတ်မင်းထံမှာ ခစားနေတဲ့ ဆေးဆရာကြီး ဆရာဇီဝက က 
ဂေါတမမြတ်စွာ ဘုရားထံကို ခေါ်သွားပြီး ဘုရားနဲ့ တွေ့မှ အဇာတသတ် မင်းသားဟာ စိတ်သက်သာရာ ရသတဲ့။တကယ်လို့ ဆေးဆရာကြီး ဆရာဇီဝက ကသာ မြတ်စွာဘုရားထံကို ခေါ်မသွားခဲ့ဘူးဆိုရင် အဇာ     တသတ် မင်းဟာ သူခံစားနေရတဲ့ သောကမီးတွေ ငြိမ်းမှာ မဟုတ်ဘူး လေ။ဒီတော့ ငါပြောချင်တာက အရှင်
ဒေဝဒတ်လို မကောင်းတဲ့သူကို ဆရာတင်ခဲ့မိလို့ မကောင်းတာတွေကို လုပ်ခဲ့မိပေမယ့် ဆရာဇီဝကလို မိတ်  
ဆွေကောင်းတွေ့ခဲ့လို့ သူခံစားနေရတဲ့ ဝေဒနာကို သက်သာစေခဲ့တယ်လေ။ဒီတော့ ကွာ လောကကြီးမှာပတ်
ဝန်းကျင်ဆိုတာ အရေးကြီးတယ် ကွ။အေးးးးးးးးးးးးး ဒီလောက်ဆိုရင် မင်းလည်း နားလည် သဘောပေါက်       လောက်ပြီလို့ ထင်ပါတယ်။ ဒါပေမယ့်ကွာ ငါကသာ မင်းကို ဘယ်လိုပြောပြော မင်းစိတ်ထဲမှာ ကျေနပ် လက္ခံ
မှ ဖြစ်မှာကွ။မင်းပြုမူပြောဆိုပြုလုပ်လိုက်တဲ့ အရာတစ်ခုရဲ့ ကောင်းမွေ ဆိုးမွေကို မင်းပဲ ခံစားရမှာ။တခြား    
ဘယ်သူကမှ လာပြီးတော့ အစားထိုးခံယူလို့မရဘူးး။ဒီတော့ကွာ မင်းမှာလည်း စဉ်းစားတတ်တဲ့ အသိဥာဏ်ရှိ
တာပဲလေ။ 
  သေသေချာချာ စဉ်းစားပေါ့  ကွာာာာာာာာာ။

(ရိုးသားစွာ ဝန်ခံချက်။         ။ဒီပို့လေးရဲ့ ခေါင်းစဉ်က ဆရာ ချစ်နိုင် (စိတ်ပညာ) ရဲ့ ခေါင်းစဉ်းလေး ယူထားတာပါ။စာကတော့ ကျွန်တော်ကိုယ်တိုင်ရေး စာမူလေးပါ။ဒီနေရာကနေ ဆရာရဲ့ ခေါင်းစဉ်လေးကို ခွင့်မတောင်းမိပဲ ယူသုံးမိသည့် အတွက် ဆရာချစ်နိုင်(စိတ်ပညာ)အားအနူးအညွတ် တောင်းပန်အပ်ပါသည်  ခင်ဗျာ)။


written by.......http://wwwtrueornot.blogspot.com/ 

Friday 5 August 2011

ပန်းကန်ဆေးတာ ရှက်စရာလား

ဒီနေ့ ဗျာ အစ်မတစ်ယောက်နဲ့ လိုင်းပေါ်မှာ စကားပြောနေတုန်း ဘေးနားချထားတဲ့ ဖုန်းက အသံမြည်လာလို့ ဖုန်းနံပါတ် ကြည့်လိုက်တော့ သူငယ်တစ်ယောက်ရဲ့ ဖုန်းဖြစ်နေတယ်။ဒါနဲ့ ဘာလဲ ဟ လို့မေးလိုက်တော့ ဟူးး
သူပြောတာကတော့ သူ့ညီတစ်ယောက် ရောက်လာတာ ဘာမှမတတ်လို့ စားသောက်ဆိုင်သွင်းပေးထားတာ

စားသောက်ဆိုင်မှာ စကားမတတ်တော့ ပန်းကန်ဆေးရတာကို ရှက်လို့ ဆိုပြီး အလုပ်က ထွက်လာတာ အခု  အလုပ်မရှိလို့ အလုပ်ရှာပေးပါတဲ့လေ( ကြားလို့မှ ကောင်းကြသေးရဲ့လား)။ဒါနဲ့ မင်းညီက ဘာလုပ်တတ်လဲလို့
မေးတော့ "ဘာမှမလုပ်တတ်ပါဘူးတဲ့"မြန်မာပြည်မှာရောဘာလုပ်ဖူးလဲလို့မေးတော့"ကျောင်းထားပေးတော့ ကျောင်းကို ပြီးအောင် မနေဘူး။အလုပ်ခိုင်းတော့လည်း ဟိုအလုပ်ကဘာဖြစ်တယ်၊ဒီအလုပ်က ဘာဖြစ်တယ်
ဆိုပြီး ဘာကိုမှ လက်ကျောတင်းအောင် မလုပ်ဘူးတဲ့ ဗျာ" အဲဒါနဲ့ မလေးကို လွှတ်လိုက်တာ အခုတော့ ဒီကောင့်ကို အလုပ်ရှာပေးပါအုံးတဲ့။ဒါနဲ့ပဲ မင်းညီနဲ့ စကားပြောချင်ဆိုပြီး သူ့ညီကို မေးကြည့်လိုက်တော့ "ငါ့ညီက ဘာလုပ်ချင်တာလဲလို့" မေးလိုက်တော့ "အကိုရယ် စဉ်းစားကြည့်ပါအုံး ကျွန်တော်က နောက်ဆုံးနှစ်အထိ ကျောင်းတက်ခဲ့တာပါ။ဘွဲ့မလိုချင်လို့ ကျောင်းဆက်မတက်တော့တာ။အခုတော့ မလေးရှားကို လာပြီးတော့ ပန်းကန်ဆေးရတယ်လို့။မြန်မာပြည်ပြန်လို့မှ ဘာအလုပ်လုပ်တာလဲလို့ မေးရင်    ဘယ်လို ပြန်ဖြေမလဲတဲ့လေ" ဒါနဲ့ ကျွန်တော်က " ငါ့ညီက ဘာတွေများ လုပ်တတ်သလဲ" လို့ မေးတော့"ဘာ
မှ မလုပ်တတ်ဘူးအကို ဟဲဟဲ " တဲ့လေ။ ဒါနဲ့ ကျွန်တော်လည်း " အေးပါကွာ မင်းနဲ့ သင့်တော်တဲ့ အလုပ်တွေ့
ရင် ငါပြောပါ့မယ်"လို့ ပြောပြီး ဖုန်းချလိုက်တယ်။
          2007 လောက်ကထင်တယ်။အသေအချာတော့ ကျွန်တော် မမှတ်မိဘူး။မြန်မာပြည်က ထုတ်တဲ့ မဂ္ဂဇင်း တစ်စောင်မှာ မလေးရှား လာပြီးတော့ ပန်းကန်ဆေးတဲ့ အလုပ်သမားတစ်ယောက်ရဲ့ အကြောင်းကို  ရေးထားတာ ဖတ်လိုက်ရတယ်။စာရေးဆရာ ရေးထားတာက အဲဒီ အလုပ်သမားဟာ သူများနိုင်ငံသွားပြီး      တော့ ပန်းကန်ဆေးနေရတယ်။ကိုယ့်အိမ်မှာ ဆိုရင် ဘာမှလုပ်ဖူးတာ မဟုတ်ဘူး။လ္ဘက်ရည်ဆိုင် ထိုင်လိုက် ၊
ဘောလုံးလေးကန်လိုက်နဲ့ လူ့ဘော်ကျော့ နေနေတာ မလေးရှားရောက်မှ ပန်းကန်ဆေးရတယ်ဆိုပြီးရေး      ထားတာပါ။ဒါကို သူ့အမေက လကုန်လို့ သူ့သားပိုက်ဆံ ဘယ်လောက်ပို့လိုက်တယ်ဆိုပြီးတော့ ရက်ကွက်   
ထဲမှာ လိုက်ကြွားနေတယ်။သူ့သားက ပန်းကန်ဆေးပြီး ပို့လိုက်တာကို ဘာမှ အထင်ကြီးစရာ မရှိဘူးဆိုပြီး    ရေးထားတာပါ။ကျွန်တော် အဲဒီစာရေးဆရာဆီကို စာပြန်ရေးခဲ့ဖူးတယ်။အယ်ဒီတာဆီကိုရောပေါ့။
         ကျွန်တော်ရေးထားတာကို အတိုချုပ်ပြောရရင် 
ဆရာက ပန်းကန်ဆေးတာကို ရှက်စရာအလုပ်၊အထင်ကြီးစရာ မဟုတ်ဘူးဆိုတော့ အလုပ်မလုပ်ပဲနဲ့ လ္ဘက်  ရည်ဆိုင်ထိုင်တာကရော အထင်ကြီးစရာလား၊ဂုဏ်ယူစရာလား။  ပန်းကန်ဆေးပြီးတော့ မိဘကို လုပ်ကျွေး  
တာက ရှက်စရာလား၊အထင်သေးစရာလား။ပညာတွေ အများကြီးတတ်ပြီးတော့ ပိုက်ဆံတွေလည်း အများ    ကြီးချမ်းသာပြီး မိဘကို ပြစ်ထားတာကရော အထင်ကြီးလေးစားစရာလား၊ ဂုဏ်ယူအားကျစရာလား။ဆရာ    က မလေးရှားမှာ ပန်းကန်ဆေးတာကိုပဲ တွေ့ဖူးတာလား။ဂျပန်မှာ ပန်းကန်ဆေးတာရော မကြားဖူးဘူးလား။
ဆရာက ပြောမှာပေါ့ ဂျပန်မှာ ပန်းကန်ဆေးတာက ပိုရလို့ ပြောစရာမလိုဘူးဆိုရင် ပိုရတာက အဓိက မကျ  ပါဘူး။ရလာတဲ့ ငွေကို ဘယ်လို အသုံးချတာလဲက ပိုအဓိက ကျတာပါ။ဂျပန်ဆိုတာ လူတိုင်းသွားချင်တဲ့နေရာ
ပါ။ပိုက်ဆံရှိတိုင်းလည်း သွားဖို့ မလွယ်ပါဘူး။မလေးရှားကတော့ အတော်အသင့်တတ်နိုင်ရင် လာလို့ဖြစ်တဲ့   နေရာပါ။ဒါကြောင့်လဲ မြန်မာတွေ အများဆုံးလာအလုပ်လုပ်တဲ့ တိုင်းပြည်ဖြစ်နေတာပေါ့။မြန်မာပြည်မှာ လိမ္မာ ပြီးတော့ မလေးရှားရောက်မှ ဆိုးတဲ့သူတွေလည်း တပုံကြီးပါ။မြန်မာပြည်မှာ ဆိုးပေနေတဲ့သူတွေ 
မလေးရှားရောက်မှ လိမ္မာလာတဲ့သူတွေလည်း ထုနဲ့ဒေးပါ။ဒီတော့ ဆရာ့အနေနဲ့ နောက်တခါစာရေးမယ်ဆို  
ရင် လောကကို အမှန်အတိုင်းမြင်တတ်အောင် ရေးပါလို့ ကျွန်တော်ဆုတောင်းလိုက်တယ်။    ။
    ကျွန်တော် အဲလိုစာမျိုးရေးပြီးတော့ စာရေးဆရာရော အယ်ဒီတာဆီကိုရော ပို့ပေးဖူးတယ်။ပြန်စာတော့ မလာဘူး။နောက်ပိုင်းအဲဒီ စာရေးဆရာ ရေးတာမတွေ့တော့ဘူး။စာရေးတယ်ဆိုတာ ဝမ်းစာအတွက်ပဲရေး   ရေး၊ဝါသနာပါလို့ပဲ ရေးရေး ကိုယ်ရေးလိုက်တဲ့စာကြောင့် စာဖတ်သူမှာ အယူလွဲမှားသွားရင် မကောင်းဘူး။
ကျွန်တော်လည်း တတ်သိနားလည်လို့တော့ မဟုတ်ဘူး။ ကျွန်တော်သိသလောက်လေးကို အကြံပေးတာပါ။

     ကျွန်တော်တို့ မြန်မာလူမျိုးတွေ အတွေးအခေါ်
တွေ၊ အကြံ အစည်တွေ ပြုပြင် ပြောင်းလဲဖို့ အရမ်း
ကို လိုပါသေးတယ်။ပြုပြင် ပြောင်းလဲ ဖို့ သင့်တော်နေ
ပါပြီ။ 

မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သော ကဆုန်လပြည့်နေ့ ကြည်နူးဖွယ်ရာ မြင်ကွင်းများ အပိုင်း(၂)

ဘုရားဆင်းတုတော်များကို ရောင်းနေသူများလုံခြုံရေးတာဝန် ယူနေသော မလေးရှားရဲများဆင်းတုတော်များကို တင်ဆောင်ထားသော မော်တော်ကားများတရုတ်တွေ ဆွဲထားသော ဖွားတော်မူခန်းပုံတောထွက်တော်မူခန်းပုံဒါကတော့ အိန္ဒိယ လူမျိုးတွေရဲ့ကားပေါ့သူတို့တွေလည်း ပါကြတယ်လေ ဘယ်သူတွေဆိုတာ သိမှာပါ။သူငယ်ချင်းတွေပါဒါလည်း မြန်မာတွေပါပဲ။ဒါကတော့ ကွမ်ရင် မယ်တော်ကားပေါ့။တရုတ်တွေကတော့ ဒီဖွားတော်မူပုံကို ရေသပ္ပါယ်ပါတယ်။ဒါကတော့ သတိပဌာန ဓမ္မရိပ်သာ(ညောင်ကန်အေး) ကျောင်းမှ ဆရာတော်များ အပူဇော်ခံနေတာပါ။ဒါကတော့ နီပေါက ဘုန်းတော်ကြီးတွေပါ။ဒါကတော့ သီရိလင်္ကာက ဘုန်းတော်ကြီးတွေပါသူတို့တွေလည်း လာကြတယ်နီပေါ သံရုံးက အဖွဲ့ပါ။ မြန်မာ သံရုံးကတော့ မတွေ့မိပါဘူး။  ကဲ အားလုံးပဲ ကျေနပ်ကြမယ်လို့ထင်ပါတယ်။အလှပြာကားပေါင်း အစီးနှစ်ဆယ်ကျော်ပါတယ်။မြို့ထဲကို လှည့်တာ လေးနာရီကျော် ကြာပါတယ်။တကယ့်စည်ကားတဲ့လမ်းတွေကို လှည့်တာပါ။
  ကျွန်တော့် ဘလော့ကို မဝင်ဖြစ်တာ အတော်ကြာပါပြီ။အဓိက က မအားလို့ပါ။သူငယ်ချင်းတွေ   
ကိုလည်း အထူးပဲ အားနာမိပါတယ်။ဒီအပေါ်က ဓာတ်ပုံတွေဆိုရင် အတော်ကြာပါပြီ။တခြားဆိုဒ်  
တွေမှာ ကျွန်တော် တင်ခဲ့တာ။တခြားဆိုဒ်မှာ တင်ခဲ့တုန်းက စာတွေ ဒီလောက်မရေးဖြစ်ခဲ့ပါဘူး။ 
ပုံသက်သက် လောက်ပဲ တင်ခဲ့တာပါ။
      ဘုရားပွဲလှည့်တဲ့နေက ကျွန်တော့်ဘဝအတွက် အတော်ထူးခြားတယ်လို့ ပြောရင်ရနိုင်ပါတယ်
ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်မလေးရှားမှာ ပထမဦးဆုံး ဥပုသ်စောင့်ဖူးတဲ့ နေ့ဖြစ်နေလို့ပါ။ 
နောက်ပြီးတော့ ဒီပွဲကို အဲဒီနေ့ကမှ ရှိမှန်း သိခဲ့တာပါ။ကျွန်တော်တို့ အဲဒီနေရာကို ရောက်တော့ 
တကယ်အံ့သြမိတယ်။ဟာ...ဒီလောက်တောင် စည်ကားလိမ့်မယ်လို့ မထင်မိဘူး။နောက် မြန်မာ 
တွေကို မြန်မာဝတ်စုံတွေနဲ့ တွေရတော့ ဒါမြန်မာပြည်မှာ လုပ်နေတာလားလို့တောင် ထင်မိတယ်။
ပြီးတော့ ဘုန်းကြီးကျောင်းဝင်းထဲမှာ ထမင်းဝေနေတာ လူကို ကြိတ်ကြိတ်တိုးနေတာပဲ။
        အဓိက ကျေးဇူးတင်မိတာကတော့ မလေးရှား အစိုးရကိုပါ။ဘုရားပွဲလှည့်ဖို့ အတွက် လမ်း
တွေ တော်တော်များများကို ပိတ်ပေးရတယ်လေ။ဘူကစ်ဘင်တန်းလို လမ်းမျိုးကို ပိတ်ပေးရတာ 
တွက်သာကြည့်ပေတော့။ပြီးတော့ အစိုးရထိပ်ပိုင်း ခေါင်းဆောင်တွေက ဘာသာခြားတွေလေ။
ကျွန်တော်တို့ လှည့်နေတဲ့အချိန်မှာ လုံခြုံရေးက အပြည့်နဲ့ပါ။ဘာမှ အစစ်ဆေး အမေးအမြန်း မရှိ
ဘူး။ပြီးတော့ လူနာတင်ယာဉ်တွေ၊ကြက်ခြေနီတွေက ဆိုင်ကယ်တွေ ၊ကားတွေနဲ့ ဘေးမှာရော
အနောက်မှာရော အရှေ့မှာရော အပြည့်ပါပဲ။လမ်းမလျှောက်နိုင်ရင် ကားနဲ့တင်ခေါ်ဖို့ ကားက  
ဘေးမှာပါသေးတယ်။လမ်းမှာ စားစရာ၊အချိုရည်၊သောက်ရေသန့်ဝေတဲ့သူတွေနဲ့ တကယ်ကို   
ကြည်နူးစရာပါ။ကျွန်တော်ထင်တာတခုက မလေးရှားနိုင်ငံမှာ တရုတ်နဲ့ အိန္ဒိယ တွေထဲမှာ ဗုဒ္ဓဘာ
သာဝင်တွေရှိတော့ ဒီပွဲဟာ ပိုပြီးတော့ စည်ကားတာပါ။
    လမ်းကတခါမှ ဒီလောက် မလျှောက်ဘူးတော့ အတော့်ကို အီပါတယ်။ပြီးတော့ ဖိနပ်ခွာက 
အမြင့်ဆိုတော့ ပိုပြီးတော့ အီပါတယ်။နောက်နေ့ အလုပ်တောင် မဆင်းနိုင်ဘူး။ခြေထောက်တွေ
ကျိန်းနေလို့။ဒါပေမယ့်..... နောက်နှစ် ကျွန်တော်မလေးမှာ ရှိနေမယ်ဆိုရင် ဒီပွဲကို မဖြစ်မနေ သွား
မှာပါ။         
           အတော်နောက်ကျမှ တင်မိတဲ့အတွက် အားလုံးကို တောင်းပန်ပါတယ်  ဗျာာာ....                                                                                                                                                                                                                                                           

Sunday 26 June 2011

မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သော ကဆုန်လပြည့်နေ့ ကြည်နူးဖွယ်ရာ မြင်ကွင်းများ အပိုင်း(၁)



ဒုတိယပိုင်းကို ဆက်တင်ပါမည် ။။။ တင်ချင်တဲ့ပုံတွေက တအားများနေလို့ပါ။          ။

လည်လည်သွားမလား မလေးရှားထောင်(၂)

    သူတို့က ရိုးသားတယ်ဆိုပြီး လုပ်အားပေး လုပ်ခိုင်းထားတဲ့သူတွေက ရိုးသားတဲ့သူနည်းပါတယ်။ထောင်ထဲ
မှာ အရောင်းအဝယ် အကြောင်းကို ဒီနေရာမှာ ပြောပြချင်ပါတယ်။ တခြားဟာတော့ မဟုတ်ပါဘူး။ ဆေးလိပ်
သောက်တဲ့ ဆေးကို အရောင်းအဝယ် လုပ်တာပါ။ မလေးလိုတော့ (တမာကောက်)လို့ ခေါ်ပါတယ်။ဒီဆေးက
အပြင်မှာ ဝယ်ရင် တထုပ်ကို RM 1 ကျပ်လောက်ပဲ ကျပါတယ်။ ထောင်မှာ အစောင့်ကျတဲ့ရဲက ပြန်ရောင်း
တော့ လေးထုပ်ကို RM 100 နဲ့ ပြန်ရောင်းပါတယ်။သူတို့တွေကလည်း ထောင်ထဲကို ခိုးဖွက်ပြီး သယ်လာရ
တာပါ။ သူတို့ အတွက်လည်း အန္တရယ် များပါတယ်။တချိှု့ဆိုရင် သူတို့ သယ်လာတာကို ဖမ်းမိပြီး ထောင်ပြန်
ကျနေတာတွေ ရှိပါတယ်။သူတို့ကို ဘယ်သူက ဖမ်းမလဲလို့တော့ မေးစရာရှိပါတယ်။ ဟုတ်ကဲ့ UKP လို့ ခေါ်တဲ့ ခါးပတ်အဖြူရောင် တွေကဖမ်းတာပါ။ခုဏက ဆေးကို ထောင်သားတွေက ပြန်ရောင်းတော့ တထုပ်ကို  လေး ပုံ ပုံပြီးတော့ တပုံကို RM 25 နဲ့ပြန်ရောင်းတာပါ။ဈေးကြီးတယ်လို့ ပြောရင် ပြောလို့ရပါ
 တယ်။ဒါပေမယ့် မလွယ်ပါဘူး။သိမ်းထားရတာက တအားတာဝန်ကြီးတယ်။ပြီးတော့ ရဲတိုင်းက ဆေးမ
ရောင်းသလို ထောင်သားတိုင်းကလည်း ဆေးအရောင်းအဝယ်မလုပ်ပါဘူး။တာဝန်ကို တိတိကျကျ ထမ်း
ဆောင်တဲ့ ရဲက ပိုများမယ် ထင်တယ်။(မြန်မာပြည်လိုပေါ့ :P)ထောင်ထဲမှာ ဆေးအရောင်းအဝယ်လုပ်တဲ့ ထောင်သားကတော့ အိမ်ကနေ ထောင်ဝင်စာ လာမတွေ့ရင်လည်း ပြဿနာ မရှိပါဘူး။ဆေးလိပ်တလိပ်စာ
ကို ကြက်သားတတုံးနဲ့ တန်ဖိုးညီပါတယ်(ကြက်တကောင်ကို ဆယ်တစ်တုံးမှ တစ်တုံး)။အဝတ်လျှော် ဆပ်ပြာ
တစ်တုးံနဲ့လည်း တန်ဖိုးညီပါတယ်။ဆေးတလိပ်စာဆိုတာ ဘာမှ မရှိပါဘူး။ မန်းကျည်းသီး အစေ့ တခြမ်းစာ
လောက်ပဲရှိပါတယ်။ဒါတောင် ဆေးလိပ် လိပ်ဖို့ စက္ကူမပါသေးဘူး။ဒီတော့ အိမ်ကနေ ပိုက်ဆံတတ်နိုင်တဲ့သူ
က ပိုက်ဆံကို ဖွက်ပြီးတော့ ယူလာပြီး ဆေးလိပ်သောက်ဖို့ ဆေးကို ဝယ်နိုင်သလို မတတ်နိုင်တဲ့သူက ထောင်ဝင်စာလာတွေ့တဲ့ ပစ္စည်းတွေကို ဆေးလိပ်နဲ့ လဲလှယ်ပြီးတော့ ဆေးလိပ်ပြဿနာကို ဖြေရှင်းပါတယ်။
မသောာက်ပဲ နေနိုင်ရင်တော့ အကောင်းဆုံးပါ။မီးခြစ်အကြောင်းကို ဗဟုသုတ အနေနဲ့ ပြောပြချင်တယ်။ မီးခြစ်ကို ဗိုက်ထဲထည့်လာတယ်လို့ ပြောရင် ခင်များတို့ ယုံမယ်မထင်ဘူး။ တကယ်ထည့်လာလို့ရတယ်။
   မီးခြစ်ကို အပေါ်ပိုင်းလေးပဲ ယူလာတာ။ကျောက်အထိုင်တွင်းလေးရယ် ကျောက်ရယ် ဘီးရယ် ဒါပဲ ပါတာ။
ကျန်တဲ့အပိုင်းတွေကို ချိုးဖဲ့ပြီးတော့ ခုဏက ဟာကိုယူလိုက်ရင် လက်တဆစ်စာလောက်ပဲ ကျန်တော့တယ်။
အဲဒါကို ပလက်စတစ်နဲ့ သေချာထုတ်ပြီးတော့ မျိုလိုက်တာပဲ။သူကတော့ ထောင်ထဲရောက်ရင် တန်ဖိုးကြီး
တယ်။မီးခြစ်ခြစ်ရင် ဂတ်စ်မလိုဘူး။ချည်မျှင်အစလေးကို အနားသားမွမွလေးထားပြီး မီးခြစ်ဘီးနားထားပြီး
တော့ ခြစ်လိုက်ရင် မီးထတောက်တယ်။(သင်ပေးသလိုများ ဖြစ်နေပြီလား မသိဘူး)
   ထောင်ကျအပိုင်းကိုပဲ ပြောတော့မယ်။တရားရုံးက အမိန့်ကျလို့ ထောင်ကျဆောင်ကို သွားရတော့မယ်ဆို
ရင် မှတ်ပုံတင်ပြီးတာနဲ့ အဝတ်ပါထုတ်ပေးတယ်။အင်္ကျီပဲ ရယ် ၊နောက်မွေ့ရာရယ်၊စောင်ရယ်။ မွေ့ရာ ဆိုပေ
မယ့် မထူပါဘူး။ ဂွမ်းကပ်သဘောမျိုးလောက်ပါ။အင်္ကျီက ကော်လံကို လိုက်ပြီးတော့ အရောင်ခွဲထားပါတယ်
ငါးနှစ်သမားအထိကို ကော်လံက အနီရောင်၊ငါးနှစ်ကနေ ဆယ်နှစ်အထိကို ကော်လံက အစိမ်းရောင်၊ဆယ်
နှစ်အထက်ကို ကော်လံက အပြာရောင်ပေါ့။အပြင်ကို ထွက်ရင် ဒီအင်္ကျီကို ဝတ်ရပါတယ်။
     မလေးကထောင်တွေမှာ ပြစ်မှုအကြောင်းကို အနည်းငယ်ပြောပြချင်ပါတယ် ။ပြစ်မှုအများဆုံးက တရား
မဝင် နိုင်ငံခြားတွေပါ..15/(A) ။ဒုတိယ အများဆုံးက ခိုးမှု၊အလစ်သုတ်မှုပါ။မလေးလူမျိုးများပါတယ်။တတိယ
ကတော့ ဆေးမှုပါ။ဒဏ်ငွေ RM 3000 လောက်ဆောင်ရင် လွတ်နိုင်ရဲ့သားနဲ့ မဆောင်နိုင်လို့ ထောင်ကျနေ
တဲ့ မလေးတွေများပါတယ်။တရုတ်တွေကတော့ ဆရာကောင်တွေပါ။39/(B) ဒီလိုပုဒ်မမျိုးက တရုတ်လူမျိုး
တွေများပါတယ်။ကြိမ်ဒဏ်ပါတယ်။တချို့သေဒဏ် ကျနိုင်တဲ့သူတွေလည်း ရှိပါတယ်။ကြိုးမိန့်ပေါ့။စတုတ္ထ အများဆုံးက 376၊377 အမှုတွေပါ။တကယ်အံ့သြဖို့ ကောင်းတယ်။ဖြစ်တာက အဖေနဲ့ သမီး၊အဖိုးနဲ့ မြေး၊အ
ကိုနဲ့ ညီမ၊တူမနဲ့ ဦးလေး အမျိုးအချင်းချင်း ဖြစ်နေတာ။သူတို့ ဖြစ်တာတကယ် လူကြားလို့ မကောင်းဘူး။
ဒီမှာလည်း ဒီလိုအမှုနဲ့ ထောင်ကျလာပြီဆိုရင် မြန်မာပြည်လိုပါပဲ သေဖို့သာပြင်ထား။ကိုယ်နေမဲ့နေရာကို 
သတိမလစ်ပဲ ရောက်ရင် အများကြီးကံကောင်းတယ်မှတ်။ရုံးချိန်းက ပြန်လာတိုင်းနော် အထုအထောင်းခံရ
တာ။ဒီလိုပြစ်မှုမျိုးကို နိုင်ငံခြားသား တယောက်ကများ ကျူးလွန်မိလို့ကတော့ ဟူးးးးးး ပြောမပြတတ်လောက်
အောင်ပါပဲ။ နောက်ထပ်များတာကတော့ 420၊ 302 ပုဒ်မတွေပါ။420 ကတော့ တရုတ်တွေများပါတယ်။
ဒီမလေးမှာ စကားပုံတခုရှိတယ်။ မလိမ်ရင် တရုတ်မစစ်ဘူးတဲ့ ။မပျင်းရင် မလေးမစစ်ဘူးတဲ့။ မသောက်ရင် 
ကုလား မစစ်ဘူးတဲ့ ဟီးးးးးးးးး(ကုလားဆိုလို့ စိတ်မဆိုးနဲ့နော် အိန္ဒိယကို ပြောတာပါ။မန်းကျည်းသီးဆိုရင် ပိုမှန်မယ်)။302 အမှုကတော့ ကုလားတွေ အများဆုံး ဖြစ်တာပါ။
    ထောင်ထဲမှာ အလုပ်လုပ်လို့ရပါတယ်။လစာကတော့ တနေ့ကို RM 1ကျပ်မကျော်ပါဘူး။အလုပ်ကတော့ 
အမျိုးမျိုးပါပဲ။လက်သမား၊အဝတ်လျှော်၊စက်ချုပ်၊စားဖိုဆောင် အများကြီးပါပဲ။ဆယ်နှစ်ကျော် သမားတွေမှ
လစာရတာများပါတယ်။ဒီအတိုင်းနေမဲ့အစား အလုပ်လုပ်တာက ပိုကောင်းပါတယ်။ကြိမ်ဒဏ်အကြောင်းကို 
ပြောပြချင်ပါသေးတယ်။အမိန့်ကျလို့ ကြိမ်ဒဏ်ပါရင် တခါတည်း မရိုက်ပါဘူး။ထောင်ကျရက် အလယ်
လောက် ရောက်မှ ရိုက်တာ များပါတယ်။ကြိမ်ရိုက်တာ လူနဲ့ရိုက်တာပါ။တချို့က စက်နဲ့ရိုက်တယ်ထင်နေလို့။
ဗလကောင်းကောင်းနဲ့ ခုဏက UKP တွေရိုက်တာပါ။အလူမီနီယံလှေကားလိုမျိုး သစ်သားကိုလုပ်ထားတာပါ။
လက်နှစ်ဘက်နဲ့ ခြေထောက်နှစ်ဘက်ကို အနေတော်သာသာ ကားထားပြီးတော့ သစ်သားနဲ့ ရော ချည်ထား
တာပါ။အဝတ်အစားဆိုလို့ သူတို့ ချုပ်ထားတာကိုပဲ အရှက်လုံအောင် ဝတ်ထားရတာပါ။အနောက်ပိုင်းက တင်သားနဲ့ ကြိမ်ထိမဲ့နေရာကို ဖော်ထားပါတယ်။ကိုယ့်ကို ဘယ်သူက ရိုက်တယ်ဆိုတာ မသိပါဘူး။ဘယ်အ
ချိန်ရိုက်မယ်ဆိုတာလည်း မသိပါဘူး။မျက်နှာကို အရှေ့တည့်တည့် လှည့်ထားရပါတယ်။သူတို့ကလည်း သိတယ်။စိတ်ကို တင်းထားတဲ့အချိန်မရိုက်ဘူး။စိတ်လျှော့ချလိုက်တဲ့ အချိန်မှရိုက်တာပါ။တင်းထားရင် ပိုခံရ
တယ်လို့ ပြောပါတယ်။တချက်နဲ့ တချက်ခြားမှာ တမိနစ်လောက်တော့ ကြာပါတယ်။ကြိမ်ဒဏ်ဘယ်လောက်
များများ တခါတည်း ပြီးအောင်ရိုက်ပါတယ်။ကြိမ်လုံးကို ဆေးစိမ်ထားတယ် ဘာဆေးလဲတော့ မသိဘူး။တချို့
ကြိမ်ဒဏ်များတဲ့ သူတွေဆိုရင် တင်သားနေရာတွေမှာ လက်ချောင်းတွေ ထည့်လိုက်ရင် မြုပ်နေပါတယ်။သ
တိပါလစ်သွားတာပေါ့။ပြီးရင်တော့ သူတို့ကို ဆေးထည့်ပေးပါတယ်။သောက်ဆေးပါ နှစ်လုံးလောက် ပေးပါ
တယ်။ကျန်တာတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အနာကျက်အောင် ဆက်ကုပေတော့။ကြိမ်ရိုက်တဲ့အခါမှာ တာ
ဝန်ကျ ထောင်အရာရှိတွေ ကိုယ်တိုင်လာကြည့်ပါတယ်။ညာလို့မရပါဘူး။ကျန်းမာရေးမကောင်းရင် ဂရုစိုက်
ပေမယ့် ကြိမ်ဒဏ်အရိုက်ခံရတဲ့သူကိုတော့ တခါပဲဆေးထည့်ပေးပါတယ်။မိန်းမတွေကိုတော့ ကြိမ်ဒဏ်မ
ပေးပါဘူး။သူတို့ ပြောတာကတော့ ကလေးမမွေးနိုင်မှာ စိုးလို့ ပြောတာပဲ။ဟိုတလောက မလေးက မော်လ်
ဒယ် အမျိုးသမီးတယောက် နိုက်ကလပ်မှာ ဘီယာသောက်တာကို ဘာသာရေး ရဲက ဖမ်းမိလို့ တရားရုံးက 
ကြိမ်ဒဏ်ပေးတာကို သူတို့အဆင့်ဆင့် အယူခံဝင်တာ နောက်ဆုံး သူတို့ပြည်နယ်က ဘုရင်က ကြိမ်ဒဏ်ကို
ပယ်ဖျက်ပေးလိုက်ပါတယ် ။
   နိုင်ငံသားတွေ လွတ်ရက်စေ့ရင် ချက်ချင်းလွတ်ပေမယ့် နိုင်ငံခြားသားတွေကတော့ ချက်ချင်းမလွတ်ပါဘူး။
ကန့်လို့ ခေါ်တဲ့ တရားမဝင် နိုင်ငံခြားသားထိန်းသိမ်းရေး စခန်းကို ထောင်ကနေ ပြောင်းရပါသေးတယ်။တချို့
တလေဆိုရင် ကိုယ့်အရှေ့မှာ လူများနေလို့ ထောင်ထဲမှာ တလလောက်ပိုနေလိုက်ရပါတယ်။ပြီးတော့မှ ထိန်း      သိမ်းရေးစခန်းကို ရောက်တာပါ။အဲဒီကို ရောက်တော့လည်း ကိုယ့်အရှေ့က လူများနေရင် လနဲ့ချီကြာ
တတ်ပါတယ်။ထိန်းသိမ်းရေးစခန်းကတော့ လွတ်လပ်ပါတယ်။ပိုက်ဆံရှိရင်ပေါ့လေ ဘိန်းတောင်ရပါတယ်။
ကျန်တာတွေတော့ မပြောနဲ့တော့။ထမင်းဟင်းကတော့ လုံးဝ မကောင်းပါဘူး။ကိုယ့်အလှည့်ရောက်လို့ ပြန်
ပို့ပြီဆိုရင် ထိုင်းဘက်ကို ပြန်ပို့တာပါ။ကျန်တဲ့ ဘင်္ဂ လားရော နီဂရိုးရော အစုံပါပဲ ထိုင်းဘက်ကို ပြန်ပို့တာ
ပါ။အင်ဒိုနီးရှားလူမျိုးကိုသာ သူတို့နိုင်ငံက ရေတပ်ကို ပြန်ပို့တာ။အင်ဒိုနီးရှားတွေကတော့ အေးဆေးပဲ။သူတို့
ကို သူ့နိုင်ငံက ဘာမှ ပြဿနာ မရှာဘူး။
       ထိုင်းဘက်ကို ပြန်ပို့တာ ပြောပြချင်သေးတယ်။ပုံမှန်တော့ မရှိဘူး။တခါတလေ ထိုင်းပွဲစားကို မလေး (
လဝက )က လှမ်းအကြောင်းကြားထားတယ်။ထိုင်းပွဲစားက စက်လှေနဲ့လာစောင့်နေတယ်။ချောင်းဘက်က ဆိုရင်ပေါ့။တခါတလေလည်း တံတားပေါ်ကနေ ဟိုဘက်ကို ကားနဲ့လိုက်ပို့တယ်။ဟိုဘက်ကိုရောက်တာနဲ့ 
ထိုင်းပွဲစားက ဆိုင်ကယ်တွေပေါ်တင်ပြီး သူတို့ အိမ်တွေကို ခေါ်သွားတယ်(ဒါက ထိုင်းလဝက ကို ပိုင်တဲ့ပွဲစား
မှ)။ထိုင်းပွဲစားတွေကို မလေး လဝက က ချိတ်ပြီးတော့ ပြန်ပို့ရင် မလေး လဝက တွေကို ထိုင်းပွဲစားတွေက 
ပိုက်ဆံပေးရပါတယ်(ဒါကြောင့် မလေးရှားနိုင်ငံဟာ တရားမဝင် လူကုန်ကူးတဲ့ နိုင်ငံတွေထဲမှာ ပါနေတာ)။
တခါတလေဆိုရင်လည်း ထိုင်းအချုပ်ထဲကို ထည့်ခဲ့တာတွေလည်း ရှိပါတယ်။ပွဲစားတွေက ပိုင်လို့ လာရွေးပြီး
ရင်တော့ မလေးကို ပြန်တက်ချင်ရင် ပြန်တက်ပေါ့။ပြန်မတက်ချင်လို့ ပြန်မာပြည်ကို ပြန်မယ်ဆိုရင်လည်း သ
ဘောပါပဲ။ပွဲခတော့ ပေးရမယ်နော်။ပွဲစားလက်ထဲကနေ ဒီအတိုင်းထွက်သွားလို့တော့ မရဘူး။တခါတလေဆို
ရင် ထိုင်း လဝက တွေ့က ကော့သောင်းနဲ့ ရနောင်းကြားက ကျွန်းတွေထဲကို ပို့ခဲ့တာတွေရှိတယ်။အဲဒီလူတွေ
ကို တာဝန်ရှိသူတွေ ပြန်သွားမှ ပွဲစားက လာခေါ်တာပါ။လမ်းကြောင်းမကောင်းရင် ကျွန်းပေါ်မှာ သောင်တင်
နေတတ်ပါတယ်။ပွဲစားလာကျွေးတာကိုပဲ စားရတာပါ။တော်တော်လေးကို ဒုက္ခရောက်ပါတယ်။မိန်းကလေး
တွေပါလာရင် ရင်လေးစရာပါ။မလေးကို ပြန်တက်ရင် ပိုက်ဆံတော်တော် ပြန်ကုန်မှာပါ။ 
    ထောင်အကြောင်းကို နည်းနည်းလောက် ပြန်ဆက်ပါအုံးမယ်။ထောင်ထဲမှာ HIV ရောဂါနဲ့ ထောင်ကျတွေ
လည်းရှိပါတယ်။ဒါပေမယ့် သူတို့ကို အဆောင်ခွဲပြီး ထားတာပါ။ထောင်ထဲမှာ လက်သည်းညှပ်ကိုတောင် HIV
ရောဂါသည်တွေ သုံးတာက သက်သက်ခွဲထားတာပါ။ဆံပင်ညှပ်တဲ့ စက်ကတ်ကျေးရော ခွဲထားတာပါ။ နောက်ပြီးတော့ တရားရုံးက သုံးနှစ် အမိန့်ချလိုက်ရင် ထောင်ထဲမှာ နှစ်နှစ်ပဲ နေရပါတယ်။တနှစ်က လျှော့
ရက်ပါ။သုံးလ ကျရင် နှစ်လပဲ နေရပါတယ် ။တလက လျှော့ရက်ပါ(မြန်မာပြည်ကတော့ ဘယ်လောက်လျော့
တယ်မသိဘူး)။တချို့ အင်ဒိုနီးရှားကနေ ဝင်လာပြီး ရောက်တာနဲ့ အဖမ်းခံရတဲ့သူတွေ ရှိပါတယ်။သူတို့က
တော့ ပြန်တောင် မပြန်ချင်ဘူးလို့ ပြောပါတယ်။အစားအသောက် အနေအထိုင် အားလုံးအိုကေလို့လေ။အ
စားအသောက်ကတော့ (kajang) ထောင်က အကောင်းဆုံးလို့ ပြောပါတယ်။အဲဒီမှာ ကြိုးတိုက်ပါ ရှိတယ်။
နေ့ခင်းဘက်အားရင် TV ပါကြည့်လို့ရပါသေးတယ်။ကဲ ဘယ်လောက် အဆင်ပြေထားလဲ ဟီးး။
    ကျွန်တော်ဒီအကြောင်းကို ရေးတာ တခြားရည်ရွယ်ချက်တော့ မရှိပါဘူး။မြန်မာပြည်ကထောင်နဲ့ မလေး
ကထောင်ကို နှိုင်းယှဉ်ပြီးတော့ ရေးတာပါ။နောက်တခုက မြန်မာပြည်ကနေ ဒီမလေးကို အလုပ်လာလုပ်ကြ
တဲ့ ညီအစ်ကို မောင်နှမများ အားလုံးကို သိစေချင်တာပါ။ထောင်ထဲမှာ ဘယ်လောက်ပဲ ကောင်းအောင်
ထားထား အပြင်မှာနေရတာလောက် စိတ်ကို မလွတ်လပ်ပါဘူး။ဒါကြောင့် ရိုးရိုးသားသား ကြိုးကြိုးစားစားနဲ့
ပိုက်ဆံကို မြန်မြန်ရှာပြီး မြန်မြန်ပြန်နိုင်အောင် ကြိုးစားပါလို့ ပြောချင်ပါတယ်။နောက်ပြောချင်တာက မြန်မာ
ပြည်က ကျန်နေခဲ့တဲ့ မိသားစုတွေကိုပါ။ကိုယ့်လင်သား၊ကိုယ့်အစ်ကိုမောင်ဘွားတွေ နိုင်ငံခြားမှာ အလုပ်
သွားလုပ်နေတယ်ဆိုပြီးတော့ ပို့ပေးတဲ့ ငွေကို မလေလွင့်အောင် သုံးစွဲပါလို့။တော်တော်များများ ဖြစ်တတ်ပါ
တယ။် ဒီကတော့ ဘယ်လောက်ပို့ပေးထားပြီးပြီဆိုပြီး စိတ်ချလက်ချ ပြန်သွားတာ ဟိုပြန်ရောက်တော့ ငွေ
တွေရောလို့ မေးလိုက်ရင် နှစ်ပေပတ်လည်ကျင်းထဲမှာ သိမ်းထားတယ်ပြောလို့ ပြဿနာ တက်ရတာတွေ
များမှများ။တချို့ဆိုရင် ပြန်ထွက်ဖို့တောင် ပိုက်ဆံမတတ်နိုင်ဘူး ဖြစ်ကုန်တာ။ဒီတော့ ဒီက ရှာတဲ့သူကလည်း
ကြိုးစားကြဖို့ အိမ်မှာ နေတဲ့သူကလည်း စီးတဲ့ရေ ဆည်တဲ့ ကန်းသင်းဖြစ်ဖို့လိုပါတယ်။
     နောက်တခုက ကိုဝင်းနိုင်ဦး ရေးတဲ့ လူငယ်တဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း ဆိုတဲ့စာအုပ်ပါ။ဒီစာအုပ်ကို 
ဖတ်မှပဲ မြန်မာပြည်က ထောင်အကြောင်းကို သေသေချာချာ သိတော့တယ်။ကျွန်တော်က ကိုဝင်းနိုင်ဦး ရေးတဲ့ စာအုပ်ကို တုပြိုင်ပြီးရေးတာ မဟုတ်ပါဘူး။သူ့စာက  မြင့်မိုရ်တောင်လောက် ကြီးကျယ်အောင် ကောင်းပြီးတော့ ကျွန်တော့်စာက ဆီးစေ့လောက်ပဲ ရှိပါတယ်။မြန်မာပြည်က အကျဉ်းသားတွေနဲ့ မလေးရှား
က အကျဉ်းသားတွေနေရတဲ့ ဘဝကတော့ နတ်ပြည်နဲ့ ငရဲပြည်လိုတော့ ကွာပါတယ်(မြန်မာပြည်က အခွင့်
ထူးခံထောင်သားတွေမပါ)။ 

စာရေးသူ၏ ရိုးသားစွာ ဝံခန်ချက်။          ။ကျွန်တော်ဒီစာကို ပြီးအောင်ရေးဖို့ အချိန်တလကျော်လောက်
ယူခဲ့ရပါတယ်။မအားတရယ် ပျင်းနေတာရယ် ဟီးးးးးးးး။နောက်ပြီး ဒီစာကို နောက်တခြားသူတယောက်က
နေ ရေးမယ်ဆိုရင် ဒ်ီထက်ပိုကောင်းမယ်လို့ ယုံကြည်ပါတယ်။ ကိုဝင်းနိုင်ဦးရဲ့ စာအုပ်ကို ရှာဖွေပြီး ဖတ်
ကြည့်ပါလို့ တိုက်တွန်းလိုပါတယ်။တကယ်ကောင်းတဲ့စာအုပ်ပါ။နောက်ပြီးတော့ အခု ထွက်တာ မကြာသေးတဲ့ ဆရာမ နှင်းပန်းအိမ်ရေးတဲ့  အမှောင်ထဲက သူရဲကောင်းတို့ တိုင်းပြည် ဆိုတဲ့စာအုပ်ကိုလည်း
ဖတ်ကြည့်စေချင်တယ်။ အွန်လိုင်းပေါ်တင်ထားရင်လည်း လိပ်စာလေးရေးပေးထားခဲ့ပါဗျာ။ကျွန်တော်လည်း 
မဖတ်ရသေးဘူး ။မှာထားတုန်း ရှိသေးတယ်။


အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ရွှင်လန်းကျပါစေ။     ။  
                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                   

စာ 


  







Monday 13 June 2011

လည်လည်သွားမလား မလေးရှားထောင် (1)

ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ နိုင်ငံခြားကို ထွက်ပြီးတော့ အလုပ်လုပ်တာ ထိုင်းနိုင်ငံပြီးရင် မလေးရှားနိုင်ငံဟာ ဒုတိယအများဆုံးနိုင်ငံလို့ ထင်ပါတယ်။မလေးရှားကို ရောက်ပြီး အကြောင်းအမျိုး
မျိုးကြောင့် အဖမ်းခံရပြိီး ထောင်ကျနေတဲ့ မြန်မာနိုင်ငံသားတွေ မလေးရှားက ထောင်တွေထဲမှာ၊ 
ထိန်းသိမ်းရေး စခန်းတွေမှာ တော်တော်များများ ရှိပါတယ်။
            တရားမဝင် အလုပ်သမားတွေကို ဖမ်းတဲ့ အဖွဲ့အစည်းကတော့ သိပ်မများပါဘူး။လ ဝ က ဖမ်းရင်တော့ ထိန်းသိမ်းရေး စခန်းကိုပို့တာ များပါတယ်။ရဲက ဖမ်းရင်လည်း ထိန်းသိမ်းရေး စခန်းကို
ပို့တာပါပဲ။နောက်ထပ်အမှုတွဲတွေပါမှ ထောင်ကျတာ များပါတယ်။တချို့တလေကိုလည်း ထောင်ထဲ ပို့တာ ရှိပါတယ်။ဘာဖြစ်လို့လဲတော့ ကျွန်တော်လည်း မသိဘူး။
      ရဲကဖမ်းမိပြီး ထောင်ကျမယ်ဆိုရင်တော့ နှစ်ပတ်အတွင်း တရားရုံးကို တင်ပါတယ်။တခါတည်း
အမိန့်ချတာ ရှိသလို နောက်ထပ် ရုံးချိန်းပြန်ခေါ်တာလည်း ရှိပါတယ်။ ဒါကတော့ တရားသူကြီး အ
ပေါ်မူတည်ပါတယ်။ရဲစခန်းမှာကတော့ မနက်အစောစာကို ပေါင်မုန့်အဖြူ နဲ့ မလေးရေနွေးလို့ ခေါ်တဲ့ Tae O တိုက်ပါတယ်။နေ့လည်စာကိုတော့ ထမင်းကျွေးပါတယ်။ ထမင်းထုပ်က သေးပါ
တယ်။တယောက်စာကို မလောက်ပါဘူး။ငါးကြော်နဲ့ကျွေးတာ များပါတယ်။ငါးကလည်း သေးပါတယ်။နောက်ဘာမှ အရသာမရှိတဲ့ အရည်ဟင်းတခွက်နဲ့ပါ။ညစာလည်း မနက်စာလိုပါပဲ။အ
ရင်တုန်းကတော့ သစ်သားအခင်းတွေ ထားပါတယ်။နောက်ပိုင်းတော့ မထားတော့ပါဘူး။သစ်သား
အခင်းတွေကို မီးရှုံ့ပြီး အချုပ်ကနေ ထွက်ပြေးကြလို့ပါ။အခုတော့ ကွန်ကရစ် အချောကိုင်ထားတဲ့ အပေါ်မှာပဲ အိပ်ရပါတယ်။အချုပ်ခန်းတိုင်းမှာ ရေလောင်းအိမ်သာ တခုစီရှိပါတယ်။ရေကလည်း ၂၄ နာရီလာပါတယ်။သောက်ရေလည်း အိမ်သာဘုံဘိုင်ခေါင်းက လာတဲ့ရေပဲ သောက်ရပါတယ်။လူ
ကတော့ ဖမ်းမိတဲ့အပေါ်မူတည်ပြီး အခန်းကျယ်ရင် ကျယ်သလိုထားပါတယ်။လူများရင်တော့ ညအိပ်ရင် အပြင်ဘက်က ကော်ရစ်တာမှာ အိပ်ပေတော့ပဲ။
      အမိန့်ကျသည် ဖြစ်စေ မကျသည် ဖြစ်စေ နှစ်ပတ်ပြည့်ရင်တော့ ထောင်ကို ပြောင်းရပါတယ်။
ထောင်ဗူးဝလို့ ခေါ်တဲ့နေရာမှာ ခါးပတ်အဖြူရောင် ပတ်ထားတဲ့ ထောင်ဝန်ထမ်းတွေ စောင့်ပါ
တယ်။သူတို့ကို UKP လို့လည်း ခေါ်ပါတယ်။ကျွန်တော်တို့ မြန်မာပြည်က တပ်ထိန်းတွေလိုပေါ့။
ထောင်မှာတော့ သူတို့က အာဏာအရှိဆုံးပေါ့။ထောင်ထဲကို ပို့မည့် တရားခံတွေကို အသေအချာ
စစ်ပါတယ်။သူတို့ စိတ်ကျေနပ်အောင် စစ်ပြီးမှ လူသစ်တွေကို မှတ်ပုံတင်မည့်နေရာကို ပို့တာပါ။
ပထမဆုံး ဓာတ်ပုံအရင်ရိုက်ရပါတယ်။ဥပမာ ဆိုပါတော့ တရားမဝင် နိုင်ငံခြားသား ဆိုရင် 15/(A)  နောက်နာမည်ရယ်ကို ကဒ်ပြားမှာ ရေးပြီးတော့ အရှေ့ကရော အနောက်ကရော ဘေးကပါ စုံနေအောင် ဓာတ်ပုံရိုက်ပါတယ်။အော်မေ့လို့ ...ဆံပင်အရင် ညှပ်ရသေးတယ်။ဆံပင်က
လည်း ဒီတပုံစံထဲပါပဲ။စက်ကတ်ကျေးနဲ့ ထိုးချလိုက်တာ ခေါင်းပေါ်မှာ စပါးလုံးတထောက် စာလောက်ပဲ ကျန်ခဲ့တာ။ပြီးရင် မှတ်ပုံတင်တဲ့နေရာမှာ မေးသမျှကို ဖြေပေတော့။မေးတာကတော့
အတော်စုံပါတယ်။ဘယ်နေရာက ဖမ်းမိတာလဲ။ကျောင်းဘယ်နှစ်တန်း နေလဲ အို စုံနေတာပါပဲ။
အဲဒီမှာ ပြီးရင် ဆေးစစ်ရသေးတယ်။ဆရာဝန်က အသေအချာ မေးတာပါ။ကိုယ့်မှာ ရောဂါရှိရင်
သူတို့က ဆေးပေးပါတယ်။HIV ရှိရင်လဲ သောက်ရမဲ့ ဆေးပေးပါတယ်။ပြီးတော့ သွေးအမျိုးအစား
စစ်သေးတယ်။ပြီးရင်တော့ ကိုယ်နေရမဲ့ နေရာကို လိုက်ပို့ပါတယ်။အမိန့်ကျပြီး လူတွေက တနေရာ
ပါ။ရုံးချိန်းပြန်တက်ရမဲ့ သူတွေက တနေရာပါ။ဒီနေရာမှာ ပြောစရာတခု ကျန်နေခဲ့ပါတယ်။
မှတ်ပုံတင်တဲ့နေရာ ရောက်လာရင် ထမင်းစားချိန်ဆိုရင် ထမင်းကျွေးပါတယ်။လူကအမြဲတမ်းလို များနေတတ်တယ်လေ။ရုံးချိန်းက ပြန်လာတဲ့သူရော အသစ်ဝင်လာတဲ့သူရောဆိုတော့။ရုံးချိန်းက ပြန်လာတဲ့သူကတော့ မြန်ပါတယ်။အသစ်ဝင်လာတဲ့သူကသာ ကြာတတ်တာပါ။
    ကိုယ်နေရမယ့် နေရာကိုရောက်ရင် အဲဒီမှာအစောင့်ရဲက ထပ်စစ်ပါသေးတယ်။ပြီးရင် ပုံစံခန်း
လို့ ခေါ်မလားပဲ အဲဒီအခန်းထဲမှာ တပတ်လောက်ထားပါတယ်။ဘာဖြစ်လို့လဲဆိုတော့ အပြင်ကနေ
မူးရစ်ဆေးဝါးတွေ ပါလာမှာ စိုးလို့ပါ။အခန်းထဲကသူကို ရဲက အပြင်ကနေ သူတို့ မသိအောင် ကြည့်
လို့ရတယ်လေ။အဲလို ဖြစ်အောင်အခန်းပုံစံကို ဆောက်ထားတာပါ။အဲဒီလောက်စစ်တာတောင် ပစ္စည်းတွေက ပါလာသေးတယ်။ဒါပေမယ့် အဲဒီ အခန်းထဲမှာတော့ မသုံးကြပါဘူး။ဆေးလိပ်ပဲ
သောက်ကြတာပါ။ဆေးလိပ်ကိုလဲ ခိုးသောက်ရတာပါ။တရားဝင် သောက်ခွင့်မရှိပါဘူး။သူတို့ယူလာ
တဲ့ ပစ္စည်းကတော့ တခြားမဟုတ်ပါဘူး။ဆေးလိပ်လိပ်သောက်တဲ့ ဆေးကအများဆုံးပါ။နောက် မီး
ခြစ်၊မီးခြစ်ကျောက် ဒါကအဓိကပါ။တခြားမူးရစ်ဆေးဝါးကတော့ ဆရာကောင်တွေမှ ယူလာတာပါ။
ဒီပစ္စည်းတွေကို ဘယ်လိုယူလာသလဲလို့တော့ မမေးနဲ့။သယ်တဲ့နည်းကို သိရင်တော့ ရပါတယ်။
     ထောင်ထဲမှာ မူးရစ်ဆေးဝါးကို ထပ်မိရင်တော့ နောက်ထပ်တမှု တိုးတာပေါ့။ဆေးလိပ်သောက်
တဲ့ဆေးတို့ မီးခြစ်ကျောက်တို့ ဆိုရင်တော့ တိုက်ပိတ်ခံရပါတယ်။တိုက်မပိတ်ပဲနဲ့ ရိုက်နှက်ပြီးတော့ 
အပြစ်ပေးတာတွေလည်း ရှိပါတယ်။တိုက်ပိတ်ခံရတယ် ဆိုတာကို အနည်းငယ်ပြောပြပါမယ်။အဲ
ဒီ အဆောက်အဦးက လူတယောက် ရပ်လို့မရပါဘူး။အမြင့်က လေးပေလောက်ရှိတာ။အိပ်ရင်တော့
လည်း ခြေထောက်ဆင်းထားလို့မရပါဘူး။ကွေးကွေးလေး အိပ်ရတာပါ။ပြစ်မှုအလိုက် ထမင်းမစား
ရပဲ ပေါင်မုန့် စားရတာလည်း ရှိပါတယ်။ဒါကတော့ ထောင်ကနေထပ်ပြီးတော့ အမိန့်ချတာပါ။  ဒီ
တိုက်ပိတ်ထားတဲ့ အခန်းထဲမှာ အိမ်သာ မရှိပါဘူး။အပေါ့ အလေးသွားဖို့ကို ခွက်တလုံးပေးထား
တယ်။ဒါကလည်း တနေ့မှ တကြိမ်လာသိမ်းတာပါ။အဆိုးဆုံးကတော့ ခြင်တွေပါ။သူတို့က ပျံပြီး
တော့ လာကိုက်တာ မဟုတ်ပါဘူး။လမ်းလျောက်ပြီးတော့ လာကိုက်တာပါ။နေရာက ညစ်ပတ်တယ်
လေ။စောင်တွေဘာတွေလည်း မပေးပါဘူး။ဒီအတိုင်းသာ အိပ်ပေတော့ ကွန်ကရစ်ကြမ်းပြင်မှာ။
တိုက်ပိတ်ခံရပြီး ပြန်ထွက်လာတဲ့သူကတော့ ဝဲစွဲလာတော့တာပဲ။တိုက်ပိတ်ခံရတဲ့သူ အများဆုံးက 
တော့ ထောင်ထဲမှာ ရန်ဖြစ်လို့ပါ။မလေးက ထောင်ထဲမှာ ရန်ဖြစ်ရင်တော့ သေဖို့သာ ပြင်ထား
ပေတော့။UKP လို့ ခေါ်တဲ့ ခါးပတ်အဖြူပတ်တွေက စပြီးတော့ ရန်ရှာတဲ့သူကို အသေရိုက်တာပါ။
တယောက်တည်းက ရိုက်တာ မဟုတ်ပါဘူး။ဆယ်ယောက်လောက်က တယောက်ကို ဝိုင်းရိုက်တာ
ပါ။တချို့တလေဆိုရင် သတိပါလစ်သွားတာ။ပြီးရင်တော့ သွားပေတော့ တိုက်ပိတ်တဲ့ အခန်းကို။
ဆေးမှုနဲ့ မိတဲ့သူဆိုရင်တော့ အရင် ဝမ်းချူပါသေးတယ်။စေတနာနဲ့ချူပေးတာတော့ မဟုတ်ပါဘူး။
သိမ်းထားတာတွေများ ရှိနေသေးသလားလို့ပါ။ဒါကြောင့်ထောင်ထဲမှာတော့ UKP   ဆိုရင်ထောင် သားတိုင်း ကြောက်ကြပါတယ်။


     ပုံစံခန်းထဲမှာ တပတ်နေပြီးရင်တော့ ကိုယ်နေရမည့် အဆောင်ကို ပြောင်းရပါတယ်။အဲဒီမှာမှ
ခြုံစရာ စောင်စပြီးတော့ ပေးပါတယ်။အပြင်ကနေ သယ်လာလို့ မရပါဘူး။တချို့စောင်တွေက ခင်းပြီး အိပ်လို့ရတဲ့အပြင် လူတကိုယ်လုံးကိုပါ ခြုံလို့ရပါသေးတယ်။တချို့စောင်တွေကျတော့လည်း
လူတကိုယ်စာတောင် ခြုံအိပ်လို့ မလုံပါဘူး။စောင်ထုတ်ပေးတာက ထောင်သားတွေပါပဲ ။ထောင်
ဝန်ထမ်းတွေ မလုပ်ပါဘူး။သူတို့ကို ကြိုညှိထားရင်တော့ စောင် ကြီးကြီး ရပါတယ်။သူတို့တွေက လည်း လည်ပါတယ်။ပုံစံခန်းထဲကို ဝင်ကတည်းက ထောင်ကြလုပ်အားပေးတွေကို ကြိုပေးထားတာ
ပါ။ပြီးရင်တော့ ကိုယ်နေရမဲ့ အခန်းကို ရောက်ပါပြီ။အခန်းရှေ့မှာ ကဒ်ပြားတွေကို ချိတ်ဖို့ သစ်သား
ပြား တခုရှိပါတယ်။ကဒ်ပြားမှာကတော့ ဓာတ်ပုံရယ်၊ကျူးလွန်တဲ့ ပုဒ်မရယ်၊ရုံးချိန်း ပြန်တက်ရမည့်
နေ့ရယ်၊နာမည်၊ကိုယ်ပိုင်အမှတ်ဒါတွေကို ရေးထားပါတယ်။ထောင်ထဲမှာတော့ အကြောင်းတစုံတ
ရာ ဖြစ်လို့ ခေါ်ရင် ကိုယ်ပိုင်နံပါတ်ကိုပဲ ခေါ်ပါတယ်။နာမည်ကို မခေါ်ပါဘူး။မြန်မာပြည်မှာတော့
ဘုန်းကြီးကို ဘွဲ့နာမည်တပ်ခေါ်ဖို့ ဝေးလို့ ဟေ့ကောင် ဘုန်းကြီးလို့ ခေါ်တာပါ။ဒါကတော့ ရုံးချိန်း
ပြန်တက်ရမည့် ရမန်ဆောင်ပေါ့လေ(ထောင်ကျဆောင်ကို နောက်ပိုင်းမှ ရေးပါမည်)။ရမန်ဆောင်
မှာတော့ အိပ်ရာခင်းမပေးပါဘူး(ထောင်ကျဆောင်ရောက်မှ ပေးတာပါ)။ရမန်ဆောင်မှာ နေထိုင်
တုန်း အိမ်ကနေ ထောင်ဝင်စာ လာတွေ့ခွင့်ရှိပါတယ်။ထောင်ဝင်စာ လာတွေ့ရင်လည်း ထောင်က
နေ ရောင်းတဲ့ စားသောက်စရာနဲ့ အသုံးဆောင် ပစ္စည်းတွေပဲ ပေးခွင့်ရှိပါတယ်။အိမ်ကနေ ယူလာ
ပြီး ပေးခွင့်မရှိပါဘူး။ထောင်ကရောင်းတဲ့ ပစ္စည်းတွေကတော့ ခေါက်ဆွဲခြောက်ထုပ်(အပြင်မှာ ရောင်းတဲ့ ဟာနဲ့ မတူပါဘူး သီးသန့် လုပ်ထားတာပါ )၊နို့မှုန့်၊ သကြား၊မိုင်လို၊ဇီးသီးခြောက်၊မြန်မာ
လိုခေါ်ရင် ငါးနီတူးခြောက်လို့ ခေါ်တဲ့ ငါးခြောက်နဲ့ ငြုပ်သီးကြော်၊ဘီစကစ်၊စွပ်ကျယ်၊တီရှပ်အဖြူ၊
ဘောင်းဘီတို(အဖြူ)ဆပ်ပြာ(ကိုယ်တိုက်တာနဲ့ အဝတ်လျှော်ဆပ်ပြာ အတုံး) အဲဒါတွေကို တလ နှစ်ကြိမ် အိမ်ကလူတွေ လာတွေ့ပြီးပေးနိုင်ပါတယ်။ဒီပြည်နယ်မှာ အမှုဖြစ်လို့ ထောင်ကျရင် ဒီပြည်
နယ်က ထောင်မှာပဲ ထောင်ကျပါတယ်။ မြန်မာပြည်လို တနင်္သာရီတိုင်းကလူကို ကချင်ပြည်နယ် ပို့
တာမျိုး မရှိပါဘူး။ထောင်ဝင်စာ လာတွေ့လို့ တနေ့အချိန် မကုန်ပါဘူး။နေ့ဝက်နဲ့တင် ပြီးပါတယ်။
(မြန်မာပြည်နဲ့တော့ ကွာမှကွာ)ထောင်ကရောင်တဲ့ ပစ္စည်းတွေကလည်း ဈေးမကြီးပါဘူး။
      ထောင်မှာ ကျွေးတဲ့ အစားအသောက်ကို ပြောပြမယ်။ဖတပြီးရင်တော့ ထောင်ထဲကို လိုက်ပို့
ပေးလို့တော့ မပြောနဲ့ :P  ။ဆိုပါတော့ဗျာ တပတ်မှာ နေ့တနေ့က စလိုက်တယ် ထားပါစို့။မနက်မိုး
လင်းရင်တော့ ကိုယ့်အခန်းရှေ့က ဝရန်တာမှာ တန်းစီထိုင်ပြီးတော့ လူစစ်ပါတယ်။မနက်တခါ ညတ
ခါ အဲလိုတန်းစီထိုင်ပြီးတော့ လူစစ်ပါတယ်။သူတို့ ဂျူတီ အဝင် အထွက်ပေါ့။မနက်ပိုင်း လူစစ်ပြီးရင်
ထောင်ကျ လုပ်အားပေးတွေက မနက်စာကို စားဖိုဆောင်မှာ သွားယူပါတယ်။ဒီနေ့ မနက်ပိုင်းကို
လ္ဘက်ရည် တိုက်တယ်ဆိုရင် ပေါင်မုန့် ထောပတ်သုပ် နှစ်ချပ်ရပါတယ်။ထောပတ်သုပ် မဟုတ်ဘူး
ဆိုရင် ယိုသုပ်၊သကြားယိုသုပ် တခုခုပေါ့။လ္ဘက်ရည်တိုက်တဲ့နေ့တိုင်း ပေါင်းမုန့်မှာ ယိုသုပ်တခုခုနဲ့ရ
ပါတယ်။Tea O  တိုက်တဲ့နေ့ဆိုရင် ဘီစကစ်မုန့် အဝိုင်းဆိုရင် ခုနစ်ချပ်။လေးထောင့်ဆိုရင် လေး
ချပ်ပေါ့။လ္ဘက်ရည်နဲ့ Tea O ဆိုရင်တော့ မချိုပါဘူး။ဘာဖြစ်လို့လဲဆိုတော့ ထောင်ကျလုပ်အား
ပေးတွေက လူလည်ကျထားလို့ပါ။ဒီလိုဗျာ အောက်က စားဖိုဆောင်က သကြားနဲ့ လ္ဘက်ရည် ဖျော်
ရင် ဖြစ်ဖြစ် Tea O ဖျော်ရင် ဖြစ်ဖြစ် စားဖိုဆောင်မှာလုပ်တဲ့ ထောင်ကျအလုပ်အမားတွေက အ
သေအချာ မမွှေဘူး။အဲဒီတော့ သကြားတွေက အောက်မှာ အနည်ထိုင်နေတာပေါ့။နောက် ထောင်
ထောင်က နှစ်ထပ်ဆိုတော့ စားဖိုဆောင်ကနေ ပုံးအကြီးတွေနဲ့ ထည့်ပေးလိုက်တာဆိုတော့ လှေခါး
ရောက်တော့ ပုံးအသေးတွေနဲ့ တခါပြန်ပြီးတော့ ခွဲပြီးအပေါ်ကိုတင်ရတယ်။အဲဒီအချိန်မှာ ပုံးအကြီး
ထဲက အောက်ဆုံးမှာ အနည်ထိုင်နေတဲ့ သကြားရည်ကို ဆရာသမားတွေက သူတို့အတွက် ဖယ်
ထားလိုက်တော့ အပေါ်ပိုင်းက အရည်တွေက ဘယ်ချိုတော့မလဲ။ဘီစကစ်ဆိုလဲ သူတို့ အတွက်က
တယောက်ကို ရေချိုးတဲ့ ခွက်နဲ့ တခွက်စာလောက်ယူတာ။ကျန်တာကိုမှ ထောင်သားတွေကို ခွဲပေး
တာ။လ္ဘက်ရည်က နေ့တိုင်းတိုက်တာ မဟုတ်ပါဘူး။ ဆန်ပြုပ်တိုက်တဲ့ နေ့ ပဲပြုပ်တိုက်တဲ့နေ့တွေ
လည်းရှိပါတယ်။ပဲကတော့ ပဲအစိမ်းရောင်တွေပါ။မြန်မာလိုတော့ ဘယ်လိုခေါ်လဲ မသိဘူး။အဲဒါ
တွေကို မနက်စာအဖြစ် တရက်ခြားစီ ကျွေးပါတယ်။ခင်ဗျားတို့ကတော့ ထင်မှာပဲ ။ထောင်ကျလုပ်
အားပေးတွေကို ခေါင်းပုံဖြတ်တယ်လို့။အပြစ်တင် မစောပါနဲ့။နေ့လည်စာကတော့ ဆယ့်နှစ်နာရီ
လောက်ဆိုရင် စားဖိုဆောင်မှာ သွားယူရပါတယ်။ထမင်းကတော့ ဘယ်သူမှ ပိုမရပါဘူး။အညီအမျှ
ပါပဲ။တယောက်ကို ပုံစံခွက်ဲနဲ့ ထည့်ထားတဲ့ ထမင်းတဗူးစီပါ။ထမင်းက ဆန်ကောင်းပါတယ်။စပါး လုံးတောင် မပါပါဘူး။ဟင်းကတော့ ပြောမနေနဲ့။ဒီနေ့မနက်ပိုင်းကြက်သားဆိုရင် ညနေငါးကြော်။
ကြက်သားဆိုလို့ အတုံးသေးသေးလေးတွေ မဟုတ်ဘူးနော်။ကြက်တကောင်ကို အကောင်ကြီးမှ 12
တုံး တုံးတာပါ။အကောင်သေးရင် ဆယ်တုံး၊ဆယ့်တစ်တုံး တုံးတာပါ။(အိမ်မှာ ချက်စားရင်တောင်
အဲလောက် မကြီးဘူး)။ငါးကြော်က ပင်လယ်ငါးတွေကို ကြော်ထားတာပါ။မြန်မာလို ဘယ်လိုခေါ်လဲ
တော့ မသိဘူး။အကောင်ကြီးရင် နှစ်ကောင် ၊အကောင်သေးရင် သုံးကောင်ပါတယ်။နေ့လည်ပိုင်း
ထမင်းစားပြီးရင် သစ်သီးတမျိုးကျွေးပါသေးတယ်။သင်္ဘောသီး၊ဖရဲသီး တခုခုပေါ့။ထောင်သားတွေ
ကတော့ တယောက်ကို တစိတ်ပဲ ရတာပါ။လုပ်အားပေးတွေကတော့ စိတ်ရှိသလောက်ပါပဲ။ညနေ
စာကတော့ ခြောက်နာရီလောက်ကို သွားယူပြီးဝေပေးပါတယ်။မနက်က ငါးကြော်ဆိုရင် ညနေ
ကြက်သား ။ဒါမှမဟုတ် အမဲသား။အမဲသားကလည်း များပါတယ်။အမဲသား မစားရင် ကြက်သားနဲ့
ကျွေးပါတယ်။တရုတ်တွေနဲ့ ဟိန္ဒူတွေက အမဲသားမစားပါဘူး။ညနေစာကတော့ သစ်သီးမရတော့
ပါဘူး။ပေါင်မုန့်တလုံးပေးပါတယ်။တပါတ်လုံးမှာ ကြက်ဥဟင်း တနပ်ကျွေးပါတယ်။ကြက်ဥပြုပ်နဲ့
ပဲဟင်းကိုတော့ သောကြာနေ့ ညနေပိုင်းမှာ ကျွေးတာပါ။ထောင်ကျလုပ်အားပေးတွေ အကြောင်း
ကို နည်းနည်းလောက် ပြောပြချင်ပါတယ်။သူတို့ကျတဲ့ အပိုင်းမှာတော့ သူတို့က လွတ်လပ်စွာ သွား
လာလို့ရပါတယ်။ဒီအတိုင်းတော့ မဟုတ်ဘူးလေ။တံမျက်စည်း လေးကိုင်ပြီးတော့ အမှိုက်လှဲသလို
မျိုးနေဲ့ပေါ့။ပြီးတော့မှ အကြံအဖန်လုပ်တော့တာ။ဟိုက ပစ္စည်းဒီပို့ ဒီက ပစ္စည်းဟိုကိုပို့ပေါ့။ပြီးတော့
 ဆေးလိပ် လိပ်သောက်တဲ့ ဆေးကို အရောင်းအဝယ်ပါလုပ်ပါတယ်။ပြောရရင်တော့ ထောင်ကဝန်
ထမ်းတွေပြီးရင် သူတို့က ထောင်ဗိုလ်တွေပေါ့။ထောင်အာဏာပိုင်တွေက သူတို့ကို ရိုးသားလို့ ဆိုပြီး
အလုပ်ပေးထားတာပါ။နိုင်ငံသားတွေကို ထားမယ်ဆိုရင် မဟုတ်တာတွေ လုပ်မှာစိုးလို့ ဆိုပြီးတော့
နိုင်ငံခြားသားတွေကို ထားတာပါ။တရားမဝင်နေထိုင်မှုနဲ့ အဖမ်းခံရတဲ့ သူတွေများပါတယ်။

    ဒုတိယပိုင်းကို ဆက်ပါအုံးမည်။   ။




    

Saturday 23 April 2011

MONK & PHONE

ကျွန်တော်တို့ ဒီမလေးရှားကို စလာတော့ တောသားမြို့ရောက် ဆိုသလိုပါပဲ။အရာရာဟာ အထူးအဆန်းတွေနဲ့
ပြည့်နှက်နေတယ်လေ။လမ်းတွေကြည့်မလား၊ ကားတွေကို ကြည့်မလား၊လူတွေကို ကြည့်မိတော့လည်း တမျိုး
လေးတွေလေ။ ခေါင်းမြီးချုံထားတွေက အစပေါ့။ဒီအထဲမှာ ပိုထူးတာလေးကို မှတ်မိနေသေးတယ်။တက္ကစီ  
မောင်းတဲ့သူက ဟန်းဖုန်းနှစ်လုံးနဲ့လေ။နောက်လမ်းဘေးမှာ အမှိုက်ကောက်နေတဲ့ ကိုယ်တော်က အသားက
သာ မဲတာ ခါးမှာ ဟန်းဖုန်းနဲ့ဗျ။ 
       အဲ့ဒီအချိန်တုန်းက မြန်မာပြည်မှာ ဟန်းဖုန်းတလုံးကို သုံးဆယ်ကျော်လောက်ပေးရတာလေ။ကျွန်တော့်
သူဌေးတောင်မှ CDMA လို့ခေါ်တဲ့ ခြင်းဖုန်းပဲ ကိုင်နိုင်တာ။ဒီတော့ကျွန်တော်တို့အထင်ကြီးတာဘာဆန်းလဲ။အဲဒီတုန်းက မလေးမှာလည်း အခုလို ဖုန်းတွေက တအားမပေါသေးဘူးလေ။ဖုန်းဆက်တော့မယ်ဆိုရင် တိုင်ကို 
ဆွဲထုတ်ရသေးတယ်။နောက်တပေ နီးပါးလောက်ရှိတဲ့ ဖုန်းတွေတောင် ရှိသေးတယ်။ရန်ဖြစ်ရင် ဖုန်းနဲ့ထုတာ
နဲ့တင် ပွဲပြီးတယ်။ဘာလက်နက်မှမလိုဘူး။အဲဒီတုန်းက မြန်မာတွေအိမ်မှာ အလွန်ဆုံးရှိမှ ဟန်းဖုန်းတလုံးပါပဲ။
ဆိုင်တွေမှာ သူငယ်ချင်းတွေ ဆုံကြလို့ စားပွဲပေါ်မှာ ဟန်းဖုန်းတင်ထားနိုင်တဲ့သူက ဆရာကောင်ပေါ့လေ။
နောက်ပိုင်းကျမှ ဖုန်းတွေက ပေါလာတာပါ။
တရုပ်မတွေဆိုရင် လည်ပင်းမှာ ကြိုးလေးတပ်ပြီးတော့ ဖုန်းကို ဆွဲတာလေ။စတိုင်ပေါ့။ရွှေဆွဲကြိုးတို့ ပလက်
တီနံတို့ မဆွဲဘူး။အရင်ကဆိုရင် 019 လိုင်းက လစဉ်ကြေး ဆိုပြီးတော့ တလကို RM 50 ပေးရတယ်။6 လ
ကို တခါတည်းပေးရင်တော့ RM 200 ပေးရတယ်လေ။ဖုန်းပြောတာကတော့ ကျသလောက်ပေါ့။အခုတော့
လည်း လစဉ်းကြေးဆိုတာ မရှိတော့ပါဘူး။ကိုယ်ပြောချင်သလောက်ကိ ပိုက်ဆံထည့်ပြီးတော့ပြော။ကုန်
တော့ လိုင်းက ကျသွားတာပေါ့။RM 30 ဖိုးထည့်ထားရင် တလအတွင်း ခေါ်လို့ရပါတယ်။ပိုက်ဆံ မကုန်သေး
ရင်ပေါ့။တလပြည့်သွားလို့ ပိုက်ဆံထပ်မထည့်ရင်တော့ အဝင်ကောလ်က နှစ်လလောက်ရပါသေးတယ်။
         အခုဆိုရင် ဖုန်းလိုင်းတွေကလည်း တအားများလာတော့ အပြိုင်အဆိုင်လုပ်လာကြတာ သုံးစွဲသူတွေ
အတွက် ပိုအဆင်ပြေတာပေါ့။ဖုန်းလိုင်းတခုဝယ်ရင် RM 8.50 လောက်ပဲ ကျပါတယ်။ပိုက်ဆံက RM 5 ပါ
သေးတယ်နော်။လိုင်းဖိုးက RM 3.50 ပဲကျတယ်လေ။အခုငွေဈေးနဲ့တွက်ရင် မြန်မာငွေ 1000 ကျပ်တောင်မ
ပြည့်ချင်ဘူး။ဖုန်းကတော့ အမျိုးမျိုးပေါ့နော်။တန်ဖိုးကြီးတာ ရှိသလို RM 100 လောက်နဲ့ ဝယ်လို့ရတာတွေ
လည်း ရှိပါတယ်။အခုဆိုရင် လူတယောက်ကို ဖုန်းနှစ်လုံးမှ မရှိရင် ခေတ်မမှီချင်သလို ဖြစ်နေပြီ။
            ဟိုးးးးးးးးးးးး အရင်က ဆိုရင် ဖုန်းမှာပါတဲ့ တီးလုံးသံတွေကို နားထောင်လို့ရပါတယ်။သူများကခေါ်
ရင်လည်း ကိုယ့်ဖုန်းထဲက နားထောင်လို့ကောင်းမယ့် အသံလေးတွေကို ရွေးပြီးတော့ ထည့်ထားရတယ်။
အခုတော့ ဖုန်းထဲကို ကိုယ့်စိတ်ကြိုက် သီချင်းထည့်မလား၊ စကားပြောသံထည့်မလား၊ ကလေးငိုသံတွေရော
ကလေးရယ်သံတွေပါ ထည့်ချင်တာကို အဆင်ပြေပြေ စိတ်ချမ်းသာစွာ ထည့်လို့ရပါပြီ။ဒါပေမယ့် ဖုန်းမြည်သံ
ကြောင့် ကသိကအောက် ဖြစ်ရတာကတော့ မြန်မာပြည်က ကြွလာတဲ့ ဆရာတော် တပါးပါ။
           ဒီလိုပါ............. ဒီမလေးကို မြန်မာပြည်က ဆရာတော်တပါး ကြွလာပါတယ်။ဒီရောက်တော့ ဖုန်း
တလုံးလောက်တော့ ဝယ်မှ အဆင်ပြေမှာပါ။။..........(ရဟန်းတော်တပါးရဲ့ သိက္ခာပုဒ်ဟာ အကျဉ်းအားဖြင့်
နှစ်ရာ့နှစ်ဆယ့်ခုနစ်ပါးရှိပါတယ်။အကျယ်အားဖြင့်တော့က ကုဋေပေါင်း ကိုးထောင့်တစ်ရာရှစ်ဆယ်နဲ့ အစွန်း
ထွက်က ငါးသန်း သုံးသောင်း ခြောက်ထောင် ရှိတယ်လို့တော့ နာကြားဖူးပါတယ်။ဒီအထဲမှာ ဖုန်းကိုင်ဆောင်
လို့ ရမရ တော့ မသိပါ။ဒီနိုင်ငံတွေမှာတော့ ဖုန်းက တကယ့်ကို လိုအပ်မယ်လို့ထင်ပါတယ်။ဘာဖြစ်လို့လည်း
ဆိုတော့ ဒီမှာ လာအလုပ်လုပ်တဲ့သူတွေက အချိန်တွေ သိပ်မပိုပါဘူး။တချို့ကိစ္စတွေကို လူကိုယ်တိုင် လာ
လျှောက်ဖို့ လာတိုင်ပင်ဖို့တို့က မဖြစ်နိုင်ပါဘူး။ဥပမာဆိုပါတော့.......ကျွန်တော်ဆိုရင် နေရတာ ဘုန်းကြီး
ကျောင်းနဲ့ အတော်ဝေးပါတယ်။ကျောင်းမှာ အလှူ အတန်းတွေလုပ်ရင် ဖုန်းဆက်ပြောမှ သိရတာပါ။တချို့တ
လေ ဆွမ်းစားဖိတ်ရင်လည်း ဖုန်းနဲ့ပဲ အရင်ကြိုလျှောက် ထားလိုက်ပါတယ်။ဆွမ်းကပ်မဲ့နေမှ လာပင့်ကျတာပါ
ဘယ်သူတွေဘာပြောပြော ဒီနိုင်ငံမှာတော့ ဖုန်းဟာ မရှိမဖြစ်ကို လိုအပ်ပါတယ်)ဆရာတော်ဘုရားလည်း
ဖုန်းဝယ်ပြီးတော့ ဘာမှမလုပ်တတ်ပါဘူး။အခုမှမြန်မာပြည်ကကြွလာတာဆိုတော့ အရင်ရောက်နှင့်နေပြီသာ
း ကိုယ်တော်တွေကို ဖုန်းဆက်တင် လုပ်ခိုင်းရတာပေါ့။ဆရာတော်ကြီးဆိုတော့ ကိုယ်တော်တွေကလည်း
လုပ်ပေးရတာပေါ့။  အင်းးးးဒီလိုနဲ့..........
         ဆရာတော်ကို ဆွမ်းစားလာပင့်ပါလေရော။ဆွမ်းဘုန်းပေးပြီးတော့ တရားဟော ရေစက်ချဖို့ ဆရာတော်ကို  လျှောက်ပါတယ်။ဆရာတော်ကလည်း တရားဟောမယ် ဆိုပြီး ဖုန်းလေးကို ဘေးနားချပြီး
ဟောနေတာ တရားတဝက်လောက်ရောက်တဲ့အချိန်မှာ ဘေးနားထားတဲ့ဖုန်းက အသံမြည်လာတယ်လေ။
ဒီမှာ နေရာက ကျဉ်းတော့ တရားဟောတဲ့ ဆရာတော်နဲ့ တရားနာတဲ့သူက နှစ်ပေလောက်ပဲခြားတော့
ဖုန်းမြည်သံကို တရားနာသူတွေကပါ အတိုင်းသားကြားရတာပေါ့။ဆရာတော် ဘုရားလည်း ဖုန်းမြည်သံ
ကြောင့် မျက်နှာကြီး နီရဲပြီး တရားကို ဖြောင့်အောင်မဟောနိုင်ပဲ မြန်မြန်တရားသိမ်းပြီး ကျောင်းကို ပြန်ကြွ
လာခဲ့ပါတော့တယ်။ဆရာတော့် ဖုန်းမြည်သံက လူတွေတော်တော် များများ ကြားဖူးကြမယ် ထင်ပါတယ်


  ကိုကိုရေ ဖုန်းလာနေတယ် ကိုကိုရေ ဖုန်းလာနေတယ်    
                         ဆိုတာလေးပါ.......
မရယ်နဲ့နော် ငရဲကြီးလိမ့်မယ်  ခွီးးခွီးးးးးးးးးးးး

ဆရာတော် ဘုရား ပြောပြတာကို ပြန်လည်ခံစားရေးသားထားတာပါ။              ။

Friday 15 April 2011

ဆည်းလည်းလေးတွေမြည်ပါစေ

(အကိုရေ ပိတ်ရက်ကြရင် မုန့်ဟင်းခါးချက်စားရအောင်) ကျွန်တော်နဲ့ ညီအစ်ကိုလိုခင်တဲ့ ထွန်းထွန်းက ပြောလာတာပါ
သူပြောလိုက်တော့မှ ကျွန်တော့် စိတ်တွေ ဟိုးးးး လွန်ခဲ့တဲ့ အတိတ်ကို ပြန်ရောက်သွားပါတယ်
ကျွန်တော်က မြစ်ဝကျွန်းပေါ်သားပါ အရင်ကဆိုရင် ကျွန်တော်တို့ဘက်ကို သင်္ဘောနဲ့သာ သွားလာလို့ရပါတယ် အခုတော့ ကားလမ်းတွေ ပေါက်နေပါပြီ (သူကြီးဖောက်တဲ့လမ်း ပြည်သူတွေလုပ်အားနဲ့ပေါ့ဗျာ.. သိတယ်မို့လား လုပ်အားပေး
တွေနဲ့ ဖောက်တာလေ) ကျွန်တော်ကတော့ နွေရာသီဆိုရင် သင်္ဘောနဲ့ သွားရတာ ပိုသဘောကျတယ် မြစ်ပြင်ကို ဖြတ်တိုက်လာတဲ့ လေကလေး တဖြူးဖြူးအောက်မှာ ကိုယ်ဖတ်ချင်တဲ့ စာအုပ်ကို ငြိမ့်ငြိမ့်လေးဖတ်ရတာ တကယ်ဇိမ်ပဲ
ရန်ကုန်ကနေ ထွက်လာရင် တွံတေးကို မရောက်ခင်လမ်းမှာ လှေကလေးတွေနဲ့ သင်္ဘောပေါ်ကို ဈေးတက်ရောင်းတဲ့
ဈေးသည်တွေလည်း ရှိတယ်ဗျ သင်္ဘောလာမယ့်လမ်းမှာ လှေကလေးနဲ့ အရှေ့ကနေ ကြိုစောင့် သင်္ဘောအနားရောက်တော့
လှေကို တအားလှော် သင်္ဘောနားကို လှေကပ်မိပြီဆိုရင် ဦးကလူက လှေကြိုးကိုကိုင်ပြီး သင်္ဘောပေါ်ကို ခုန်တက် တချို့တွေ
လည်း သင်္ဘောပေါ်ကို မရောက်ပဲနဲ့ ရေထဲကိုပြုတ်ကျ တချို့ကျတော့လည်း လူကသာ သင်္ဘောပေါ်ကိုရောက်လာ လှေကြိုး
က လွတ်ကျန်နေခဲ့တာ အင်းး စွန့်စားမှုတခုပါပဲ သူတို့တွေလာရင် ကျွန်တော်ကတော့ ထကြည့်နေမိတယ်
ဒီလှေတစင်းကတော့ ညီအစ်ကို နှစ်ယောက် မုန့်ဟင်းခါးလာရောင်းတာပါ ပစ္စည်းတွေ သင်္ဘောပေါ်တင်ပြီး သူတို့ရောင်း
တော့ ကျွန်တော်လည်း မုန့်ဟင်းခါး တပွဲ အားပေးလိုက်ပါတယ် ကျွန်တော်စားနေတုန်း သူတို့လှေကြိုး ပြတ်သွားပါလေရော
အစ်ကို ဖြစ်သူက ရေထဲကိုခုန်ဆင်းပြီး လှေနောက်ကို လိုက်သွားပါတယ် သူ့ညီကိုတော့ တွံတေးကနေ စောင့်နေပါလို့ မှာသွားတယ် ညီဖြစ်သူကို ကြည့်လိုက်တော့ ဆယ်နှစ်တောင်မပြည့်တတ်သေးဘူး
ကျွန်တော်လည်း သွားစပ်စုတာပေါ့.. ညီလေး အသက်ဘယ်လောက်ရှိပြီလည်းဆိုတော့..သူ့အသက်ကို မမှတ်မိပါဘူးတဲ့.. ကျောင်းရောမနေဘူးလားဆိုတော့..မျက်နှာငယ်လေးနဲ့ သူငယ်တန်းပဲ တက်ခဲ့ဖူးပါတယ် အစ်ကိုလို့ ပြန်ဖြေတယ်...မေးမိတာကိုက ကျွန်တော်မှားတာ ကိုယ့်အသက်ကိုတောင် မသိတာ ဘယ်လိုလုပ်ကျောင်းသားဖြစ်နိုင်မှာ
လဲ ကျွန်တော့်ကိုယ် ကျွန်တော်လည်း ပြန်ရှက်မိတယ် မိဘကကျောင်းထားတော့ စာများတယ် အရုပ်နည်းတယ်ဆိုပြီး
ကျောင်းကို ပြီးအောင်မနေခဲ့ဘူး သူမပြောပေမယ့် ကျွန်တော်ကတော့ သိနေမိတယ် သူလည်းတခြားကလေးတွေလို ကျောင်းနေချင် ရှာပေမပေါ့ သူစိတ်ပြေအောင်ဆက်ပြောကာမှ ပိုဆိုးနေတယ် ..ညီလေးရယ် ညဘက်အားတဲ့အခါ စာလေးဘာလေးဖတ်ပေါ့လို့ အားပေးကာမှ ...ညဘက်ဆိုရင် ပိုက်ချလိုက်ရသေးတယ် မအားဘူးအစ်ကို..
ညီလေးမှာ မိဘတွေ အစ်ကိုတွေ မရှိတော့ဘူးလားဆိုတော့ ..အဖေကနေမကောင်းလို့ အိပ်ရာထဲက မထနိုင်တာ
ကြာပြီအစ်ကို ..အမေကတော့ စပါးရိတ်လိုက်နေရတယ် အစ်ကိုအကြီးဆုံးက ရွာကို စုဆောင်းရေးတွေလာတုန်းက ပါသွားတာ ဘာသတင်းမှ မကြားရတော့တာ...လို့ဆိုတော့ ကျွန်တော်လည်း ရှေ့ဆက်မမေးတော့ပါဘူး သူကဆက်ပြောတယ် ..ကျွန်တော့်အောက်မှာ ညီနှစ်ယောက်ကျန်သေးတယ် သူတို့တွေ ကျောင်းတက်နိုင်အောင်လို့ ကျွန်
တော်တို့ အနစ်နာခံရမယ်တဲ့ အင်းး သူ့စိတ်ထားလေးက လေးစားလောက်ပါတယ်
ကျွန်တော်လည်း အိမ်အတွက် ဝယ်လာတဲ့ မုန့်ကိုတဝက်ခွဲပြီးတော့ သူ့ကိုပေးပါတယ် နောက်ငွေငါးထောင်ကိုလည်း
ညီလေးအဖေအတွက် ဆေးဖိုးဆိုပြီးပေးတော့ သူကငြင်းပါတယ် .. ကျွန်တော်က ဆင်းရဲပေမယ့် သူများပစ္စည်းကို
အလကားမယူတတ်ဘူး အစ်ကို...တဲ့ ကျွန်တော်ကလည်း အတင်းပေးတော့မှ အားနာလို့သာ သူယူသွားတာပါ
ဒီကလေးဟာ ပညာမတတ်ပေမယ့် ရိုးသားတယ် သူများပစ္စည်းကို အလကားလိုချင်စိတ်မရှိဘူး အသက်ငယ်ပေမယ့်
မိသားစုတာဝန်ကို တတ်နိုင်တဲ့ဘက်က ထမ်းဆောင်တယ် အငယ်တွေအပေါ်မှာလဲ သနားငဲ့ညှာမှု ရှိတယ် ဘဝပေးမကောင်းလို့ သူ့အသားအရည်တွေက နေလောင်ပြီးတော့ မည်းနေပေမယ့် သူ့စိတ်ထားလေးက အရမ်းကို ဖြူစင်တယ် ကျွန်တော်ရော သူ့လိုစိတ်မျိုးထားနိုင်လားလို့ ပြန်မေးနေမိတယ် ဆက်ပြီ့း တွေးမိတာကတော့
ကျွန်တော်တို့ တိုင်းပြည်မှာ ပညာမတတ်တဲ့ ကလေးတွေ ဘယ်လောက်တောင် များနေပြီလဲ?
ဘဝပေးမကောင်းလို့ ဆင်းရဲပြီးတော့ ပညာမတတ်တဲ့ ကလေးတွေ နောင်တချိန်မှာ လမ်းမှားကို မရောက်ပါဘူးလို့ ဘယ်သူ အာမခံနိုင်လဲ? ဒီကလေးတွေရဲ့ ဘဝကို ကံတခုတည်းကို အပြစ်ပုံချရင် သင့်တော်ပါ့မလား?
အခု ဒီကလေးဘဝထက် ဆိုးတဲ့ ကလေးတွေရော ဘယ်လောက်တောင် များနေပြီလဲ?
ဒီအကြောင်းတွေကို ဘယ်သူ့ကို တိုင်ပင် ပြောပြသင့်သလဲ? (သူကြီးကို ပြောပြရင်လည်း တော်ကြာ နွားရှေ့ထွန်ကျူးတယ်
လို့ပြောနေမှာစိုးလို့ ...သူကြီးနဲ့ ဒီစကားပုံကသာ အလိုက်ဖက်ဆုံးပါ)
နောက်ဆုံးတော့ ကျွန်တော်တယောက်တည်း တိုးတိုးလေး ဆုတောင်းနေမိပါတော့တယ်...........

Sunday 10 April 2011

လူ့အလို နတ်မလိုက်နိုင်

ဒီစကားလေးကိုလူတိုင်းနီးပါး ကြားဘူးကြမယ်ထင်ပါတယ် ဘာကြောင့်ဒီစကား ဖြစ်လာတယ်ဆိုတာဆက်ပြောပြမယ်

တခါတုန်းကအလွန်ကို တန်ခိုးကြီးတဲ့ နတ်သမီးတပါးရှိတယ် သူက လူတွေရဲ့အလိုကိုဘာကြောင့်နတ်တွေက မဖြည့်ဆည်း
နိုင်ရမလဲလို့စဉ်းစားမိတယ် ဒါကြောင့်သူကလူတွေရဲ့အလိုကို ဖြည့်ဆည်းမယ်လို့ ဆုံးဖြတ်လိုက်တယ်
ဒီအချိန်မှာပဲ တိုက်ဆိုင်စွာ လူ့ပြည်က ဘိန်းစားတယောက်မှာ ဘိန်းစားဖို့ ဘိန်းကုန်သွားတယ် ဘိန်းစားကလည်း
ဒီအချိန်မှာ ဘိန်းစားရရင် ကောင်းမှာလို့တွေးမိတယ် ဒါနဲ့နတ်သမီးကလည်း ဘိန်းစားအတွက် ဘိန်းကိုဖန်တီးပေးလိုက်
တယ် နောက်ထမင်းစားချင်ရင် တောင်းတလိုက် ရောက်လာ လိုချင်တာမှန်သမျှကို တောင်းတတိုင်းရောက်လာတော့
ဘိန်းစားကလည်း တွေးမိတယ် သူ့ကိုနတ်တွေမနေတာလို့လေ ဒါနဲ့ဘိန်းစားက သူ့ကိုမတဲ့နတ်ကို မြင်ချင်ပါတယ်လို့တောင်းတလိုက်တယ်
နတ်သမီးကလည်းကိုယ်ထင်ပြရတာပေါ့ နတ်သမီးဆိုတာ တအားချောတာလေ ဒါနဲ့ဘိန်းစားကလည်း နောက်ဆုံးအနေနဲ့
နောက်ဆုံးတခုကိုတောင်းတလိုက်ပါတယ် သူတောင်းတာက ဒီလို...

အခုသူ့ကိုကူညီနေတဲ့ နတ်သမီးကို မယားအဖြစ်နဲ့ပေါင်းသင်းချင်တယ်လို့လေ(လူဆိုး)
နတ်သမီးလည်း တခါတည်းလန့် ပြီးတော့ နတ်ပြည်ကိုပြန်သွားရော



ဒီလိုပါပဲ လောကကြီးမှာ လူတိုင်းရဲ့ဆန္ဒကို လိုက်ဖြည့်ဆည်းပေးဖို့ဆိုတာ တကယ်မလွယ်ပါဘူး ပူတော့လည်းပူလို့
အေးတော့လည်းအေးလို့ သဘာဝကိုတောင်လိုက်စိတ်တိုတဲ့သူတွေရှိပါတယ် သဘာဝကို သဘာဝ အတိုင်းလက္ခံလိုက်
တာအကောင်းဆံုးပါ.......

ယုံလို့တော့ မပုံလိုက်နဲ့နော်

တခါတုန်းကပေါ့ဗျာ သူငယ်ချင်းနှစ်ယောက် တောထဲကို ထင်းသွားခုတ်ကြတယ် ထင်းခုတ်လို့အပြန်မှာ ညောင်ပင်ကြီး
တပင်အောက်ကိုရောက်တော့ ခဏနားရင်းနဲ့ ပါလာတဲ့ ထမင်းထုပ်ကိုစားကြတာပေါ့ ဒီအချိန်မှာ ပထမသူငယ်ချင်းက ထမင်းမစားခင်
ထမင်းကိုညောင်ပင်စောင့်နတ်ကို အရင်ပင့်ကျွေးပါတယ် ပသတယ်ပေါ့ဗျာ ဒုတိယသူငယ်ချင်းကတော့ ဒီအတိုင်းစားလိုက်တယ်
ထမင်းစားပြီးတော့ တရေးတမော အိပ်ကြတာပေါ့ မအိပ်ခင်မှာ ညောင်ပင်စောင့်နတ်ကို ပသတဲ့ ပထမသူငယ်ချင်းက ညောင်ပင်
စောင့်နတ်ကို တိုင်တည်လိုက်ပါတယ် သူအိပ်နေတဲ့အခါမှာ သူ့ကိုစောင့်ရှောက်ပါလို့ တိုင်     တည်လိုက်ပါတယ် တောထဲဆိုတော့ သူလည်း
ကြောက်တာပေါ့ ဒုတိယသူငယ်ချင်းကတော့ ဒီအတိုင်းအိပ်လိုက်တယ် သူတို့နှစ်ယောက် အိပ်ပျော်သွားတဲ့အခါမှာ
ကျားကြီးတကောင်က သူတို့အနားကိုရောက်လာပါတယ် ဒါနဲ့ကျားကြီးက ဒုတိယသူငယ်ချင်းကိုစားမလို့ ပြင်လိုက်တယ်
ဒီအချိန်မှာ ညောင်ပင်စောင့်နတ်က ကျားကြီးကိုတားလိုက်ပါတယ် ကျားကြီးသူ့ကိုမစားနဲ့ သူကငါ့ကိုဘာမှ မပြောထားဘူးစားချင်ရင်
ပထမသူငယ်ချင်းကို စားလို့ပြောလိုက်တယ် သူကငါ့ကိုအပ်ထားတာ သူ့ကိုငါပိုင်တယ် ဒါနဲ့ကျားလည်း ပထမသူငယ်ချင်းကို စားပြီး
တောထဲကိုပြန်သွားရော အားကိုးတကြီးနဲ့ ယုံလို့အပ်ထားတဲ့ သူသာအစားခံလိုက်ရတယ်

ဒီမှာကျနော် ပြောချင်တာက ယုံတိုင်းလည်းကောင်းတာ မဟုတ်ဘူးဆိုတာကိုပါ

ဒီအကြောင်းအရာလေးက ကျနော့်ဘဝနဲ့ အများကြီးကိုတိုက်ဆိုင်ပါတယ် သူငယ်ချင်းတို့ကိုလည်း ကျနော်လိုမဖြစ်အောင်
သတိပေးချင်တာလေးပါ
ဘုရားဟော စကားလေးတခွန်းရှိပါတယ်

( အတ္တာဟိ အတ္တာနော နာထော) ဆိုတာလေးပါ...

မေမေ့ထံသို့ အိတ်ဖွင့်ပေးစာ

မေမေ  သားရိုသေစွာ စာရေးလိုက်ပါတယ် မေမေနေကောင်းတယ်နော် သားလည်းနေကောင်းပါတယ်
မေမေပို့သသော မေတ္တာတွေကြောင့်ပါ မေမေကိုသား ဝမ်းသာစရာ စကားပြောရအုံးမယ် သားလေအခု ဂစ်တာမတီးတော့ဘူး ဆေးလိပ်လည်း မသောက်တော့ဘူးမေမေ ဆေးလိပ်ကတော့ တယောက်သောသူကို
မသောက်တော့ပါဘူးလို့ ဂတိပေးထားလို့ပါ ဂစ်တာကတော့ တီးလိုက်တိုင်းမျက်ရည်ကျရလို့ပါ အခုဆိုရင်ဂစ်တာကို
သူများကိုပေးလိုက်ပါပြီ သားမျက်ရည်မကျချင်တော့ဘူး မေမေ
      သြော်ဒါနဲ့မေမေ သားလေ ဟိုတလောက ဒီမလေးရှားမှာပြုလုပ်တဲ့ ဘုန်းကြီးကျောင်းသစ် ဖွင့်ပွဲကိုသွားပြီး
တော့ ကုသိုလ်ကောင်းမှုတွေ အများကြီးလုပ်ခဲ့ပါတယ်မေမေ မေမေသာဓုခေါ်ပါနော် အရင်ဘဝပေါင်းများစွာက
တော်စပ်ခဲ့ဖူးသော ဘိုးဘွားမိဘဆရာသမားဆွေမျိုးမိတ်ဆွေသူငယ်ချင်းများနှင့် ယခုဘဝမှာတော်စပ်နေသော
ဘိုးဘွားမိဘဆရာသမားဆွေမျိုးမိတ်ဆွေသူငယ်ချင်းတွေကို ရည်စူးပြီးတော့ သံဃာတော်တွေအတွက် RM 200
လှူဒါန်းခဲ့ပါတယ်မေမေ သံဃာဆိုတာ ဟိုးအရင်တုန်းက ရှိခဲ့ဖူးသောသံဃာနဲ့ နောက်နောင်မှာ ပေါ်ထွက်လာမယ့်
သံဃာကိုပြောတာပါ ရဟန္တာတွေအထိကိုပါပါတယ် မေမေပြောပြထားလို့ သားသိတာပါ
    နောက်သားကို ညာသွားတဲ့သူတွေအတွက် ဘုရားမှာ သစ်သီးလှူခဲ့ပါတယ် နောက်တယောက်သောသူအတွက် တရားပွဲမှာ ပန်းအလှတအိုးထိုးပြီးတော့ လှူခဲ့ပါတယ်မေမေ ဝဋ်ကြွေးရှိရင်
ဒီဘဝနဲ့သာကျေပါစေလို့ ဆုတောင်းခဲ့ပါတယ် သားအတွက်ကတော့ ဝေယာဝစ္စ ကုသိုလ်ယူခဲ့ပါတယ်မေမေ
မေမေ သားတကိုယ်ကောင်းမဆန်ခဲ့ပါဘူးနော်
    မေမေ့ကို သားကျေးဇူးတင်တဲ့အကြောင်းလေး ပြောပြချင်ပါတယ် မုသားဆိုရင် ရယ်စရာတောင်မပြောနဲ့လို့
မေမေသားကို ဆုံးမခဲ့တယ်နော် သားအမြဲမှတ်ထားပါ့မယ် သားပညာမတတ်ပေမယ့် သားတို့ဘဝဟာ ဆင်းရဲပေမယ့် သားကျေနပ်တယ် မေမေ အခုသားကိုညာသွားတဲ့သူတွေက ပညာတတ်တွေလေ အရင်ကတော့
ပညာတတ်တွေကို သားအထင်ကြီးမိပါတယ် အခုတော့...  သားတို့ကိုးကွယ်တဲ့ ဗုဒ္ဓမြတ်စွာဘုရားဟောထားပါ
တယ် လောကမှာပညာသာလျှင် တန်ဖိုးအရှိဆုံးလို့ သားလက္ခံပါတယ် ဒါပေမယ့် တတ်ထားတဲ့ပညာကို တလွဲအသုံးချတာတော့ မကောင်းဘူးပေါ့
  ကင်းဝန်မင်းကြီး ဦးကောင်းဆိုတာလေ သူခေတ်တုန်းကတော့ ပညာတတ်,ပညာရှိကြီးပေါ့ ဒါပေမယ့် သူ့ပညာ
ကို တလွဲ အသုံချခဲ့လို့ ..အကုန်လုံးသူ့ကြောင့်မဟုတ်ပေမယ့် ကျွန်တော်တို့ သူ့ကျွန်ဘဝရောက်ရတာ သူ့စနက်
မကင်းဘူးမေမေ လင်္ကာလေးတောင်ရှိပါသေးတယ် ဦးကောင်းလိမ်ထုတ် သီပေါပြုတ်ဆိုတာလေ ရာဇဝင်တွေကို
သားပြန်မပြောချင်တော့ဘူး မေမေ
  နောက်ဘဝတွေများမှာ လူ့ဘဝကိုရမယ်ဆိုရင် မေမေ့သားပဲဖြစ်ချင်ပါတယ် သားကိုလိမ္မာအောင်ဆုံးမပေးလို့ပါ
ဒါပေမယ့်တခုတော့ တောင်းဆိုခွင့်ရရင် တောင်းဆိုချင်ပါတယ် လူတွေကို အလွယ်တကူ ယုံတတ်တဲ့စိတ်ရယ်,
တအားချစ်တတ်လွန်းတဲ့ အသဲနှလုံးတစုံရယ်ကိုတော့ ထည့်မပေးလိုက်ပါနဲ့ သားတကယ်ခံစားရလို့ပါ
    သားကိုဘယ်တော့ ပြန်လာမလဲလို့ မေမေမေးတယ်နော် သားလဲပြန်လာချင်တာပေါ့ ဒီမှာကြက်သား ဝက်သားကို နေ့တိုင်းစားနိုင်ပေမယ့် မေေ မ့ လက်ရ်ဖြစ်တဲ့ ချဉ်ပေါင်ရွက်ဟင်းနဲ့ ငပိရည်တို့စရာကို သားဘယ်တော့
မှမမေ့ပါဘူး နောက်စစ်မှုထမ်းရမယ် ဆိုတဲ့သတင်းကိုလဲ သားကြားနေရတယ်မေမေ  မေမေသိပါတယ် သားငယ်ငယ်က ကစားတာတောင် စစ်တိုက်တမ်းမှ ကစားတာပါ စစ်သားဆိုတာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပါ
(အရင်တုန်းက) အခုတော့မေမေ သားတမြေတည်းမှာနေ တရေတည်းသောက်နေကြတဲ့ ညီအကိုတွေကို ပြန်မတိုက်နိုင်ဘူးမေမေ ဘာကြောင့် စည်းလုံးညီညွတ်ရေးကို မရှာကြတာလဲမေမေ သားလေအခု ရေကိုတောင်
စစ်သောက်စရာမလိုတဲ့ ရေသန့်ကိုဝယ်သောက်တယ် မေမေ နောင်တချိန်မှာ တရားအားထုတ်မယ်ဆိုရင် စစ်ကိုင်းတောင်ရိုးကို မသွားဘူးမေမေ တခြားနေရာမှာပဲ တရားအားထုတ်မယ် သားလေအခု ယောနိသော မနသိကာရ ကိုနှလုံးသွင်းတတ်လာပါပြီ
သားစာတွေကို ဖတ်လိုက်ရလို့ စိတ်ပျက်သွားပြီလားမေမေ မပျက်ပါနဲ့မေမေနော် တနေ့ကျတော့ မေမေ့ရင်ခွင်ဆီကို သားပြန်လာမှာပါ မေမေ့ကျေးဇူးတွေကို သားဆပ်ချင်ပါသေးတယ်  သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ
 လို့ဆိုတဲ့အတိုင်း မေမေ့ကိုရဟန်းဘဝနဲ့လည်း ကျေးဇူးဆပ်ချင်ပါသေးတယ် သားစာရေးတာ တော်တော်လည်း
ရှည်သွားပြီ သားမနက်ဖန် အလုပ်ရှိသေးတယ်မေမေ သားအိပ်တော့မယ်နော် မေမေလည်း ကျန်းမာရေးကိုဂရု
စိုက်ပါ လူတယောက် ကျန်းမာစွာအသက်ရှင်နိုင်ဖို့က ကံ, စိတ်,ဥတု,အာဟာရ နဲ့ဆိုင်တယ်မေမေ သားပြောချင်တာကို မေမေသိပါတယ် သားလည်းဂရုစိုက်ပါ့မယ်   မေမေကျန်းမာပါစေလို့ အမြဲဆုတောင်လျှက်


                  မေမေ့ကိုချစ်သောသား......

ဒါမျိုးတွေ မဖြစ်ပါစေနဲ့

ကျွန်တော်ဒီသတင်းလေးကို မနေ့မှသိလိုက်ရတယ်  ပြောရမယ်ဆိုရင်တော့ သူက ကျွန်တော်တို့ထက် စီနီယာကျပါတယ်
       သူငယ်ချင်းတို့သိမှာပါ မလေးက (KLIA) လေဆိပ်ကို သူတို့တွေလုပ်ခဲ့ကြတာပါ သူမလေးကိုရောက်တာ ၁၉၉၅ လောက်ကထင်ပါတယ်
အခုတော့ ဒီမလေးမှာ ဆုံးသွားပါပြီ ဆုံးတာတောင် သူ့ကို သရဏဂုံမတင်ပေးလိုက်နိုင်ပါဘူး သူဆုံးတော့ အိမ်မှာဆုံးတာပါ ဒါပေမယ့် သူ့မှာလဲ ဘာမှမရှိ သူ့သူငယ်ချင်းတွေမှာလဲ ဘာမှမရှိတော့ လမ်းဘေးမှာသွား ပြစ်ထားလိုက်ရပါတယ် တော်တော်လေးကိုရင်နာစရာ ကောင်းပါတယ် သူကောင်းတဲ့အချိန်တုန်းက တကယ်တော်ပါတယ် ကားလောကမှာ မသိတဲ့သူမရှိသလောက်ပါ သူဌေးတွေကလဲ သူကိုသဘောကျပါတယ် ဒီမလေးမှာ ကားမောင်းတယ်ဆိုတာ မောင်းတတ်ရုံလောက်နဲ့တော့ မဖြစ်ပါဘူး တာယာလဲလုပ်တတ်ရပါတယ် ကားလဲပြင်တတ်ရပါတယ် ဒါမှသူဌေးက သဘောကျတာပါ သူကတော့ ကားပြင်တာကိုပါတော်ပါတယ်  နောက်တော့.........
         နောက်ပိုင်းကျတော့ အရက်ကစတာပါပဲ သူဘယ်လောက်အထိ သူသောက်သလဲဆိုရင် ဒီမလေးမှာထုတ်တဲ့ club 99  ကိုရေမရောပဲနဲ့
ပုလင်းကြီးတလုံးကို တခါတည်းသောက်နိုင်ပါတယ် အဲအရက်ကို မီးရှို့လိုက်ရင်မီးလောင်ပါတယ် နောက်ကျတော့ အရက်တင်မကတော့ပါဘူး
အဖြူရော ရေခဲရော သုံးရော ငါးရော မူးယစ်ဆေးမှန်သမျှကို အကုန်လုပ်တော့တာ သူ့အိမ်ကိုပေးစရာမလိုတော့ ဒီမှာ စိတ်ထင်တိုင်းနေချင်
သလိုနေတော့တာ သူ့အိမ်ကလဲ ချမ်းသာပါတယ် သူ ဒီ ကိုလာတာ ဒီမှာသေမလို့လာသလိုဖြစ်နေပါတယ် မိဘတွေကတော့ ဘယ်လိုဖြေမလဲ
မသိဘူး သားတယောက်ကို ဆုံးရှုံးလိုက်ရတာပါ
       ဒီမလေးမှာ ပျင်း, ပျော် , ပျက် ဆိုတဲ့စကားရှိပါတယ် ပထမရောက်ကာစကတော့ ပျင်းနေကြပါတယ် ဘယ်မှမသွားတတ် မလာတတ်နဲ့
နောက်စကားကလဲမတတ်သေးတော့ ပျင်းပါတယ် နောက်တော့ သွားတတ်လာတတ် စကားလဲတတ်လာတော့ ပျော်လာပါတယ် နောက်ဆုံးကျတော့ လူလည်ဖြစ်လာတော့ အပေါင်းအသင်းကစုံလာရော အဲမှာ မိမိကိုယ်ကို ကောင်းကောင်းမထိန်းနိုင်ရင်တော့ ပျက်တော့တာပါပဲ ဒါမျိုးတွေဖြစ်နေကြတာ အများကြီးပါ ယောက်ျားလေးတွေတင် မဟုတ်ပါဘူး မိန်းကလေးတွေလည်း ပျက်ဆီးနေတာ
အများကြီးပါ (မိန်းကလေးတွေအကြောင်းကိုနောက်မှရေးပါမယ်) သူတို့တတွေ မူလကလာရင်းရည်ရွယ်ချက်တွေ ပျောက်နေကြပါတယ်
သူတို့ပျက်ဆီးတာက သူတိုတင်မဟုတ်ပါဘူး မြန်မာလူမျိုး မြန်မာနိုင်ငံသားတွေကိုပါ သိက္ခာကျစေပါတယ်
      နောက်မလေးမှာ စကားတခွန်းရှိပါသေးတယ် အရင့်အရင်က နောင်တော်တွေပြောကြားခဲ့တာပါ (ဖ) လေးလုံးကိုလွတ်အောင်ရှာင်ဖို့ပါ
ပထမ(ဖ) ကတော့ဖုန်းပေါ့ဗျာ ဒီမှာဖုန်းလိုင်းကပေါပါတယ် ဖုန်းကသာဈေးကြီးတာ အသစ်တွေကိုပြောပါတယ် အသစ်တွေဆိုတာကလည်း လတိုင်းအသစ်ကထွက်နေတော့ ဖုန်းနောက်ကိုလိုက်ရင်း အိမ်ကိုငွေမပို့နိုင်တာတွေရှိပါတယ် ဒါကတော့ ဒီလောက်ပြဿနာမကြီးသေးပါဘူး
နောက်(ဖ)ကတော့ ဖဲလေ သိတယ်ဟုတ် စနေနေ့ညဘက်ဆိုရင် ဖဲဝိုင်းတွေက မြန်မာတွေများတဲ့နေရာနီးပါးတိုင်း ရှိပါတယ် အကုန်လုံးကိုမဆိုလိုပါဘူး ဖဲကြောင့်စီးပွားပျက်နေတာ အများကြီးရှိပါတယ် ဖဲတခုတည်းကိုပြောတာမဟုတ်ပါဘူး ဟိုးအရင်ဆိုရင် (၂၀၀၀-၀၁) အထိလောက်ကို ဂိမ်းဆိုင်တွေရှိပါတယ် အဲဒီမှာလဲစီးပွားပျက်တာ တပုံကြီးပါပဲ လောင်းကစားဆိုရင် ဘယ်ဟာကမှမကောင်းပါဘူး
နောက်(ဖ) ကတော့ မကောင်းတဲ့မိန်းမ လိုက်စားတာပါ ဒီမှာလဲပေါပါတယ် ဒါကတော့ လူညွှန့်တုံးမယ်ကိစ္စပါ ကုရာနတ္ထိဆေးမရှိသေးပါ
တချို့တွေကျတော့ ပါလာသမျှပိုက်ဆံကို အခိုးခံလိုက်ရတာပါ အပြန်လမ်းစရိတ်တောင်မကျန်ပါဘူး ရှောင်တာအကောင်းဆုံးပါ
နောက်(ဖ)ကတော့ နံပါတ်ဖိုးပါ နံပါတ်ဖိုး ဆိုပေမယ့် မူးယစ်ဆေးဝါးအားလုံးနဲ့ သက်ဆိုင်ပါတယ် မြန်မာတွေကိုယ်တိုင်ရောင်းတာတွေတောင်ရှိပါတယ် ဟိုတလောက ဆေးရောင်းတဲ့မြန်မာနိုင်ငံသားတယောက်ကို မလေးရဲတွေက အသေပစ်ဖမ်းလိုက်တာကို သတင်းစာထဲမှာဖတ်လိုက်ရပါသေးတယ် ဒီမှာကတော့ မူးယစ်ဆေးဝါးအမှုကို သေဒဏ်အထိပေးပါတယ်
    ကျွန်တော်ဒီအကြောင်းတွေကို ဆရာလုပ်ရေးနေတာ မဟုတ်ပါဘူး အထက်မှာကျွန်တော်ပြောခဲ့တဲ့ လူလိုဖြစ်မှာစိုးလို့ စေတနာနဲ့ပြောတာပါ  မင်းကတော့ ရေးနေပြီး မင်းကရောဒါတွေနဲ့ ကင်းသလားလို့မေးရင်တော့  ဟုတ်ကဲ့မကင်းတာတွေရှိပါတယ် ဒါပေမယ့် ကျွန်တော်ကတော့ မကောင်းတာကိုလုပ်ချင်လာရင် သတိတရားလေးနဲ့ထိန်းပေးပါတယ် နောက်ကျွန်တော့် မိဘတွေမျက်နှာကို
ပြန်ကြည့်ပါတယ် နောက်ကျွန်တော့်ချစ်သူမျက်နှာကို ပြန်ကြည့်ပါတယ် ဒါဆိုရင် တော်တော်လေးကို ဆင်ခြင်နိုင်သွားပါပြီ။

အားလုံးသောသူငယ်ချင်းများ မကောင်းမှုမှကင်းဝေးနိုင်ပါစေ။           ။

လုပ်နေတုန်း

ကျွန်တော်တို့ ရွာက ကာလသားဂေါင်းလေ နာမည်က ကိုဖိုးထောင်ပေါ့  မနက်စောစော သူ့အဖေက လှမ်းခေါ်လိုက်တာ "ဟေ့.. ဖိုးထောင်ရေ" လို့ အသံကြားရင် အခုထိလန့်နေတုန်း နေ့လည်ဘက် ထမင်းစားချိန် သူတို့အိမ်ရှေ့ရောက်လို့ "ကိုဖိုးထောင်ရေ ထမင်းစားပြီးပြီ
လား " လို့ မေးလိုက်ရင် "အေးကွ  စားမလို့ လုပ်တုန်း"...  ညနေပိုင်း လယ်ထဲဆင်းမလို့ သူတို့အိမ်အရှေ့က ဖြတ်အသွား "ကိုဖိုးထောင်ရေ
လယ်ထဲမဆင်းသေးဘူးလား" လို့မေးလိုက်ရင် " အေးကွ ဆင်းမလို့ လုပ်နေတုန်း"  ဒါက သူ့ရဲ့ ပုံမှန်ဖြေနေကျ အဖြေ ဘာကိုမေးမေး " အေး
ကွ....လုပ်တုန်း" က အနောက်ကနေ ကပ်ပါလာပြီးသား  ကိုဖိုးထောင်က သဘောလဲ ကောင်းပါတယ် နောက်မိဘတွေကလဲ တတ်နိုင်တဲ့
မိဘတွေလေ မတတ်နိုင်ရှိမလားဗျ သူ့အဖိုးက ကောင်စီခေတ်တုန်းက ဥက္ကဋ္ဌ.. သူ့အဖေကျတော့ ခါတော်မှီ သူကြီးလေ သားကျတော့ ကာ
လသားဂေါင်းဖြစ်တာ ဆန်းသလား 
       ဆန်းတာကတော့ မပြောနဲ့ ရွာထဲက အပျိုချောချောလေးတွေ ပျောက်ရင် ကိုဖိုးထောင်လဲ ကွင်းထဲမှာ ရှိတဲ့ လယ်တဲကနေ ရွာကိုပြန်ကို
ပြန်မလာတော့ဘူး  အမှန်ကတော့ တခြားကောင်လေးနဲ့ လိုက်ပြေးတာ မသိတဲ့သူတွေဆိုရင် ကိုဖိုးထောင်နဲ့ပဲ လိုက်ပြေးသလိုလို ထင်အောင်
တမင် ပုန်းနေတာလေ ကိုဖိုးထောင်က အဲလိုမျိုး နောက်ရှိသေးတယ် ကိုဖိုးထောင် ရည်းစားစကား လိုက်ပြောတဲ့ ကောင်မလေးမှန်သမျှ သိပ်
မကြာခင် အကုန် ယောက်ျားရကုန်တာပဲ  အဲလောက်တောင် စွံတာလေ တခါမြို့ကို ဈေးဝယ်ဖို့ လွှတ်လိုက်ပါတယ် အထည်ဆိုင်မှာ ပေလကပ်
ပုဆိုးမေးတာ မရှိဘူးပြောလို့ စိတ်တိုပြီးပြန်လာတယ်လေ သူလိုချင်တာက ပလေကပ် ပုဆိုး သူမေးတာက ပေလကပ် ဘယ်မှာ ရှိပါ့မလဲ ...
နောက် မျိုးစေ့ရောင်းတဲ့ဆိုင်မှာ ပလက်တီနမ် သွားမေးတယ်လေ သူ့အိမ်ကမှာလိုက်တာ ပူစီနမ်မျိုးစေ့ ကဲ သိပ်တော့ မလွဲပါဘူးနော်
     ရွာထဲမှာ အလှူအတန်းဆိုရင်တော့ အားကိုးရပါတယ် သာရေး နာရေး သူမပါရင် မပြီးပါဘူး တခါက ရွာကဘုရားပွဲမှာပေါ့ စတိတ်ရှိုးပါ
ပါတယ် မြို့ပေါ်က တီးဝိုင်းကိုခေါ်ပြီး ရွာက ဖိုးဆိုချင်တို့ မဆိုချင်တို့ ဆိုကြတဲ့ပွဲပေါ့ သီချင်းတပုဒ် ဆိုရင်တော့ တစ်ထောင်ပေးရပါတယ် ဒါ
မှလည်း တီးဝိုင်းခကျေမှာကို သူများတွေကတော့ အများဆုံး နှစ်ပုဒ်လောက်ပဲ ဆိုနိုင်ပါတယ် ကျွန်တော်တို့ ဇာတ်လိုက်ကျော်ကြီးကတော့
ဆယ်ပုဒ်တောင်ဆိုလိုက်တယ်  ဒါပေမယ့် သူဆိုတာ တပုဒ်မှ သီချင်းမပြီးဘူး သီချင်းကို အစအဆုံးတပုဒ်မှ မရတာ နောက်တပုဒ်တော့
ဆုံးအောင် ဆိုနိုင်ကောင်းပါရဲ့ နောက်တပုဒ်တော့ ဆုံးအောင်ဆိုနိုင်ကောင်းပါရဲ့နဲ့ ဆိုလာလိုက်တာ ဆယ်ပုဒ်ပြည့်မှပဲ ရပ်တော့တယ်  ဒါ
တောင် တီးဝိုင်းက သိမ်းလိုက်လို့ မသိမ်းရင် ဆက်ဆိုအုံးမလား မသိဘူး
    အခုတလော ရွာကိုအသစ်ပြောင်းလာတဲ့ မူလတန်းပြ ဆရာမလေးကို ကိုဖိုးထောင်သွားပိုးနေတာ တရွာလုံးသိတယ်  ရွာကလူတွေက
လည်း ဆရာမလေးနဲ့ ကိုဖိုးထောင်ကို ဖြစ်စေချင်ကြပါတယ် ဒါမှ ဆရာမလေးလည်း ရွာမှာမြဲမယ် ရွာကအပျိုတွေလည်း အေးဆေးနေ
ရမယ်ပေါ့ တချက်ခုတ် နှစ်ချက်ပြတ်လေ ဒီလိုနဲ့ ရွာကလူတွေ အလှော်ကောင်းလို့ ဆရာမလေးနဲ့ ကိုဖိုးထောင်တို့ မင်္ဂလာပွဲလည်း အောင်
မြင်စွာ ပြီးဆုံးသွားတာပေါ့ဗျာ ဆရာမလေးကလည်း ကိုဖိုးထောင်အကြောင်းကို အသေအချာ စုံစမ်းပြီးမှ ယူတာပါ နည်းနည်းလေး ကျပ်
မပြည့်တာကလွဲရင် ဆေးလိပ်မသောက် အရက်မသောက် အပျော်အပါးကင်းတော့ ယူမယ်ဆိုရင်လဲ ယူပျော်ပါတယ်
ကျွန်တော်တို့တွေက အကြောင်းသိတွေဆိုတော့ မင်္ဂလာဦးည သူတို့ အိပ်ကာနီးအချိန်လောက်ကို သူတို့ အိမ်ရှေ့သွားပြီးတော့
“ ကိုဖိုးထောင်ရေ မအိပ်သေးဘူးလား ”လို့ သွားမေးတာ ဆရာမပြန်ဖြေတဲ့ “ အိပ်တော့မှာလို့ ” အသံကိုပဲ ကြားလိုက်ရတယ် အမှန်ကတော့ ကိုဖိုးထောင်က ဖြေမလို့ပါ ဆရာမက အတင်း ကိုဖိုးထောင်ပါးစပ်ကို ပိတ်ပြီးဖြေလိုက်လို့သာ ကိုဖိုးထောင် ဖြေတာကို မကြားလိုက်ရတာ
     တကယ်လို့ ကိုဖိုးထောင်သာ ပြန်ဖြေမယ်ဆိုရင် ဘယ်လိုအဖြေမျိုး ထွက်လာမလဲ မသိဘူးနော်....????????

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes